The Crown - Myanmar

The Crown - Myanmar

Share

⚜️ The Crown Must Always Win, Must Win ⚜️ The Crown Myanmar is the official fan page of Netflix most awards winning show “ The Crown”

22/06/2026

⚜️ ဗြိတိန်ရဲ့ လက်ရှိဝန်ကြီးချုပ် Keir Starmer ဟာလဲ ၂ နှစ်ကျော်တာဝန်ထမ်းဆောင်အပြီးမှာ PM ရာထူးနဲ့ Labour Party ခေါင်းဆောင်ရာထူးကနေ နှုတ်ထွက်သွားပြန်ပါပြီ။ Kier Starmer ရဲ့ Predecessor ဖြစ်သူ Rishi Sunak ဟာလဲ ၂ နှစ်ကျော်သာ တာဝန်ထမ်းဆောင်ခဲ့သလို ပိုဆိုးတာကတော့ Lizz Truss ဟာ 49 ရက်သာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပြီး သက်တမ်းအတိုဆုံး PM အဖြစ်ပါ စံချိန်တင်သွားခဲ့ပါတယ်။ British PM တွေမှာလဲ Full Parliamentary Term အထိ တာဝန်ထမ်းဆောင်နိုင်တဲ့ qualified PM တွေဟာ တဖြည်းဖြည်းရှားလာပြီလို့ဆိုရမယ်ထင်ပါတယ်။ 2025 မှာ နှုတ်ထွက်သွားပြီး 6 နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ PM David Cameron ပြီးထဲက ဘယ်သူကမှ 5 နှစ်တာအထိ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး။ ပါတီအတွင်းဖိအား၊ နိုင်ငံရေးပြဿနာများ၊ ထောက်ခံမှုကျဆင်းခြင်း စတဲ့ပြဿနာမျိုးစုံနဲ့ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားနေကြဆဲပါ။ ဗြိတိန်ပြည်သူတွေကတော့ ဒါကိုဟာသလုပ်နေကြပြီးတော့ Liz’s Truss တုန်းကဆို ဂေါ်ဖီထုပ်နဲ့ Liz Truss ရဲ့ PM သက်တမ်း ဘယ်သူပိုကြာမလဲဆိုပြီး လောင်းခဲ့ကြပြီး Lizz Truss က ရှုံးသွားခဲ့ပါသေးတယ်။ အခုလဲ Keir Stramer နှုတ်ထွက်သွားတာကြောင့် comment တွေမှာဆို “အခုလို တစ်ယောက်ပြီးတစ်ယောက်ခနခနထွက်သွားကြမယ့်အစား Miss Universe လို တစ်နှစ်တစ်ယောက် ရွေးကြပါလား” ဟု အရွှန်းဖောက်စနောက်နေကြပါတယ်။ 🤣

Photos from The Crown - Myanmar's post 21/06/2026

⚜️ Happy 44th birthday, Prince William ⚜️

Photos from The Crown - Myanmar's post 20/06/2026

⚜️ 1837ခုနှစ် June လ 20ရက်နေ့ ဒီကနေ့မှာ ကမ္ဘာ့အင်အားအကြီးဆုံး နေမဝင်အင်ပါယာကြီးကို 18 နှစ်အရွယ်မိန်းကလေးတစ်ယောက်ကဆက်ခံခဲ့ပါတယ်။ ဒီနေ့မှာ ဝိတိုရိယဘုရင်မကြီးလို့သိကြတဲ့ Princess Victoria က ဗြိတိန်ဘုရင်မ Queen Victoria ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲယ့် စိတ်၀င်စားဖို့ကောင်းတာက သူ့ကိုထီးနန်းဆက်ခံမယ်လို့ဘယ်သူမှကြိုမတွေးထားခဲ့တာပါ။

