Myanmar Embassy, Paris

Myanmar Embassy, Paris

Partager

Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Myanmar Embassy, Paris, Organisation gouvernementale, 60, Rue de Courcelles, Paris.

Photos from Myanmar Embassy, Paris's post 19/06/2026

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး (၂၀၀၃ ကွန်ဗင်းရှင်း) အဖွဲ့ဝင်နိုင်ငံများ၏ (၁၁) ကြိမ်မြောက်ညီလာခံသို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ပါဝင် တက်ရောက်
(၁၈-၆-၂၀၂၆ ရက်၊ ပါရီမြို့)

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး (၂၀၀၃ ကွန်ဗင်းရှင်း) အဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေညီလာခံကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်မှ ၁၈ ရက်အထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ယူနက်စကို ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေညီလာခံအတွင်း ၂၀၂၆-၂၀၃၀ သက်တမ်းအတွက် လစ်လပ်လျက်ရှိသော အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကော်မတီဝင်များ၏ လစ်လပ်နေရာအတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို ကော်မတီ၏ အကြံပေးများအဖြစ် ခန့်အပ်ရန် အသိအမှတ်ပြုရေး ကိစ္စများဆွေးနွေးခြင်း၊ ကွန်ဗင်းရှင်းအကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များကို ဆွေးနွေးခြင်း၊ ICH Fund အသုံးပြုမှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ညီလာခံကာလအတွင်း ဗီယက်နမ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့် ယူနက်စကိုဆိုင်ရာ အမျိုးသားကော်မရှင်ဥက္ကဋ္ဌ H.E. Mr. Ngo Le Van ချီးမြှင့် တက်ရောက် ဖွင့်လှစ်သော ယူနက်စကိုဆိုင်ရာ ဗီယက်နမ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ကျင်းပပြုလုပ်သည့် ဗီလက်နမ်နိုင်ငံ၏ ပထမဆုံးတက္ကသိုလ် “The Temple of Literature” (၁၀၇၆-၂၀၂၆) တည်ထောင်ခြင်း နှစ် (၉၅၀) ပြည့် အခမ်းအနားသို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်းကို လူမှုအသိုင်းအဝိုင်းအတွင်း ယဉ်ကျေးမှုအမွေအနှစ်များအား အသိအမှတ်ပြုသော အလေ့အကျင့်များ၊ ကိုယ်စားပြုမှုများ၊ အသိပညာ နှင့် ကျွမ်းကျင်မှုများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ (၃၂) ကြိမ်မြောက် ယူနက်စကို အထွေထွေ ညီလာခံမှ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် စတင်အတည်ပြုခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဝင်နိုင်ငံပေါင်း (၁၈၅) နိုင်ငံအထိ ရှိလာပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း အရ ၂၀၂၄ ခုနှစ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းသို့ အောင်မြင်စွာထည့်သွင်းနိုင်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်အတွက် “မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့” ကို လည်းကောင်း၊ ၂၀၂၇ ခုနှစ်အတွက် “မြန်မာ့လက်ဖက်ယဉ်ကျေးမှုဓလေ့” ကို လည်းကောင်း ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အဆိုပြုတင်သွင်းထားကြောင်း သိရှိရပါသည်။

Ambassador/ Chargé d'Affaires attends the 11th Session of the General Assembly of the States Parties to the 2003 Convention for the Safeguarding of the Intangible Cultural Heritage
(18 June 2026, Paris)
The 11th Session of the General Assembly of the States Parties to the 2003 Convention for the Safeguarding of the Intangible Cultural Heritage was held at UNESCO Headquarters in Paris, France, and attended by the Myanmar delegation led by U Kyaw Nyun Oo, Chargé d'Affaires/ Ambassador of the Myanmar Embassy/Permanent Delegation to UNESCO in Paris.

During the Session, elections were held to fill the vacant seats on the Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage for the 2026-2030 term. Discussions were also held on the accreditation of non-governmental organizations to act in an advisory capacity to the Committee, the operational directives for the implementation of the Convention, and the use of the resources of the Intangible Cultural Heritage (ICH) Fund.

In addition, the Myanmar delegation also participated in the ceremony commemorating the 950th anniversary of the foundation of “The Temple of Literature”, Viet Nam’s first University (1076-2026), which was organized by the Permanent Delegation of Viet Nam to UNESCO and graced by the presence of H.E. Mr. Ngo Le Van, Deputy Minister of Foreign Affairs and Chairman of the Viet Nam National Commission for UNESCO

The Convention for the Safeguarding of the Intangible Cultural Heritage was adopted at the 32nd Session of the UNESCO General Conference on 17 October 2003 with the aim of safeguarding practices, representations, expressions, knowledge and skills that communities, groups and in some cases, individuals recognize as part of their cultural heritage. As of 2025, the Convention has been ratified by 185 States Parties.

