19/06/2026
ယနေ့ ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ရက်နေ့တွင်
အသက် (၈၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော
ကျွန်တော်တို့နိုင်ငံ၏ လူထုခေါင်းဆောင်
အမေဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် မိမိတို့နယ်မြေအတွင်းရှိ ကျောင်းသား/သူများအား ကျွန်တော်တို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကြာဇံဟင်းဖြင့်
အဟာရဒါနအဖြစ် ကြွေးမွေးလှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ကျွန်တော်တို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်များမှ ကျွန်တော်တို့၏ မိခင် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်နှင့်လူထုအပေါ်ထားရှိသည့် လေးစားအတုယူဖွယ်ရာများအား မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်း ရှင်းလင်းပြောကြားခဲ့ကြပြီး ကျောင်းသား/သူများမှလဲ
အမေဒေါ်အောင်ဆန်းစုကြည် ကျမ္မာပါစေ
အသက်ရာကျော်ရှည်ပါစေ
အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေလို့
မွေးနေ့ဆုမွန်ကောင်းများတောင်းပေးခဲ့ကြပါသည်။
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
12/06/2026
ယခုလို ရဲဘော်များ အဟာရဖြစ်စေရန် ရည်ရွယ်၍
ထမင်းတနှပ်စာ ထောက်ပို့ကူညီလှူဒါန်းပါသော
"တွန်းအား"အား ရဲဘော်များကိုယ်စား
ကျေးဇူးအထူးတင်ပါတယ် ဗျ 🙏
10/06/2026
"သတင်းထုတ်ပြန်ကြေငြာချက်"
အကြောင်းအရာ။ ။မိမိတို့တပ်ဖွဲ့၏ page နာမည် ပြောင်းလဲခြင်းနှင့် Logo ပြောင်းလဲ အသုံးပြုခြင်း ထုတ်ပြန်ကြေငြာခြင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊
မန္တလေးတိုင်း ၊ မန္တလေးခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော မိမိတို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ page တွင် အသုံးပြုလျက်ရှိသော ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရတနာပုံတပ်ဦး နာမည်အစား ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဟု ပြောင်းလဲသုံးစွဲသွားမည်ဖြစ်ကြောင်း နှင့် ရတနာပုံံတပ်ဦး Logoအစား မိမိတို့မြို့နယ်၏ အထင်ကရတစ်ခုအား ကိုယ်စားပြုဖြစ်သော အောက်ပါ Logoဖြင့် ပြောင်းလဲ သုံးစွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
#သတင်းတာဝန်ခံ-ရဲဘော်မိုက်ခဲ
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
23/05/2026
"ရဲဘော်များအတွက် ထောက်ပို့ထီ (အစောင် ၃၀) မေတ္တာလက်ဆောင် အစီအစဉ်"
အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့အတွက် တိုက်ပွဲဝင်နေသော ရဲဘော်ရဲဘက်များအတွက် ကျွန်တော်တို့၏ ချစ်ခင်လေးစားရပါသော တော်လှန်ပြည်သူတစ်ဦးမှတာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုသောအားဖြင့် ထောက်ပို့ထီ လက်မှတ် အစောင်(၃၀) ကို လှူဒါန်းပေးထားပါတယ်။
ဒီထီလက်မှတ်တွေကို ရဲဘော်တစ်ဦးလျှင် (၂) စောင်နှုန်း
ဖြင့် ရဲဘော် (၁၅) ဦးကို မေတ္တာလက်ဆောင်အနေဖြင့် ပြန်လည်ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ထောက်ပို့ထီကံစမ်းလိုတဲ့ ရဲဘော်များအနေနဲ့ ဒီ Post ရဲ့ Comment မှာ "ကံစမ်းပါတယ်" ဟု ရေးပေးရပါမည်။
ပထမဦးဆုံး Comment ရေးသူ (၁၅) ဦးကို ထောက်ပို့ထီများ ပေးပို့သွားမည်ဖြစ်ပါသည်။
ဒါ့အပြင် ရဲဘော်တွေကို ယခုလို လက်ဆောင်ပေးချင်တဲ့ ပြည်သူများအနေနဲ့လည်း ထီတစ်စောင်လျှင် နှစ်ထောင်ကျပ်နှုန်းဖြင့် "ရဲဘော်တွေကို ထောက်ပို့ထီ" လက်ဆောင်
ပေးပို့နိုင်ပါသည်။
ရဲဘော်တစ်ဦးချင်းစီအတွက် ထီလက်မှတ် ဝယ်ယူလှူဒါန်းလိုပါက ကျွန်တော့်တို့ရဲ့ "Page Chat Box" ကနေတစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
#ထောက်ပို့ထီ
#ရဲဘော်များအတွက်
#ပြည်သူ့မေတ္တာ
#ပြည်သူနှင့်ရဲဘော်