Yangon Region Public Transport Committee -YRTC

Yangon Region Public Transport Committee -YRTC

Share

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူ?

Photos from Yangon Region Public Transport Committee -YRTC's post 23/06/2026

နိုင်ငံတော်သမ္မတလမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ညွှန်ကြားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ရက် ၁၀၀ စီမံကိန်းပါ လုပ်ငန်းစဉ်အဖြစ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ၂၀-၆-၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ သာသနာ့ဗိမာန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)မှ လက်ထောက်မန်နေဂျာ ဦးသူရိန်မိုး၊ အမှတ်(၆၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကျော်စိုးဝင်း နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း) ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်ထွန်းတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး ပြည်သူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

11/06/2026
Taxi Fare Survey Questionnaire CNG / Diesel / EV Taxi ယာဉ်စီးခ စံသတ်မှတ်နိုင်ရေး စစ်တမ်း 02/06/2026

City Taxi ယာဉ်စီးခနှုန်းထား စံသတ်မှတ်နိုင်ရေး စစ်တမ်းကောက်ယူခြင်း

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များနှင့် ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ယာဉ်စီးခ နှုန်းထားများ စံသတ်မှတ်နိုင်ရေး စစ်တမ်းကောက်ယူသွားမည်ဖြစ်ပါသဖြင့် အများပြည်သူများအနေဖြင့်

အောက်ပါ Google form တို့တွင် စစ်တမ်းများ ဖြေဆိုပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခရီးသည်ဖြစ်ပါက :

https://docs.google.com/forms/d/e/1FAIpQLSfGjpggxUrbk6BZTygJ9ec2stDNbFE2E8DGiLN4Xv965w4BLQ/viewform?usp=header

Taxi ယာဉ်မောင်းဖြစ်ပါက :

https://docs.google.com/forms/d/e/1FAIpQLSeEqRSZpONMFpySiPeoxQytDr3eg-SaZU5bQ5rdLtMa7r7lKw/viewform?usp=publish-editor

Taxi Fare Survey Questionnaire CNG / Diesel / EV Taxi ယာဉ်စီးခ စံသတ်မှတ်နိုင်ရေး စစ်တမ်း

23/05/2026

ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ စည်းကမ်းဖောက်ဖျက်သော (YBS)ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးဟောပြောခြင်း ပြုလုပ်

23/05/2026

အသိပေးအကြောင်းကြားခြင်း

YPS ဝန်ဆောင်မှုများကိုအသုံးပြုသူ လူကြီးမင်းများရှင့်

(၂၃.၅.၂၀၂၆) ရက်နေ့တွင် YPS အရောင်းကောင်တာ (ဆူးလေ)၊ YPS အရောင်းကောင်တာ (လှည်းတန်း)၊ YPS အရောင်းကောင်တာ (မြန်မာပလာဇာ) နှင့် YPS အရောင်းကောင်တာ (မြေနီကုန်း) တို့ကို ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်ရှင်။

(၂၄.၅.၂၀၂၆) ရက်နေ့တွင် YPS အရောင်းကောင်တာ (ဆူးလေ)၊ YPS အရောင်းကောင်တာ (လှည်းတန်း)၊ YPS အရောင်းကောင်တာ (မြန်မာပလာဇာ) နှင့် YPS အရောင်းကောင်တာ (မြေနီကုန်း) တို့ကို ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်ရှင်။

YPS ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက YPS ဝန်ဆောင်မှုများနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Yangon Payment Service page Messenger မှတဆင့် စုံစမ်းမေးမြန်း နိုင်ရုံသာမက Call Center Phone Number: (Hotline နံပါတ်) 09772666699 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် နံနက် (၈) နာရီ ) မှ (ညနေ(၆) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။



Photos from Yangon Region Public Transport Committee -YRTC's post 21/05/2026

နိုင်ငံတော်သမ္မတလမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ညွှန်ကြားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ရက် ၁၀၀ စီမံကိန်းပါ လုပ်ငန်းစဉ်အဖြစ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ၁၆-၅-၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသူအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေအောင်လွင်၊ မြန်မာ့အာမခံ လုပ်ငန်းရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မေသန္တာ၊ အမှတ်(၆၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးဦးအောင်ဇော်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း) ဦးစီးအရာရှိ ဦးသိန်းအေးထွန်းတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး အနှေးယာဉ်မောင်းများ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

Photos from Yangon Region Public Transport Committee -YRTC's post 15/05/2026

နိုင်ငံတော်သမ္မတလမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ဦးဆောင်မှုဖြင့် ရက် ၁၀၀ စီမံကိန်းပါ လုပ်ငန်းစဉ်အဖြစ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ ပေးဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ၁၃-၅-၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ မင်္ဂလာဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်၊ မြန်မာ့အာမခံလုပ်ငန်းမှ ဒု-အထွေထွေမန်နေဂျာ ဒေါ်မေသန္တာနှင့် အမှတ်(၆၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးမင်းဇော်ဦး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) စစ်ဆေးရေးမှူး(၃) ဦးထက်မြတ်စိုးတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး အနှေး ယာဉ်မောင်းများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

Want your business to be the top-listed Government Service in Tamwe?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon
Tamwe

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30
Sunday 09:00 - 16:30