-သူမရဲ့ဘိုးတော် တတိယမြောက်ဂျော့ဂ်ျဘုရင် George III နဲ့ Queen Charlotte (Queen Charlotte,Bridgerton series ထဲက) တို့မှာ သားတော် ၁၅‌ေယာက် တောင်ရှိခဲ့ပေမဲ့ သူတို့အားလုံးမှာ တရား၀င်အမွေဆက်ခံနိုင်မယ့် သားသမီးတွေမရှိကြပါဘူး။ ဒါကြောင့် George III ဘုရင်ကြီးနတ်ရွာစံပြီးနောက် သူ့သားတော်တွေက George IV, William IV စသည်ဖြင့် အစဉ်တိုင်း ထီးနန်းဆက်ခံကြပါတယ်။

- Victoria ဟာ George III ရဲ့ စတုတ္တသားတော်ဖြစ်တဲ့ ကန့်နယ်စားမင်းသား Edward, Duke of Kent က မွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာမွေးဖွားစဉ်က ဘကြီးတော်တွေနဲ့ဖခင်ရဲ့နောက် ပဉ္စမမြောက်နန်းလျာပဲဖြစ်ပါ‌သေးတယ်။ ဒါပေမဲ့ Victoria အသက်18နှစ်ပြည့်ပြီး သိပ်မကြာခင်မှာ ဘကြီးတော် စတုတ္တမြောက်ဝီလျံဘုရင်ဟာ ထီးမွေနန်းလျာမကျန်ရစ်ပဲ နတ်ရွာစံသွားပါတယ်။

- ဒါကြောင့် အဲ့ဒီနေ့မနက်စောစောမှာ Princess Victoria နေထိုင်ရာ Kingsintonနန်းတော်ဆီ Canterbury ဂိုဏ်းချုပ်ဘုန်းတော်ကြီးနဲ့ Lord Chamberlain တို့အလျင်အမြန်သွားရောက်ပြီး ထီးနန်းဆက်ခံမယ့်အကြောင်းကြားခဲ့ပါတယ်။ ထိုသတင်းကိုသိရချိန်မှာ Victoriaဟာ သူမရဲ့မိခင်နဲ့အတူ အိပ်ရာထဲမှာရှိနေတုန်းပါ။ မိန်းကလေးတစ်ယောက် နိုးနိုးချင်းဘ၀ပြောင်းသွားတဲ့အချိန်လို့ ဆိုရမှာပါ။

- ဘုရင်မငယ်လေးဟာ ဘုရင်မဖြစ်ပြီး နာရီပိုင်းအတွင်း ၀န်ကြီးများအစည်းအဝေးကိုတက်ရောက်ခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပထမဆုံးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲ့ဒီ သူမရဲ့ပထမဆုံးအမိန့်တွေထဲကအရာတစ်ခုက သူမရဲ့အမေနဲ့အိပ်ခန်းခွဲအိပ်ဖို့ပါတဲ့။ အဲ့နောက်ပိုင်း သူမဟာ 63နှစ်ကျော်ကြာထီးနန်းစိုးစံခဲ့ပြီး နန်းသက်အတွင်းမှာ မီးရထား၊ တယ်လီဖုန်း၊ မော်တော်ကား၊ စက်မှုတော်လှန်ရေး၊ လျှပ်စစ်မီး၊ ကင်မရာ အစရှိတဲ့ ကမ္ဘာ့ပထမဆုံးတီထွင်မှုတွေကိုတွေ့မြင်ခဲ့ရပြီး ဗြိတိန်ဟာလဲ အင်အားအကြီးဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

18/06/2026

⚜️ Miss Universe Myanmar 2026’s Final Q&A mmsub translation လေးကို အပြည့်အစုံလေးကို အားလုံးအတွက် Just Educational Purposes အနေနံ့ တင်ဆက်ပေးလိုက်ပါတယ်။

