Mandalar Hospital

Mandalar Hospital

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalar Hospital, 33rd Street, Between 68th and 69th Streets, Mandalay.

အထက်မြန်မာပြည်၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော 𝐉𝐨𝐢𝐧𝐭 𝐂𝐨𝐦𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 (𝐉𝐂𝐈) အသိအမှတ်ပြုလက်မှတ်ရ နိုင်ငံတကာအဆင့်မီ “မန္တလာဆေးရုံ”

ဖုန်း- 09 423 343 640, 09 423 343 641

21/06/2026

🔔 ကျန်းမာရေးဗဟုသုတ ဉာဏ်စမ်းမေးခွန်းဖြေဆိုပြီး ဖုန်းဘေလ် (၁၀၀၀၀) ကျပ်ရယူပါ 🔔

🏥 “မန္တလာဆေးရုံ”မှ ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတ​များကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မျှဝေပေးသွားမှာ ဖြစ်ပြီး ယခုအပတ်မှာတော့ ”ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီးနောက်ပိုင်းတွင် ရှောင်သင့်သော အစားအစာအုပ်စုများ”ဆိုတဲ့မေးခွန်းရဲ့ အဖြေကို Comment မန့်ပြီး Public ဖြင့် share ပေးဖို့ လိုအပ်ပါတယ်ရှင့်။

လာမယ့်အပတ်တွင် အဖြေမှန်လေးကို Comment မှာ ပြန်လည်ဖြေကြားပေးသွားမှာပါနော်။

အဖြေမှန်ပြီး ယခု Post ကို Share ထားသူများထဲမှ (၁) ဦးအား မဲနှိုက်ရွေးချယ်ပြီး “ဖုန်းဘေလ်/ Kpay 10000 ကျပ်” လက်ဆောင်ပေးသွားမှာဖြစ်တာကြောင့် အခုပဲ အဖြေမှန်ကို ဝင်ရောက်ခန့်မှန်းဖြေဆိုပြီး ဖုန်းဘေလ်ရယူလိုက်ပါ။ 😍

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 940 070 097, 09 941 860 655

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

18/06/2026

လေဖြတ်ခြင်း၊ အရိုးကျိုးခြင်း၊ အရိုးခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်း လှုပ်ရှားရန် ခက်ခဲခြင်း၊ လည်ပင်းနှင့် ခါးနာကျင်မှုများအပြင် အာရုံကြောဆိုင်ရာ ရောဂါများကြောင့် နေ့စဉ်ဘဝအရည်အသွေးများ ကျဆင်းနေပါသလား❓

ဒါဆိုရင်တော့ “မန္တလာဆေးရုံ” ရဲ့ Rehabilitation Center တွင် အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်များ၊ ကျွမ်းကျင် Physiotherapist များမှ လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေအပေါ် အခြေခံ၍ စနစ်တကျ လေ့ကျင့်ကုသပေးလျက်ရှိတာကို အသိပေးပါရစေရှင်…

Mandalar Hospital Rehabilitation Center တွင်-
✅ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာလူနာများ ပြန်လည်သန်စွမ်းရေး
✅ လေဖြတ်ပြီး လူနာများပြန်လည်သန်စွမ်းရေး
✅ အာရုံကြောမကြီးဆိုင်ရာ လူနာများပြန်လည်သန်စွမ်းရေး
✅ အရိုးကျိုးကုသပြီး လူနာများပြန်လည်သန်စွမ်းရေး
✅ အရိုးခွဲစိတ်ပြီးနောက် လူနာများပြန်လည်သန်စွမ်းရေး
✅ ကိုယ်ဝန်ဆောင် မိခင်များနှင့် မီးဖွားပြီးနို့တိုက်မိခင်များ ပြန်လည်သန်စွမ်းရေး
✅ ကလေးသူငယ်နာ အကြောသေပြန်လည်သန်စွမ်းရေး
✅ လည်ပင်းကျီးပေါင်းရောဂါ
✅ ခါးကျီးပေါင်းရောဂါစတဲ့ ရောဂါဝေဒနာများအတွက် “မန္တလာဆေးရုံ” ၏ လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေးဌာန (Rehabilitation Center) တွင် အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်များမှ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကုသပေးလျက် ရှိပါတယ်။