Myanmar, as a State Party to the 2003 Convention for the Safeguarding of the Intangible Cultural Heritage, successfully secured the inscription of “Myanmar traditional New Year Atā Thingyan Festival” on the UNESCO’s Representative List of the Intangible Cultural Heritage of Humanity in 2024. In addition, Myanmar has submitted “Practice of Thanakha Culture in Myanmar”, for inscription on UNESCO’s Representative List of the Intangible Cultural Heritage of Humanity for the 2026 cycle, as well as “Myanmar Laphet (Fermented Tea Leaves) Culture” for the 2027 cycle.

Photos from Myanmar Embassy, Paris's post 19/06/2026

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ပါရီမြို့ရှိ Rungis International Market သို့ သွားရောက်လေ့လာ (၁၇-၆-၂၀၂၆ ရက်၊ ပါရီမြို့)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာ့အကြီးဆုံး အစားအစာနှင့် စားသောက်ကုန်ပစ္စည်းများ လက်ကားဖြန့်ဖြူး ရောင်းချရာ Rungis International Market သို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦးသည် အာဆီယံသံရုံးအချို့မှ သံအမတ်ကြီးများ၊ ဒုတိယသံရုံးအကြီး အကဲများ၊ စီးပွားရေးသံမှူးများနှင့်အတူ ၁၇-၆-၂၀၂၆ ရက်နေ့တွင် သွားရောက် လေ့လာခဲ့ပါသည်။
Rungis International Market မှ ပြင်သစ်နိုင်ငံ၏ အစားအစာနှင့် စားသောက်ကုန်များ ဖြန့်ဖြူး ရောင်းချရာ ထောက်ပံ့ရေးလုပ်ငန်းစဉ်၏ အရေးပါသော အုတ်မြစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်ရေးကွန်ရက်အတွင်း ဗဟိုချက်တစ်ခုဖြစ်သည့် Rungis International Market ၏ လုပ်ဆောင်ချက်များနှင့် လုပ်ငန်းလည်ပတ်မှုများကို မိတ်ဆက်ပေးရန်ရည်ရွယ်၍ အဆိုပါလေ့လာရေး အစီအစဉ်ကို စီစဉ်ခြင်းဖြစ်ပါသည်။
လေ့လာရေးအစီအစဉ်တွင် Rungis International Market ရှိ ငါးနှင့်ပင်လယ်စာဈေး၊ အသားဈေး၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဈေး၊ ဒိန်ခဲ(ချိစ်)နှင့် နို့ထွက်ပစ္စည်းများဈေး၊ သစ်ပင်ပန်းမန်ဈေးနှင့် အသင့်ဖြန့်ဖြူးရန် ထုတ်ပိုးထားသော စားသောက်ကုန်ဌာနတို့ကို လိုက်လံပြသခဲ့ပြီး ဈေးကြီး၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို ရှင်းပြခဲ့ပါသည်။ ယင်းနောက် Rungis International Market ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Stéphane Layani က နံနက်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။
Rungis International Market သည် ဟက်တာ ၂၃၄ ကျယ်ဝန်းပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်းများ၊ ပန်း/ပန်းပင်များနှင့် ကမ္ဘာတစ်ဝှမ်းမှ တင်သွင်းသည့် စားသောက်ကုန်များကို ပြင်သစ်နိုင်ငံတွင်းနှင့် အခြားဥရောပနိုင်ငံများသို့ အဓိဖြန့်ဖြူးရောင်းချသည့် နိုင်ငံတကာစျေးကြီးတစ်ခု ဖြစ်ပါသည်။ နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး ယူရို ၉ ဘီလီယံခန့်ရှိပြီး Rungis International Market သည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် Abu Dhabi Food Hub၊ ဖိလစ်ပိုင်နိုင်ငံတွင် New Clark City တို့နှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

Myanmar Chargé d'Affaires/Ambassador Visits Rungis International Market in Paris
(Paris, 17 June 2026)