17/06/2026

⚜️ Physical Beauty နဲ့ Outer Beauty တွေ ဘယ်လောက်ပဲ Perfect ဖြစ်နေပါစေအုံး wisdom နဲ့ education က လိုအပ်နေဆဲပါပဲ။ The New Miss Universe Myanmar 2026 proves that. May ကို Catwalk ဘုတ်တယ် ဘာတယ်ညာတယ်ပြောနေတဲ့သူတွေ May အဖြေလေးတွေကြားပြီးတော့ ဘယ်လိုလဲနော် အားရကြရဲ့လား (အားရဖို့ကလဲ သူပြောတာကိုနားလည်အုံးမှကို) တစ်ချို့ skills တွေက အချိန်တိုအတွင်း လေ့ကျင့်သင်ယူသွားလို့ရတယ်ပေါ့နော်၊ ဒီလို Educational inner beauty မျိုးကတော့ အချိန်အကြာကြီး step by step တည်ဆောက်လာမှ ပြီးပြည့်စုံတဲ့အရာမျိုး၊ English စကားပြောတတ်တာပဲ လွယ်မှာပေါ့ဆို နိုးနော် Speaking သွားသင်ကြည့် English လိုတော့ ပြောတတ်ကောင်းပြောတတ်သွားလိမ့်မယ် အခုလို လှပပြီးတော့အဓိပ္ပာယ်ရှိတဲ့အဖြေမျိုးကို Ai တောင် ခုမေး ခုဖြေ generate မလုပ်ပေးနိုင်ဘူး။ Prompt ကောင်းကောင်းထည့်ပေးမှ ဖြေပေးနိုင်မှာ May က ဒါကို ချက်ချင်းဖြေနိုင်တယ်ဆိုတာ very impressive skill ပါပဲ။ MUM history မှာ Q&A ဆရာမကြီးကို May လို့ပြောရင် ပိုမယ်မထင်ဘူး။ May လို MUM မျိုးတွေလဲ ဆက်လက်ပေါ်ထွက်လာဖို့ မျှော်လင့်နေပါတယ်။

17/06/2026

⚜️Final Q&A မှာလဲ အိယောင်ဝါးမလုပ်ဘူးနော် Question ရဲ့ Keyword တစ်ခုဖြစ်တဲ့ Empowerment ကိုဖြေရင်းနဲ့ သူ့ရဲ့ Education project ကိုပါ ထည့်ပြောသွားတာ “တကယ့် empowering လုပ်ပေးတယ်ဆိုတာ သူများကိုယ်စားစကားပြောပေးတာမဟုတ်ပဲ သူတို့ကိုယ်တိုင် ကြိုးစားခွင့်ပေးတာပါတဲ့၊ ပညာရေး စီးပွါးရေးတွေ သူတို့ကိုယ်သူတို့ ယုံကြည့်မှုရှိလာအောင် ကူညီပေးတာမျိုးတွေ” သူ့ရဲ့ ပညာရေး Project နဲ့အတူ ဘယ်လိုမျိုး empowerment ပေးနိုင်မယ်ဆိုပြီး keyword ကို လှလှပပအသုံးချသွားနိုင်တယ်၊ နောက်ထပ်လှတဲ့စကားလေးတွေက သူ MUM ကို join နိုင်တာက (lift limitation) ကန့်သတ်ချက်တွေကိုဖြေလျှော့ပေးလိုက်တာကြောင့်ပါတဲ့ ဒါကြောင့်လဲ သူနဲ့အတူ အမျိုးသမီးတွေအတွက် ကန့်သတ်ချက်ဖြစ်နေတဲ့အရာတွေကိုအတူဖြေလျှော့ကြပါမယ်တဲ့ (let’s lift limitations) အကုန်လုံးအတူကြိုးစားမယ်ဆိုရင် ရလာမယ့်ရလဒ်တွေက အကန့်အသတ်မဲ့ပါ (limitless) Damm I got goosebumps with every single words of hers 😭