မိဘပြည်သူများအတွက် ပိုမိုအဆင်ပြေစေရန် Physiotherapy Packages ထားရှိပြီး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင် 🥰

Physiotherapy Packages ဝန်ဆောင်မှုများ-

✅ နာကျင်မှုဝေဒနာများ သက်သာစေရန်လေ့ကျင့်ပေးသည့် ကုထုံးများ (Pain Management Physiotherapy Package)

✅ လေဖြတ်လူနာများအား ပြန်လည်လှုပ်ရှားနိုင်ရန် လေ့ကျင့်ကုသပေးသည့် ကုထုံးများ (Stroke Physiotherapy Package)

✅ ဒူးအစားထိုးခွဲစိတ်ပြီးနောက် ပြန်လည်လှုပ်ရှားနိုင်ရန် လေ့ကျင့်ပေးသည့် ကုထုံးများ
(Total Knee Replacement Package)

✅ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးဆိုင်ရာ လေ့ကျင့်ကုသပေးသည့် ကုထုံးများ (Physiotherapy Exercise Program Package)

ဒါကြောင့် စနစ်မှန်ကန်တဲ့ လေ့ကျင့်ကုသမှုတွေရယူနိုင်ဖို့ အခုပဲ “မန္တလာဆေးရုံ” ကို ဆက်သွယ်လိုက်တော့နော်…

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 940 070 097, 09 941 860 655

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

14/06/2026

🩸🌎 ကမ္ဘာ့သွေးလှူရှင်များနေ့ ~ World Blood Donor Day 2026) 🌎🩸

🩸 လူတိုင်း အသက်ရှင်ရပ်တည်နိုင်မှုအတွက် သွေးသည် မရှိမဖြစ်လိုအပ်သော အဖိုးတန်အရင်းအမြစ်တစ်ခုပါ။ သွေးလှူဒါန်းခြင်းသည် လူ့အသက်ကို ကယ်တင်ပေးနိုင်သည့် အမြင့်မြတ်ဆုံး ကုသိုလ်ပြုလုပ်မှုများထဲမှ တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ သွေးလှူရှင်များ၏ စေတနာနှင့် ပေးဆပ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ (၁၄) ရက်နေ့ကို “World Blood Donor Day – ကမ္ဘာ့သွေးလှူရှင်များနေ့” အဖြစ် သတ်မှတ်ပြီး အထိန်းအမှတ်ဂုဏ်ပြုပွဲများ နှစ်စဉ်ကျင်းပလျက်ရှိပါသည်။

ယခုနှစ်ရဲ့ ဆောင်ပုဒ်လေးကတော့ “One Drop of Humanity. Give Blood. Save Lives.”- “လူသားချင်းစာနာမှု သွေးတစ်
စက်၊ အသက်များစွာအတွက် မျှော်လင့်ချက်တစ်စက်။ သွေးလှူပါ၊ အသက်ကယ်ပါ။” ဖြစ်ပြီး လူသားတစ်ဦးချင်းစီ၏ စေတနာ၊ မေတ္တာနှင့် မျှဝေကူညီလိုသော စိတ်ဓာတ်ကို ကိုယ်စားပြုထားပြီး သွေးတစ်စက်လှူဒါန်းခြင်းဖြင့် အသက်အန္တရာယ်ကြုံတွေ့နေရသော လူနာများစွာ၏ အသက်ကို ကယ်တင်နိုင်ကြောင်း အလေးပေးဖော်ပြထားပါတယ်။

🩸 သွေးလှူဒါန်းခြင်းသည် မြင့်မြတ်သော လှူဒါန်းမှုတစ်ရပ်
ဖြစ်သလို သွေးလိုအပ်နေသော လူနာများအတွက်လည်း အဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခုပါ။

ဒါ့ကြောင့် သွေးလှူဒါန်းလိုသူများအနေဖြင့် အောက်ပါအချက်များကို သိရှိထားသင့်ပါတယ်ရှင်။ 😍