Mr. Kyaw Nyun Oo, Chargé d'Affaires/Ambassador of the Myanmar Embassy in Paris, visited Rungis International Market, the world's largest wholesale market for food and ag-ricultural products located in Paris, alongside Ambassadors, Deputy Chiefs of Mission, and Economic Attachés from several other ASEAN embassies on 17 June, 2026.
The study tour organized by the Rungis International Market aimed to introduce its opera-tions and functions as a critical cornerstone of France's food distribution and supply chain, as well as a central hub within the international trade network.
During the tour, the delegation visited the fish and seafood market, meat market, fruit and vegetable market, cheese and dairy products market, flower and plant market, and the ready-to-distribute packaged food products department, where daily operations were ex-plained. Following the tour, Mr. Stéphane Layani, Chairman and CEO of Rungis Interna-tional Market, hosted a breakfast meeting.
Spanning 234 hectares, Rungis International Market is a major international market that distributes fruits, vegetables, meat, fish, seafood, dairy products, flowers/plants, and food items imported from around the world to France and other European countries. With an annual trade volume of approximately 9 billion Euros, Rungis International Market is re-portedly expanding its collaborative operations globally, including the Abu Dhabi Food Hub in the United Arab Emirates and the New Clark City project in the Philippines.

Photos from Myanmar Embassy, Paris's post 11/06/2026

ပြင်သစ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကောင်စီမှ ကြီးမှူးကျင်းပသည့် ဗုဒ္ဓနေ့အထိမ်း အမှတ် အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး တက်ရောက်
(၇-၆-၂၀၂၆၊ ပါရီမြို့)

ပြင်သစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကောင်စီ (International Buddhist Council of France) မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်၊ (၁၄:၀၀) နာရီတွင် Bobigny မြို့ရှိ Hôtel de Ville de Bobigny ၏ Salon d'honneur တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦးက အဓိကဧည့်သည်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြင်သစ်နိုင်ငံရှိ ဗုဒ္ဓဘာသာအသင်းအဖွဲ့များမှ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ် ရဟန်းသံဃာတော်များ၊ အထူးဧည့်သည်တော်အဖြစ် လာအိုသံအမတ်ကြီး Mr. Kalamoungkhoune Souohanoivong ၊ Bobigny မြို့တော်ဝန် Mr. Abdel Sadi တို့အပြင် ပြင်သစ်နိုင်ငံရှိ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းမှ ဗုဒ္ဓဘာသာဝင်များနှင့် မြန်မာ သံရုံးမိသားစုများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြတ်စွာဘုရားရှင်အား ရှိခိုး ပူဇော်ခြင်း၊ ဖယောင်းတိုင်ထွန်းညှိကပ်လှူခြင်း၊ ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် ဗုဒ္ဓဘာ သာ အလံလွှင့်ထူခြင်းနှင့် ဗုဒ္ဓရုပ်ပွားတော်ကို ရေသပ္ပာယ်ခြင်းတို့ ပြုလုပ်ပူဇော်ခဲ့ကြပါသည်။

ထို့နောက် ဆရာတော်များက ဩဝါဒစကားများချီးမြှင့်ပြီး အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ဧည့်သည်တော်များမှ အမှာစကားများ ပြောကြားခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးက အမှာစကား ပြောကြားရာတွင် ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း ဟူသည့် အမြတ်ဆုံးသော နေ့ထူးနေ့မြတ် ဗုဒ္ဓနေ့အဖြစ် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များက အလေးအမြတ်ပြု ကျင်းပလျက်ရှိကြောင်း၊ ယနေ့ခေတ်ကမ္ဘာတွင် မြတ်စွာဘုရားရှင်၏ တရားတော်များ၊ အဆုံးအမများနှင့်အညီ နေထိုင်ကျင့်ကြံ၍ စည်းလုံး ညီညွတ်မှု၊ ကရုဏာနှင့် မေတ္တာတရားတို့ကို မြှင့်တင်ရန် အရေးကြီးကြောင်း စသည်ဖြင့် အလေးပေးပြောကြားခဲ့ပါသည်။ ယင်းနောက် ပြင်သစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ အနုပညာရှင် များက ယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။
*************
Myanmar Chargé d’Affaires/Ambassador attends International Vesak Day Celebration organized by the International Buddhist Council of France
(7 June 2026, Paris)

The International Vesak Day Celebration, organized by the International Buddhist Council of France (CBIF), was held at the Salon d'Honneur of the Hôtel de Ville de Bobigny in Bobigny at 2:00 p.m. on 7 June 2026 and attended by U Kyaw Nyun Oo, Chargé d’Affaires/Ambassador of the Embassy of the Republic of the Union of Myanmar in Paris as the Chief Guest.
The celebration brought together venerable Buddhist monks from various Buddhist Associations of Sri Lanka, Cambodia, Laos, Bangladesh, and Vietnam as well as the Ambassador of Laos, Mr. Kalamoungkhoune Souohanoivong, the Mayor of Bobigny Mr. Abdel Sadi, alongside members of the Buddhist community and families of the Myanmar Embassy in France.

The spiritual program commenced with paying homage to the Buddha, a traditional candle-lighting ceremony, the hoisting of the Buddhist flag symbolizing world peace, and the ritual bathing of the Buddha statue.