17/06/2026

⚜️ Q&A မှာတင် the sky is Very Clear နော်
ဒီနှစ် MUM 2026 Crown က May အတွက်ပါပဲ
အဖြေလေးကအဓိပ္ပာယ်ရှိလိုက်တာ ကလေးဘဝတုန်းက နေ့စဉ် အရာဝတ္တုအသစ်တွေကိုရှာဖွေတွေ့ရှိသလိုပဲ အခုလဲအသက်ကြီးလာတဲ့အခါ အမြဲဘဝမှာ အသစ်သစ်သောအရာတွေကိုဆက်လက်ရှာဖွေနေပြီးတော့ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်တွေကိုဆက်လက်ရှာဖွေပြီး ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ဘဝကို ကိုယ်တိုင်ဆက်လက်ဖန်တီးကြပါတဲ့ 🤍

ဘာရယ်မဟုတ်ဘူး နားထောင်ရင်း အဖြေလေးသဘောကျလို့ပါ ( စကားပြောပြေပြစ်အောင် ဖြည့်စွက်ဘာသာပြန်ထားပါတယ် )

Photos from The Crown - Myanmar's post 16/06/2026

⚜️The Beauty of Catherine, Princess of Wales ⚜️


Photos from The Crown - Myanmar's post 16/06/2026

⚜️ ဒီကနေ့ Windsor ရဲတိုက်မှာကျင်းပပြုလုပ်တဲ့ Order of The Garter နှစ်စဉ်အခမ်းအနားကို တက်ရောက်လာကျတဲ့ ဗြိတိန်တော်ဝင်မိသားစုဝင်များရဲ့ ပုံရိပ်များပဲဖြစ်ပါတယ်။ Kate ကတော့နော် မလှဘူးပြောတဲ့သူတွေရှ်လို့လားမသိ ပိုပိုပြီးတောင် လှလာသလိုပါပဲ 💛


