Myanmar Embassy, Kuwait

Myanmar Embassy, Kuwait

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Embassy, Kuwait, Government Organization, Villa 35, Street 203, Block 2, Al-Salaam Area, South Surra, Kuwait City.

17/06/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲဝင်များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က အထူးဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က အသင့်စောင့်ကြိုလက်ဆွဲနှုတ်ဆက်ကြိုဆိုပြီး နေ့လယ်စာသုံးဆောင်မည့်ခန်းမအတွင်း သို အတူတကွဝင်ရောက်ကာ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
************
: PPIB

Photos from Ministry of Foreign Affairs              Myanmar's post 17/06/2026
15/06/2026

အသိပေးကြေညာခြင်း
၁၆-၆-၂၀၂၆ ရက်(အင်္ဂါနေ့)သည် မြန်မာသံရုံး၊ ရုံးပိတ်ရက်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ကောင်စစ်ဆိုင်ရာအရေးကြီး ကိစ္စရပ်များရှိပါက တယ်လီဖုန်းအမှတ်၊ (+) 965 65840789 နှင့် (+)65 60395031 သို့ ကြိုတင်အကြောင်းကြားဆက်သွယ်၍ ဆောင်ရွက်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။
မြန်မာသံရုံး
ကူဝိတ်မြို့။
၁၅-၆-၂၀၂၆

Central Bank of Kuwait Issues Cybersecurity Advisory on Parcel Scam Messages 13/06/2026

အွန်လိုင်းငွေလိမ်မှုများကို သတိပြုရန် ကူဝိတ်ဗဟိုဘဏ်က သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း အားထပ်ဆင့်အသိပေးခြင်း
၁။ ပစ္စည်းပို့ဆောင်မှုများ (‌parcel or shipment deliveries)ပတ်သက်၍ စာတို(sms)ဖြင့် သံသယဖြစ်ဖွယ် ဆက်သွယ်မှုများကို သတိထားကြရန် ကူဝိတ်ဗဟိုဘဏ်က ၁၂-၆-၂၀၂၆ ရက် နေ့တွင် သတိပေးချက်ထုတ်ပြန်၍ ပြည်သူများကို အသိပေးထားပါသည်။ အဆိုပါထုတ်ပြန် ချက်တွင် စာတို(sms)များကို မိမိတို့တယ်လီဖုန်းများထံသို့ပေးပို့၍ အတည်ပြုချက်တောင်းခံ သည့် သို့မဟုတ် ပစ္စည်းပို့သည်ဆိုသည့် မည်သည့်လင့်(link)ကိုမျှ မနှိပ်မိကြရန်လိုအပ် ကြောင်း၊ ယင်းသို့သံသယဖြစ်ဖွယ် ပေးပို့လာသည့် စာတို(sms)များကို တုံ့ပြန်ခြင်းမပြုကြရန် ဖြစ်ကြောင်း သတိပေးထားပါသည်။ ယင်းသို့သော စာတိုများသည် အများအားဖြင့် ကိုယ်ပိုင် အချက်အလက်များ (personal information) သို့မဟုတ် ငွေကြေးဆိုင်ရာ အချက်အလက် များ (financial information) ခိုးယူရန် ရည်ရွယ်သည့် လှည့်ကွက်များ (phishing) ဖြစ်နေ လေ့ရှိတတ်သောကြောင့်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ကြေညာချက်တွင် ရှင်းပြထားပါသည်။
၂။ ထို့အပြင် မိမိထံ၌ သံသယဖြစ်ဖွယ် ဆက်သွယ်မှုများလက်ခံရရှိလာပါက သက်ဆိုင်ရာ ဌာနများသို့ တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းများမှသာ ဆက်သွယ်၍ အတည်ပြုကြရန် ဖြစ်ကြောင်း၊ တရားဝင်တည်ထောင်ထားသည့် အဖွဲ့အစည်းများ၊ လုပ်ငန်းများသည် သက် ဆိုင်သူများထံသို့ လင့်(link)များ သို့မဟုတ် စာတို(sms)များပေးပို့၍ ကာယကံရှင်၏ အရေးကြီးအချက်အလက်များအား တောင်းခံမှုပြုလုပ်လေ့မရှိသည်ကို အထူးအလေးထား သတိပေးလိုကြောင်း၊ ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ရခြင်းမှာ ဆိုက်ဘာလုံခြုံရေးတိုးမြှင့် ရန်နှင့်အွန်လိုင်းလိမ်လည်မှုများတိုးပွားလာနေသဖြင့် ကူဝိတ်တွင်နေထိုင်သူများကို ကာကွယ် ရန်ဆောင်ရွက်နေသည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းလည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိကြောင်းသိရှိရသည်ကို ထပ်ဆင့်မျှဝေအပ်ပါသည်။
Credit #

Central Bank of Kuwait Issues Cybersecurity Advisory on Parcel Scam Messages KUWAIT CITY, Jun 12: The Central Bank of Kuwait has issued an advisory warning the public against interacting with suspicious messages claiming to be related to...

11/06/2026

ကူဝိတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် သတိပေးချက်

Photos from Myanmar Embassy, Kuwait's post 11/06/2026

ကူဝိတ်လေကြောင်းလိုင်း ကြေညာချက် ထပ်ဆင့် အသိပေးဖော်ပြခြင်း
credit #

Want your business to be the top-listed Government Service in Kuwait City?

Click here to claim your Sponsored Listing.

Location

Telephone

Address


Villa 35, Street 203, Block 2, Al-Salaam Area, South Surra
Kuwait City
47702

Opening Hours

Monday 08:00 - 14:00
Tuesday 08:00 - 14:00
Wednesday 08:00 - 14:00
Thursday 08:00 - 14:00
Sunday 08:00 - 14:00