15/06/2026
📍 21ရက်နေ့ Payap university တွင် ပြုလုပ်မည့် ကရင်နီအမျိုးသားနေ့မှာ အစားအသောက်များလာရောက်ရောင်းချသူ (10)ဆိုင်အား ဖိတ်ခေါ်ကြေညာခြင်း💁♀️🍝။
ကရင်နီအမျိုးသားနေ့တွင် 🪧ဆိုင် တစ်ဆိုင်လျှင် ဘတ် ၁၀၀၀ ဖြင့် (၁၀)ဆိုင်တိတိ လက်ခံသွားမည်ဖြစ်ပါ၍ ရောင်းချပါဝင်လိုသူများ page Cb မှာ လာရောက်စာရင်းပေးသွင်း နိုင်ပါပြီနော်📍🙌
မှတ်ချက် ။ ။ စျေးရောင်းရန် လိုအပ်သည့် ခုံများ မိမိဘာသာ စီစဉ်လာပါရန် ။
နေရာ ။Payap University (အားကစားခန်းမ) , Chiang Mai, Thailand ။
အချိန်။ နံနက် 9 ကနေ 5 အထိ။
12/06/2026
🪧20 ရက်နေ့တွင် ကျင်းပမည့် ဘောလုံးအားကစားပွဲနေ့အတွက် သတ်မှတ်ထားသော ဆိုင် အရေအတွက် (၈)ဆိုင် ပြည့်သွားပါပြီ🙌
ရရှိနိုင်တဲ့ အစာအစားလေးတွေကတော့ -
1. Lawrence Nge lay
-ကယားခေါင်ရည်
-ကြ က်ခြေထောက်
-ဂျူးမြစ်မာလာ
-ဝက်ခေါက်ဂျူးမြစ်မာလာ
-အမဲခေါက်ဂျူးမြစ်မာလာ
-သဘော်သီ:ထောင်း
-ပြောင်းဖူးထောင်း.သခွားသီးထောင်း
-အမဲအူသုပ်
-အမဲအူဟင်း။
2. အောင်လေး
- ဝက်နံရိုးမီးတောက် ၊ခေါက်ဆွဲသုတ်၊ အအေး။
3. D Gha Mhr
-အသုတ်စုံ
-ထမင်းသုတ်
-လက်ဖက်ထမင်း
-ကြာဇံချက်။
4. Soe Soe
-အချိုပွဲမူန့် ၊ မုန့်ဟင်းခါး
နန်းကြီးသုပ်။
5. Sook Took Kaew
-Coffee
- Cold Drinks ။
6. Sweety kitchen
-ဖာလူဒါ ၊စမိုင် ၊ငါးဖယ်
အစာသွပ်။
7. iora loikaw
-ဝက်အူချောင်း
-ဟင်းထုပ်
-ကယန်းဆန်ပြုတ်
-ကယန်းခေါင်ရည်။
8.May Kha Restaurant
-ဇလုံထမင်း
- ဒိန်ချဉ် ။
တို့ ရောင်းချသွားပါမယ်နော် 🍲🥤💁♀️
12/06/2026
ဖိတ်ကြားအပ်ပါသည်။
(၁၅၁) ကြိမ်မြောက် ကရင်နီ အမျိုးသားနေ့ကို ချင်းမိုင်ရှိ Payap university တွင် ပြုလုပ်သွားမည်ဖြစ်ပါ၍ ချင်းမိုင်ရှိ ကရင်နီ အသိုင်းအဝိုင်းများ နှင့် မဟာမိတ် ညီနောင်အသိုင်းအဝိုင်းများအားလုံး တက်ရောက် ပါဝင်ပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။
အချိန် ။ ။ မနက် ၉း၀၀ နာရီ မှ ည ၆ နာရီ အထိ။
နေရာ ။ ။payap university, ဘောလုံးကွင်းဘက်ခြမ်း ဟောခန်း ။
နေ့ရက် ။ ။၂၁ ဇွန်လ၂၀၂၆ (တနင်္ဂနွေနေ့)
မှတ်ချက် ။ မိမိရိုးရာဝတ်စုံ ဝတ်ဆင်လာနိုင်ပါသည် ။အခမ်းအနားမှာ ဖျော်ဖြေရေးနှင့် Miss Karenni Traditional Show လည်း ပါဝင်ကြောင်း အသိပေးအပ်ပါသည် ။ ✊
11/06/2026
⚽️ 📍20 ရက်နေ့တွင် ပြုလုပ်မည့် ဘောလုံးအားကစားပွဲအတွက် အစားအသောက်များလာရောက်ရောင်းချသူ (8) ဆိုင်အား ဖိတ်ခေါ်ကြေညာခြင်း💁♀️🍝။
🪧ဆိုင် တစ်ဆိုင်ကို ဘတ် 800 ဖြင့် (၈)ဆိုင်တိတိ လက်ခံသွားမည်ဖြစ်ပါ၍ ရောင်းချပါဝင်လိုသူများ page Cb မှာ လာရောက်စာရင်းပေးသွင်း နိုင်ပါပြီနော်📍🙌
မှတ်ချက် ။ ။ စျေးရောင်းရန် လိုအပ်သည့် ခုံများ မိမိဘာသာ စီစဉ်လာပါရန် ။
နေရာ ။ Dream Star Academy, Chiang Mai, Thailand ။
အချိန်။ နံနက် ၁၀ ကနေ ၆ ထိ။
09/06/2026
✊ကရင်နီအမျိုးသားနေ့အတွက် ချင်းမိုင်ရှိ ဘောလုံးဝါသနာပါသူ အသင်းများအားဖိတ်ခေါ်အပ်ခြင်း(ကျား/မ) ✊