Following the Dhamma sermons delivered by the venerable monks, invited guests attending the ceremony also delivered remarks. The Myanmar Ambassador also delivered an address, highlighting the profound significance of Vesak Day, which is observed by Buddhists around the world as a sacred occasion observing the Birth, Enlightenment, and Parinibbana of the Buddha. He further emphasized the importance of practicing the Buddha’s teachings in order to promote unity, compassion, and loving-kindness in today’s world.
The event concluded with cultural performances by artists from France and Bangladesh.
********

29/05/2026

အသိပေးအပ်ပါသည်။

Photos from Myanmar Embassy, Paris's post 21/05/2026

ပါရီမြို့ရှိ အာဆီယံ သံအမတ်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၊ အမှုဆောင်ဒါရိုက်တာ တို့အကြား ပြုလုပ်သည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် (၂၁-၅-၂၀၂၆ ရက်၊ ပါရီမြို့)

ပါရီမြို့ရှိ စင်ကာပူသံအမတ်ကြီး H.E. Mr. Umej Bhatia ဦးဆောင်၍ အာဆီယံ သံအမတ်ကြီးများနှင့် ပါရီမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency - IEA) မှ အမှုဆောင်ဒါရိုက်တာ Dr. Fatih Birol တို့အကြား ဒေသတွင်းစွမ်းအင်အကျပ်အတည်းနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အလုပ် သဘော နေ့လယ်စာစားပွဲကို ၂၀-၅-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦးသည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုများ၊ လက်ရှိစွမ်းအင်အကျပ်အတည်းနှင့် အရှေ့တောင်အာရှဒေသအပေါ် သက်ရောက်မှုများ၊ IEA ၏ အရှေ့တောင်အာရှဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပါရီမြို့ရှိ အာဆီယံသံရုံးများနှင့် IEA တို့အကြား စွမ်းအင်ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
IEA သည် ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပါရီမြို့တွင် ရုံးစိုက်၍ စွမ်းအင်လုံခြုံရေး၊ သန့်ရှင်းသော စွမ်းအင်အဖြစ်ပြောင်းလဲရေးနှင့် ရေရှည်တည်တံ့သော စွမ်းအင်စနစ်ဖြစ်ရေးတို့အတွက် အစိုးရများကို ပံ့ပိုးပေးနေသည့် စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် ပါရီမြို့ပြင်ပ၌ ၎င်း၏ပထမဆုံး ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစင်တာကို စင်ကာပူမြို့တွင် တည်ထောင်ခဲ့ပါသည်။

Charge’ d’Affaires/ Ambassador of Myanmar in Paris attends the Working Luncheon between ASEAN Ambassadors and Executive Director of the IEA (21 May 2026, Paris)
A working luncheon on Energy Security in Southeast Asia was held on 20 May 2026 between ASEAN Ambassadors and Dr. Fatih Birol, Executive Director of the International Energy Agency (IEA). The event was hosted by H.E. Mr. Umej Bhatia, Ambassador of Singapore to France. The luncheon was attended by U Kyaw Nyun Oo, Chargé d’Affaires/ Ambassador of the Embassy of the Republic of the Union of Myanmar in Paris, alongside Ambassadors from other ASEAN Embassies and senior officials from the IEA.
During the luncheon, participants exchanged views on global and regional energy developments, the ongoing energy crisis and its implications for Southeast Asia, ways to further strengthen IEA’s regional cooperation with Southeast Asia, and opportunities to enhance engagement between ASEAN Embassies in Paris and the IEA on energy-related issues.
Established in 1974 and headquartered in Paris, the IEA is a leading international organization dedicated to promoting energy security, the clean energy transition, and sustainable energy systems. To further strengthen its engagement in the region, the IEA recently established its first-ever regional cooperation centre in Singapore in 2025, marking its first official office outside of Paris.

16/05/2026

Myanmar to Nominate Htamanè Culture for UNESCO Listing in 2027.
Global New Light Of Myanmar, 16 May 2026

16/05/2026

Myanmar, India, Thailand launch joint UNESCO World Heritage bid for Mahabodhi temples

Global New Light Of Myanmar, 15 May 2026

Vous voulez que votre entreprise soit Service Du Gouvernement la plus cotée à Paris ?

Cliquez ici pour réclamer votre Listage Commercial.

Emplacement

Téléphone

Adresse


60, Rue De Courcelles
Paris
75008

Heures d'ouverture

Lundi 09:30 - 16:30
Mardi 09:30 - 16:30
Mercredi 09:30 - 16:30
Jeudi 09:30 - 16:30
Vendredi 09:30 - 16:30