🩸 သွေးလှူရှင်များ သိထားသင့်သော အချက်များ

🔸 အသက် (၁၈) နှစ်မှ (၅၅) နှစ်အတွင်း ဖြစ်ရပါမည်။
🔸 အမျိုးသားများအနေဖြင့် ကိုယ်အလေးချိန် (၁၁၀) ပေါင်နှင့်အထက်၊ အမျိုးသမီးများအနေဖြင့် (၁၀၀) ပေါင်နှင့်အထက် ရှိရပါမည်။
🔸 သွေးမလှူမီ အိပ်ရေးဝဝ အနားယူထားသင့်ပါသည်။
🔸 ကျန်းမာရေးကောင်းမွန်ပြီး ဖျားနာခြင်းမရှိရပါ။
🔸 ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ သွေးလှူဒါန်း၍ မရပါ။
🔸 အရက်သောက်သုံးထားခြင်း၊ လတ်တလော ဓမ္မတာလာနေခြင်း မရှိရပါ။

🩸 သွေးလှူပြီးနောက် ဆောင်ရန် / ရှောင်ရန်များ

🔹 သွေးလှူပြီးနောက် (၁၀) မိနစ်ခန့် လဲလျောင်းအနားယူပြီး (၁၅) မိနစ်ခန့် ထိုင်၍ အနားယူပါ။
🔹 အာဟာရပြည့်ဝသော အစားအသောက်များနှင့် ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပါ။
🔹 သွေးလှူသည့်နေ့တွင် ပင်ပန်းသော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
🔹 သွေးလှူပြီး (၃) လပြည့်ပါက ပြန်လည်လှူဒါန်းနိုင်ပါသည်။

🙏 ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာမှုကို လက်တွေ့ဖော်ဆောင်ပြီး အသက်များစွာကို ကယ်တင်နိုင်ရန် သွေးလှူဒါန်းခြင်းဖြင့် ပါဝင်အားဖြည့်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ယနေ့ကျရောက်တဲ့ “ကမ္ဘာ့သွေးလှူရှင်များနေ့”ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 😍

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 940 070 097, 09 941 860 655

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

Photos from Mandalar Hospital's post 12/06/2026

🏥 “မန္တလာဆေးရုံ” မှ တိုးချဲ့ဖွင့်လှစ်ထားသည့် “မန္တလာအထူးကုဆေးခန်း” မှာ ပြည်သူချစ် အနုပညာရှင်များဖြစ်သော ကိုချာလီ၊ မဒီး၊ ညီမလေး စံထိပ်ထားဦးတို့ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သွားခဲ့ကြပါတယ်။ 🌟🥰✨

ကျွန်မတို့ “မန္တလာဆေးရုံ” မိသားစုဝင်များအနေနဲ့ ပြည်သူချစ် အနုပညာရှင်များကို အခုလို ကျန်းမာရေးစစ်ဆေးပေးခွင့်ရခဲ့သည့်အတွက် ဝမ်းမြောက်ရပြီး အမှတ်တရပုံရိပ်လေးများကို ပြန်လည်ဝေမျှပါရစေ 🥰

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 940 070 097, 09 941 860 655

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

11/06/2026

ဆီးချိုသွေးချိုရောဂါရှိပါက အောက်ပါစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်သင့်ပါတယ်❗️

ဆီးချိုသွေးချိုရောဂါရှိသူများအနေနဲ့-

✅ သွေးတွင်း သကြားဓါတ်(HbA1C) စစ်ဆေးခြင်း
✅ သွေးပေါင်ချိန်တိုင်းတာစစ်ဆေးခြင်း
✅ ကိုယ်အလေးချိန်စစ်ဆေးခြင်း
✅ ဆရာဝန်နဲ့ ပုံမှန်တွေ့ဆုံစစ်ဆေးခြင်းများ ပုံမှန်
ပြုလုပ်သင့်ပါတယ်။

ဆီးချိုရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်
နိုင်မလဲဆိုတဲ့အချက်တွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

🏃‍♂️ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
⚖️ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း
😌 စိတ်ဖိစီးမှုကို လျှော့ချခြင်း
🚭 ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
😴 လုံလောက်စွာ အိပ်စက်အနားယူခြင်း
🍌 အမျှင်ဓါတ်ပါသော အစားအစာများများစားခြင်း
💧 ရေများများသောက်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွါးမှုကို ကာကွယ်နိုင်ပါတယ်။