📍ဒီလာမဲ့ 20ရက်နေ့ (စနေနေ့)တွင် ကရင်နီအမျိုးသားနေ့ အတွက် ချစ်ကြည်ရေး ဘောလုံးအားကစားပွဲလေးအား ပြုလုပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါရျ် ပါဝင်ကစားလိုသည့်အသင်းများအား KCCT page တွင် လာရောက်စာရင်းပေးသွင်းနိုင်ပါပြီဗျ။
အချိန် - နံနက် (10 ကနေ ည 6)အထိ။
နေရာ - Dream Star Academy Football ⚽️
နေ့ရက် - 20 ရက်နေ့ (စနေနေ့)
ဆက်သွယ်ရန် ဖုန်းနံပါတ် - 0627792633။
မှတ်ချက် - ၁၆ ရက်နေ့ နောက်ဆုံးထား၍ စာရင်းသွင်းပေးပါရန်။
29/05/2026
🚨အရေးပေါ် အသိပေးကြေညာချက်🚨
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
မေလ (၃၀) ရက်နေ့တွင် ချင်းမိုင်မြို့၌ ပြသရန် စီစဉ်ထားသော “The Ex*****on” Film နှင့်ပတ်သက်၍ ပြသမည့်နေရာတွင် အရေးပေါ်အခက်အခဲအချို့ ဖြစ်ပေါ်လာသဖြင့် ပြသချိန်ကို ပြောင်းလဲသတ်မှတ်လိုက်ရကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။🙏
“The Ex*****on” Film ကို
**ညနေ (၇း၃၀) နာရီ** တွင် စတင်ပြသသွားမည်ဖြစ်ပြီး၊
ယခုအကြိမ်တွင် **တစ်ချိန်တည်းသာ** ပြသနိုင်မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။🙏
ယခုလို အရေးပေါ်ပြောင်းလဲမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ပေးကြလိမ့်မည်ဟု မျှော်လင့်ပါသည်။🙏
လက်မှတ်များကို ဆက်လက်လာရောက်ဝယ်ယူနိုင်ပါသေးတယ်ခင်ဗျာ။
ရက်စွဲ ။ မေလ (၃၀) ရက်နေ့၊ ၂၀၂၆ (စနေနေ့)
အချိန် ။ ည (၇း၃၀) နာရီ
နေရာ ။ Hug Rommai Café, Hang D**g
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။🙏
28/05/2026
ရုပ်ရှင်ပြဖို့ ရက်နီးလာပါပြီနော် ရုပ်ရှင်လက်မှတ်လေးတွေ လာအားပေးရင်း တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာ ပါဝင်ကြပါနော်
ကမ္ဘာတဖက်မှာ ပျော်နေချိန်… နောက်တဖက်မှာတော့ အိုးအိမ်တွေ မီးလောင်ပြင်ဖြစ်ပြီး ပြေးလွှားနေရတဲ့ အသက်ရှူသံတွေ ရှိနေတယ်ဆိုတာ သင်တို့ သတိရဖူးလား? 💔🍂
မျက်မှောက်ဘဝရဲ့ အမှောင်ဆုံး ကန့်လန့်ကာကို ဆွဲဖွင့်ပြီး စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို သင့်ရဲ့ မျက်လုံးတွေနဲ့ တိုက်ရိုက်ခံစားနိုင်ဖို့အတွက် Karenni's Arts Creation (KAC) နဲ့ Karenni Community Chiangmai Thailand (KCCT) တို့ ပူးပေါင်းပုံဖော်ထားတဲ့ “The Ex*****on" ရုပ်ရှင်ကားကြီးကို ချင်းမိုင်မြို့မှာ ထပ်မံ ပြသသွားတော့မှာပဲ ဖြစ်ပါတယ်။ 📽️
ဒီရုပ်ရှင်ဟာ ဟိုရွေ့ဒီပြောင်း ရုန်းကန်နေရတဲ့ ကရင်နီစစ်ဘေးရှောင် ပြည်သူတွေနဲ့ ကလေးငယ်တွေရဲ့ ဘဝကို ကမ္ဘာသိအောင် မီးမောင်းထိုးပြထားတဲ့ သရုပ်မှန်ရုပ်ရှင်ဖြစ်ပြီး သူတို့လေးတွေရဲ့ ပညာရေးအတွက် အသက်သွေးကြော ဘဏ္ဍာရေးကို ရှာဖွေပေးမယ့် ကမ္ဘာ့အဆင့်မီ တိုက်ပွဲခေါ်သံတခုလည်းဖြစ်တာမို့… ✨🎬
ဒီလိုပြင်းထန်စစ်မှန်တဲ့ ဇာတ်လမ်းတပုဒ်က ပြောပြသွားမယ့် အမှန်တရားတွေရဲ့ ပြင်းရှမှုကို ခံစားရင်း ချင်းမိုင်ရောက် ပျားလေးတွေအားလုံး သွေးမအေးဘဲ အတူတူ လာရောက်ဝန်းရံပေးကြဖို့ ဆော်ဩလိုက်ပါတယ်ဗျာ။ 🤝
