05/21/2026
ရိုးရိုးလက်ဖက်နဲ့ချဉ်စပ်လက်ဖက်
ဘယ်လိုကွာလဲဆိုတာကို မျက်လုံးထဲ
မြင်သာအောင်ပြောရမယ်ဆိုရင်
ရိုးရိုးလက်ဖက်ကျတော့ အသက် (၃၀)
ကျော် အကိုကြီးတွေလိုပဲ ၊ တည်ငြိမ်တယ်
အေးဆေးတယ်။
ချဉ်စပ်လက်ဖက်ကျတော့ အသက် (၂၀)
ကျော် မောင်လေးတွေလိုပေါ့ အမြဲတမ်း
ရင်ခုန်စရာတွေကိုပေးစွမ်းနိုင်တယ်။
၂ ခုလုံးကတော့ ကောင်းတာချည်းပါပဲ
ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော့ 😁
ငါတို့ရန်ကုန်လက်ဖက်ချစ်သူတို့ကရော
ကိုကို team လား မောင် team လား
ဘယ် team ကဖြစ်ဖြစ် ဒီမှာ မှာယူလိုရပါပြီ။ 👇
https://docs.google.com/forms/d/e/1FAIpQLSdldgJBVYVoSb3jfrpUeyEbiXWHs05p6-ZPDGGS4YTX_9f7pQ/viewform
#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ
05/17/2026
မေလ ၁၆ ရက်နေ့ က နယူးယောက်မြို့ St. James Church တွင် ကျင်းပပြုလုပ်ခဲ့သည့်နယူးယောက်မြို့ မြန်မာအဖွဲ့များဖြစ်သော “NYCBC, NOBS, COBA, NHFMM & NYBWFA” တို့နှင့်ပူးပေါင်း၍ “MAHAA” မြန်မာ-အမေရိကန် လူသားချင်းစာနာမှုကူညီရေးအသင်းကြီး၏ (၁၉) ကြိမ်မြောက် ရန်ပုံငွေဈေးရောင်းပွဲ တွင် “ငါတို့ရန်ကုန်” နှင့်တကွ NOBS team မှ ရောင်းချရရှိသော ရန်ပုံငွေစာရင်း ကိုတင်ပြအပ်ပါတယ် ခင်ဗျာ။
1. ကော်ဖီ နှင့် ရန်ကုန်လက်ဖက်သုပ် 274 $ (Paid to MAHAA)
2. ငါတို့ရန်ကုန် 489$ (Net - 314$)
စုစုပေါင်း အားဖြင့် ရန်ပုံငွေ 763$ ရရှိခဲ့ပါသည်။
“ငါတို့ရန်ကုန်” မှ Appreciation certificate လေးရရှိပါက ထပ်မံတင်ပြပါမည်။
စျေးရောင်းပွဲသို့ ကြွရောက်အားပေးကြသော သံအမတ်ကြီးနှင့် တကွ လာရောက်ရောင်းချပေးကြသော အဖွဲ့အစည်းများ၊ လှူဒါန်းပေးကြသော အလှူရှင် များအားလည်းကောင်း၊ ဝယ်ယူအားပေးသော စေတနာရှင် တော်လှန်ပြည်သူများအားလည်းကောင်း၊ မှတ်တမ်းတင်ပေးကြသော ဓာတ်ဆရာ ညီအစ်ကိုများ အကောင်းဆုံးဖျော်ဖြေသွားကြသော Stage performance တာဝန်ရှိသူများ အားလည်းကောင်း၊ ပွဲအစအဆုံးလုပ်အားပေးကူညီကြသူ volunteer များအားလုံးအားလည်းကောင်း ကျနော်တို့ NOBS မှ လှိုက်လှဲစွာကျေးဇူးတင် ရှိပါသည်ခင်ဗျာ။
တော်လှန်ရေးခရီးလမ်းဆုံး ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်နေပါမည် ,|||,
ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊
အိမ်အရောက်ပြန်ကြမယ်။
Let's do it... .lll. "
ငါတို့ရန်ကုန်
#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ
05/12/2026
NYC မှာတော်လှန်ပြည်သူများ ခင်ဗျာ -
လာမယ့်စနေနေ့ ၅/၁၆/၂၀၂၆ St. James Church (Elmhurst NY) မှာ ကျင်းပမယ့် All NYC Community Group (COBA/ MAHAA/ NHFMM/ NOBS/ NYCBC/ NYBWFA) မိသားစုတို့၏ “(၁၉) ကြိမ်မြောက် ရန်ပုံငွေ စျေးရောင်းပွဲ” မှာ ကျနော်တို့ NOBS အဖွဲ့ ရဲ့ အရောင်းကောင်တာလေးကို လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ် ခင်ဗျာ။
NOBS မှာ ဘာတွေ အားပေးလို့ရမှာလဲ ?