အကယ်၍ သင့်တွင် ဆီးချိုသွေးချိုရောဂါရှိနေပါက “မန္တလာဆေးရုံ” တွင် ဆီးချိုသွေးချိုအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ စနစ်တကျ စစ်ဆေးကုသမှုများ ခံယူနိုင်ပါပြီ။

📞 ဒါ့အပြင် “မန္တလာဆေးရုံ”တွင် Diabetes Packages များလည်းရှိတာကြောင့် အခုပဲ ရက်ချိန်းယူ၍ သင့်ကျန်းမာရေးကို ကြိုတင်ကာကွယ်စောင့်ရှောက်လိုက်ပါ။

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 940 070 097, 09 941 860 655

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

Photos from Mandalar Hospital's post 09/06/2026

🌍 World Environment Day Event 🌱 🌿

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်များအတွက် ပိုမိုစိမ်းလန်းသန့်ရှင်းသော ကမ္ဘာမြေကြီးတစ်ခုကို ဖန်တီးပေးနိုင်မည့် အရေးကြီးသော တာဝန်တစ်ရပ်ပါ။🌿

🌍 🌱“သဘာဝကို ချစ်မြတ်နိုးပါ၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ” ဟူသော ရည်ရွယ်ချက်ဖြင့် အပင်များစိုက်ပျိုးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများကို မျှဝေဆောင်ရွက်ခဲ့ကြသည့် World Environment Day Event မှ အမှတ်တရပုံရိပ်လေးများကို ပြန်လည်မျှဝေပါရစေရှင့် 💚

🌱 စိမ်းလန်းသန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရေးအတွက် လူတိုင်းအတူတကွ ပူးပေါင်းပါဝင်ကြပါစို့။ 🌎💚

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 940 070 097, 09 941 860 655

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

04/06/2026

📣 Mandalar Hospital Customer Service Hotline Numbers Updated ☎️

လူနာများနှင့် မိသားစုဝင်များအတွက် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူအဆင်ပြေစွာ ရယူနိုင်စေရန် “မန္တလာဆေးရုံ” ၏ Customer Service Hotline ဖုန်းနံပါတ်များကို အောက်ပါအတိုင်း အပ်ဒိတ်ပြုလုပ်ထားကြောင်း အသိပေးအပ်ပါသည်။ 📢

📞 Customer Service Hotline Numbers

☎️ 09-423 343 640

☎️ 09-423 343 641

☎️ 09-9400 700 97

☎️ 09-941 860 655

💁‍♀️ အောက်ပါဝန်ဆောင်မှုများနှင့် ပတ်သက်၍ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်…

📌 ဆရာဝန်ကြီးများနှင့် ရက်ချိန်းကြိုတင်ရယူခြင်း

📌 အထူးကုဆရာဝန်ကြီးများ၏ ဆေးကုသမှုအစီအစဉ်များ စုံစမ်းမေးမြန်းလိုခြင်း

📌 ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ အချက်အလက်များ သိရှိလိုခြင်း

📌 အရေးပေါ်ကျန်းမာရေးအကူအညီများ လိုအပ်ခြင်း

📌 ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်သော အကြံပြုချက်များ၊ မေးမြန်းချက်များ ပြုလုပ်လိုခြင်း စတဲ့ ဝန်ဆောင်မှုများကို မန္တလာဆေးရုံ၏ Customer Service Team မှ လူနာများ၏ လိုအပ်ချက်များကို ဂရုတစိုက်
နားထောင်ပေးပြီး လျင်မြန်တိကျသော ဝန်ဆောင်မှုများပေးနိုင်ရန် အမြဲအသင့်ရှိနေပါသည်။ 😍

🏥 မန္တလေးမြို့ရှိ “မန္တလာဆေးရုံ”ဟာဆိုရင် JCI အသိအမှတ်ပြု လက်မှတ်ရ ဆေးရုံကြီးဖြစ်ပြီး နိုင်ငံတကာအဆင့်မီ လူနာဗဟိုပြုကျန်းမာရေးစောင့်ရှောက်မှုများဖြင့် လူနာများ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းကုသပေးလျက်ရှိပါသည်။

“ သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ ”

“မန္တလေးမြို့”