အာဏာရှင်တွေ ဖျက်ဆီးခဲ့တဲ့ ပြာပုံတွေကြားက မျိုးဆက်သစ်တွေရဲ့ အိပ်မက်တွေကို ရုပ်ရှင်လက်မှတ်တစောင်နဲ့ ပြန်လည်အသက်သွင်းလိုက်ရအောင်! 🎟️✊
📅 ရုပ်ရှင်ပြသမည့်ရက်: 30 May, 2026 (Saturday)
⏰ ပြသမည့်အချိန်အပိုင်းအခြား:
• ပထမပွဲစဉ် - ညနေ (၆:၀၀ - ၈:၀၀)
• ဒုတိယပွဲစဉ် - ညနေ (၈:၃၀ - ၁၀:၃၀)
📍 ပြသမည့်နေရာ: Hug Rommai Cafe
https://maps.app.goo.gl/fXETcTbR8SnZh5zX9?g_st=ic
🎟️ လက်မှတ်ဝယ်ယူရန်: https://www.facebook.com/share/1HMTDDpR4w
📽️ Official Trailer ကြည့်ရန်: https://www.facebook.com/share/v/14bi1Z9iEDz
📱 The Ex*****on Page: https://www.facebook.com/share/1E8iNusNv3
*****onFilm
26/05/2026
ကရင်နီ အမျိုးသားနေ့တွင် ပါဝင် သွားမည့် အစီအစဉ် တစ်ရပ် ဖြစ်ပါသည် ။ 🇵🇾
Miss Karenni Page သို့ ဆက်သွယ် ပါဝင်နိုင်ပါပြီ 🇵🇾
Mister and Miss Karenni National Day 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်ဖိတ်ခေါ် ခြင်း။
အကြောင်းအရာ။ ။၂၀၂၆ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ချင်းမိုင်မြို့၌ကျင်းပပြုလုပ်မည့် (၁၅၁)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ တွင်Mister and Miss Karenni National Day 2026 ကိုရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ချင်းမိုင်မြို့တွင်းတွင်သာမက အနယ်နယ်အရပ်ရပ်သို့ရောက်ရှိနေကြသော ကရင်နီသွေးချင်းအမျိုးသားမောင်၊မယ်များအနေဖြင့်မိမိတို့၏ မျိုးနွယ်စုကိုယ်စားပြုရိုးရာဝတ်စုံများဖြင့် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌လာရောက်ယှဉ်ပြိုင်ပေးကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
ရည်ရွယ်ချက်။ ။မည်သည့်အရပ်ဒေသသို့ရောက်ရှိစေကာမူမိမိတို့၏စာပေ၊ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးထမ်းများ နှင့် အမျိုးသားဝတ်စားဆင်ယဉ်မှုများ မပပျောက်စေရန်၊ မိမိတို့အနေဖြင့်ခေတ်ရေစီးကြောင်းနှင့်အညီလိုက်ဖက်လျှော်ညီစွာ ဝတ်စားဆင်ယင်တတ်စေရန်နှင့် မိမိတို့၏ကရင်နီမျိုးနွယ်စုများမည်ကဲ့သို့အစဉ်အလာကြီးမားခဲ့ကြာင်းကိုသိရှိစေရန်ရည်ရွယ်ပါသည်။
ချီးမြှင့်သွားမည့် ဆုများ
-Mister Karenni National Day 2026 Winner
-Mister Karenni National Day 2026 1st runner up
-Mister Karenni National Day 2026 2nd runner up
-Miss Karenni National Day 2026 Winner
-Miss Karenni National Day 2026 1st runner up
-Miss Karenni National Day 2026 2nd runner up
Title ဆုများ
-People's Choice Award
-Best in Traditional Wear
-Best in Introduction
Form စဖွင့်မည့်ရက် - 26 May 2026
Form ပိတ်မည့်ရက် - 6 June 2026
Form ကြေး - 500 THB
မေလ၂၆ ရက် နေ့တွင် Miss Karenni Facebook page မှတစ်ဆင့် Form ဖြည့်ရမည့် link ကိုတင်ပေးသွားမည်ဖြစ်သည်။
မိမိစိတ်ကြိုက်အလှဓာတ်ပုံ(မျက်နှာပေါ်တစ်ပုံနှင့်full body တစ်ပုံ) form အတွင်းထည့်သွင်းပေးရမည်ဖြစ်သည်။