🚩 “ငါတို့ရန်ကုန်” လက်ဖက်အညွန့် (ချို), လက်ဖက်အညွန့် (ချဉ်စပ်), ခုနှစ်ထွေ အကြော်စုံ၊ ပုဇွန် ခြောက်
🚩 ကျနော်တို့ရဲ့ signature fresh brew ကော်ဖီ ပူပူလေး
🚩🚩🚩 ရန်ကုန်မှာလှည်းလေးနဲ့ ရောင်းတဲ့ ပြောင်းဖူး ငါးနီတူ ခရမ်းချဉ်သီးလေးနဲ့ ချဉ်ငံစပ် ရန်ကုန်လက်ဖက်သုပ် လည်း ရမယ်နော် ရန်ကုန်အလွမ်းပြေပေါ့ ကျနော်တို့က လှည်းလေးနဲ့တော့ မဟုတ်ဘူးပေါ့ စားပွဲလေးနဲ့။ အရသာကိုတော့ အနီးစပ်ဆုံး ကြိုးစားထားပြီနော် Menu အသစ်လေးမို့ အားပေးဖို့ ဖိတ်ခေါ်ပါတယ်
#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ
05/12/2026
NYC က အမျိုးတို့ရေ “ငါတို့ရန်ကုန်” လက်ဖက်ချဉ်စပ်လေး ရောက်ရှိလာပါပြီ ✨
လာမယ့်စနေနေ့ ၅/၁၆/၂၀၂၆ St. James Church (Elmhurst NY) မှာ ကျင်းပမယ့် ALL NYC COMMUNITY GROUP (COBA/ MAHAA/ NHFMM/ NOBS/ NYCBC/ NYBWFA) မိသားစုတို့၏ “(၁၉) ကြိမ်မြောက် ရန်ပုံငွေ စျေးရောင်းပွဲ “ မှာ ကျနော်တို့ NOBS အဖွဲ့ အရောင်းကောင်တာလေးမှာ ဝယ်ယူအားပေးနိုင်ပါပြီ ခင်ဗျာ။
#ငါတို့ရန်ကုန် #အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ
05/01/2026
ချဉ်စပ်နော် အမျိုးတို့ရေ ဒီလထဲ USမှာ ရနိုင်အောင် ကြိုးစားနေပါပြီ အားပေးကြပါဦး ဗျာ
04/30/2026
လက်ဖက်သုပ်နဲ့ထမင်းဖြူစားမယ်ဆိုရင်
ကြက်ဥကြော် နဲ့ ဘဲဥကြော် နဲ့မှာ ဘာနဲ့တွဲစားရတာ ပိုကြိုက်ကြလဲဗျို့ 😁
ငါတို့ရန်ကုန် Adminတွေထဲကတစ်ယောက်ကတော့ ဘဲဥကြော်နဲ့ ပိုကြိုက်ပါသတဲ့ ~ အဲ့လိုနဲ့ ပုံလှလှရိုက်တင်မယ်ဆိုပြီး ဘဲဥ၁လုံး၊ ကြက်ဥ၁လုံး ကြော်ပြီး ပြင်ဆင်ထားတာလေးပါရှင် 🤗
ဒီAdminရဲ့ ဟင်းချက်Skillကတော့ အရမ်းတော်တာလေ ပုံထဲက ဥ၂လုံးအခြေအနေကိုသာကြည့် မတူးရုံတမယ်လေး 😂
တော်လှန်ပြည်သူတို့ရော ကြက်ဥကြော် VS ဘဲဥကြော် ဘာပိုကြိုက်ကြလဲ ဖြေသွားပေးကြပါဦးရှင်။
ဒါနဲ့ Adminရဲ့ဥကြော်skill တော်တယ်ဟုတ် 😁
ငါတို့ရန်ကုန် လက်ဖက်ညွှန့် ချဥ်စပ် ထွက်ထားတာလည်း မှာယူအားပေးကြပါဦးနော် 🤗
ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊
အိမ်အရောက်ပြန်ကြမယ်။
Let's do it... .lll. "
#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