🏥 လိပ်စာ - ၃၃ လမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။





01/06/2026

🏃‍♂️🏁 81 Electronic 10KM Fun Run ပြေးပွဲကြီးတွင် Mandalar Hospital မှ Official Medical Partner အဖြစ် ပါဝင်ခွင့်ရရှိသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။ ❤️

ဝင်ရောက်ယှဉ်ပြိုင်သူများ(Participant)အားလုံး ပြေးပွဲတစ်လျှောက် ဘေးကင်းလုံခြုံစွာဖြင့် အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသနိုင်စေရန်အတွက် “မန္တလာဆေးရုံ” ၏ အတွေ့အကြုံရှိ ဆေးဘက်ဆိုင်ရာအဖွဲ့များမှ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သော ဆေးဘက်ဆိုင်ရာအကူအညီများကို အပြည့်အဝ ပံ့ပိုးပေးကူညီပေးသွားပါမည်။

ဒါ့အပြင် ပြိုင်ပွဲတွင် အနိုင်ရရှိမည့် Champion Runner များအား ဂုဏ်ပြုချီးမြှင့်ရန်အတွက် Mandalar Hospital မှ အထူးဆုလက်ဆောင်များကိုလည်း စီစဉ်ပေးအပ်သွားမည်ဖြစ်ပါသည်။ 🎁🏆

🏃‍♂️ ကျန်းမာခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်းနှင့် အားကစားစိတ်ဓာတ်တို့ကို မြှင့်တင်ပေးမည့် 81 Electronic 10KM Fun Run ပြေးပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသူအားလုံး အောင်မြင်စွာ ပန်းဝင်နိုင်ကြပါစေရှင် ❤️

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 4000 940 15, 09 4000 940 17

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

81 Electronic 10KM Fun Runပြေးပွဲကြီးမှာ Mandalar HospitalကOfficial Medical Partnerအဖြစ် ဂုဏ်ယူစွာ ပါဝင်အားဖြည့်ပေးထားပါတယ်ခင်ဗျာ။

Runner များအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ စိတ်အေးချမ်းသာစွာ အောင်ပန်းဆင်နိုင်ဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေကို ပွဲစဥ်တစ်လျှောက်လုံးမှာ ကျွန်တော်တို့ မန္တလာဆေးရုံကြီးက အပြည့်အဝ တာဝန်ယူ စောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။

ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့ MRR နဲ့အတူ အောင်မြင်စွာ ပန်းဝင်ကြပါစေ... 🏁❤️

https://www.facebook.com/MandalarHospital?mibextid=wwXIfr&mibextid=wwXIfr






29/05/2026

📣 Job Vacancy Announcement, We’re Hiring 📣

🏥 “မန္တလာဆေးရုံ” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိပါသည်။

Job Title : Maintenance Engineer
Department : Maintenance & Engineering
Employment Type : Full-Time

📑 Qualifications
• Degree in Engineering, BE or B-Tech.
• Technical skills in areas such as electrical systems, plumbing, HVAC, or general maintenance.
• Relevant work experience in maintenance, preferably in a healthcare or hospital setting.
• Basic understanding of building systems, equipment, and tools used in maintenance work.
• Problem-solving and troubleshooting skills.
• Ability to work independently and as part of a team.
• Good communication and interpersonal skills

✅ Benefits & Perks
-Attractive Salary
-Medical Benefit
-Leave as per organization's policy
-Personal and Professional Development
-Loyalty Bonus

▶️ Apply by sending your CV form to the email below 👇

📧 Email : [email protected]

📞 Phone & Viber : 09 799 529 965

28/05/2026

☪️ Happy Eid Al-Adha Mubarak 🌙

ယနေ့ မေလ (၂၈)ရက်နေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့မြတ်မှာ အစ္စလာမ်ဘာသာဝင် မိသားစုဝင်များနှင့် အသိမိတ်ဆွေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဘေးရန်ကင်းကွာနိုင်ပါစေကြောင်း “မန္တလာဆေးရုံ မိသားစု” မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။ 🙏

“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

“မန္တလာဆေးရုံ”

☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641, 09 4000 940 15, 09 4000 940 17

🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


33rd Street, Between 68th And 69th Streets
Mandalay