Photos from The Crown - Myanmar's post 15/06/2026

⚜️ ထိုင်းဘုရင်မင်းမြတ်ကြီး မဟာဝဇိရာလင်္ကရဏ ဟာဆိုရင် အခုဆုံးပါးသွားတဲ့ သူ့ရဲ့ပထမဦးဆုံးကလေးဖြစ်သူ သမီးကြီး Baj ကို အရမ်းချစ်မြတ်နိုးတော်မူသူပဲဖြစ်ပါတယ်။ ခုလက်ရှိမှာလဲ မင်းသမီးရဲ့စျာပနအခမ်းအနားတစ်လျှောက်အတွင်း ဝမ်းနည်းနေတဲ့ ဘုရင်ကြီးရဲ့ပုံတွေ Social Media အနှံ့အပြားမှာ တွေ့မြင်ပြီးကျပြီလို့ထင်ပါတယ်။ ပြည်သူတွေကလဲ မင်းသမီးကြီးဆုံးပါးသွားတဲ့အပေါ်မှာ များစွာစိတ်မကောင်းဖြစ်နေကြတာပါ။ အကြောင်းအရင်းကတော့ ဘုရင်ကြီးဟာ သူ့ရဲ့ ထီးနန်းဆက်ခံမည့်သူကို ယနေ့အချိန်ထိ တရားဝင်သတ်မှတ်ပေးခဲ့ခြင်းမရှိသေးတာကြောင့် ပြည်သူတွေအားလုံးဟာ ဘုရင်ကြီးက မင်းသမီးကြီး ကိုမာကနေပြန်လည်နိုးထလာမယ့်အချိန်ထိစောင့်စိုင်းနေတာကြောင့်မလို့ ထီးနန်းဆက်ခံမည့်သူကိုမသတ်မှတ်ပေးတာလို့ ယူဆထားတာကြောင့်ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာဆိုရင် အရှေ့တောင်အာရှ စည်းမျဉ်းခံဘုရင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေထဲမှာ ခေတ်အမှီဆုံးလို့ပြောလို့ရနိုင်ပါတယ်။ လိင်တူထိမ်းမြားခြင်းကိုအသိအမှတ်ပြုပေးခဲ့တဲ့နိုင်ငံလဲဖြစ်သလို မိန်းကလေးတွေကိုပါ ထီးနန်းဆက်ခံခွင့်ရအောင် လမ်းဖွင့်ပေးထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။ 1924 ခုနှစ်မှာ နောက်ဆုံးသတ်မှတ်ပြောင်းလဲခဲ့တဲ့ နန်းတွင်းဥပဒေမှာတော့ ယောကျာ်းလေးမင်းသားတွေမှာသာ ထီးနန်းဆက်ခံခွင့်ရှိပြီးတော့ အမျိုးသမီး မင်းသမီးတွေဟာ ထီးနန်းစောင့်ဆိုင်းစာရင်းမှာ ထည့်သွင်းခြင်းမခံခဲ့ရပါဘူး။ ဒါပေမယ့် 1974 ခုနှစ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နန်းတွင်းဥပဒေအချို့ကို ပြောင်းလဲခဲ့ပြီး ထီးနန်းဆက်ခံခွင့်ကို ကျား/မ မခွဲပဲ တန်းတူရရှိစေနိုင်ရန် ဖန်တီးပေးခဲ့ကြပါတယ်။ အကယ်လို့ ထီးနန်းဆက်ခံမည့် သင့်တော်သူ male hire မရှိပါက ဘုရင့်အတိုင်ပင်ခံကောင်စံ (Privy Council) နဲ့ ပါလီမန်ကနေပြီးတော့ သင့်တော်သူ femal heir ကို ထီးနန်းဆက်ခံခွင့်အတည်ပြုပေးနိုင်မှာဖြစ်ပါတယ်။ ပိုနားလည်အောင်ရှင်းပြရရင် Queen Elizabeth II လိုမျိုး ဘုရင့်ရဲ့သမီးကြီးဖြစ်တာကြောင့် ထီးနန်းကိုအလိုအလျောက် ဆက်ခံခွင့်ရမှာမျိုးတော့မဟုတ်ပဲ ထိုင်းနိုင်ငံဘုရင်ကြီးက သူ့စိတ်ကြိုက် ထီးနန်းဆက်ခံနိုင်မည့်သူ့ male heir ကို နာမည်နဲ့တကွ ထုတ်ပြောအတည်ပြုခြင်းမရှိပါက Privy Council နဲ့ Parliament ကနေ သင့်တော်သူ အမျိုးသမီးထီးနန်းဆက်ခံသူကို အကြံပေးနိုင်မှာပဲဖြစ်ပါတယ်။ သို့ပေမယ့်လဲ မင်းသမီးကြီး Baj ရုတ်တရက် ကိုမာမဝင်သွားခင်အထိ ပြည်သူတွေအားလုံးဟာ ဘုရင်ကြီးက Princess Baj ကို ထီးနန်းဆက်ခံသူအဖြစ် အတည်ပြုပေးမှာလို့မျှော်လင့်ထားကြတာဖြစ်ပါတယ်။ အခုတော့လဲ ထိုင်းနိုင်ငံဟာ သူတို့ရဲ့ ဘုရင်မ (Queen Regnant) အဖြစ်မြင်တွေ့ရနိုင်မယ့် သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ Princess Baj ဟာ ခုလို ကျန်းမာရေးမဖောက်ပြန်ခဲ့ပဲ နတ်ရွာမစံခဲ့ပါလျှင် Aisa ရဲ့ Queen Elizabeth II လိုမျိုး စံနမူနာထားရတဲ့ ဘုရင်မတစ်ပါး ဖြစ်လာမှာ အသေအချာပဲဖြစ်ပါတယ်။



Want your business to be the top-listed Government Service in London?

Click here to claim your Sponsored Listing.

Location

Address


St. James
London
SW1