26/05/2026
🪷လူတွေရဲ့ကျန်းမာခြင်းနဲ့အသက်ရှည်ခြင်းဟာ
ဘယ်အပေါ်မှာ တည်နေတုန်း ဆိုရင်
ဥတုနဲ့အာဟာရအပေါ်မှာ တည်နေတာပဲဖြစ်တယ်။
သို့သော် မြန်မာလူမျိုးတွေက
ကံကို ယုံကြည်အားကိုးတဲ့ လူတွေ ဆိုတော့
ကံကောင်းရင် ကျန်းမာတယ်လို့ပဲ ထင်ကြတာ။
မဟုတ်ဘူး။
ကျန်းမာခြင်းရဲ့အကြောင်း၊အသက်ရှည်ခြင်းရဲ့
အကြောင်းဟာ ဥတုနဲ့ အာဟာရပဲ ဖြစ်တယ်။
ထင်ရှားတဲ့ သက်သေ သာဓက ကို ကြည့်။
ဂေါတမ မြတ်စွာဘုရားနဲ့ ကဿပမြတ်စွာဘုရားတို့ဟာ ကံချင်းယှဥ်လိုက်လျှင် ဘုရားဖြစ်ဖို့ ပါရမီဖြည့်ကြတာခြင်းတူတူမို့ ကုသိုလ် ကံအားဖြင့် တူကြတယ်။
သို့သော် ကဿပ မြတ်စွာဘုရားက
သက်တော် နှစ်သောင်းထိ အောင် နေရပြီး ဂေါတမ မြတ်စွာဘုရားကျတော့ သက်တော် တစ်ရာ မပြည့် ရှစ်ဆယ်ပဲ နေရတယ်။
ဒါဘာကြောင့်လဲ။
အဖြေကိုရှာကြည့်။ဥတုနဲ့အာဟာရပဲ။
ဂေါတမမြတ်စွာဘုရားနဲ့ ကြုံတွေ့ရတဲ့ ဥတု၊ဘုဥ်းပေးသုံးဆောင်ရတဲ့ အာဟာရဟာ လူရဲ့ခန္ဓာကိုယ်ကို
နှစ်တစ်ရာထက် ပိုပြီးတော့ Sustainမလုပ်နိုင်ဘူး။
ကဿပမြတ်စွာဘုရားရှင်လက်ထက်က ဥတုနဲအစာအာဟာရ တွေဟာ အနှစ် နှစ်သောင်းထိအောင် Sustain လုပ်နိုင်တယ်။ထိန်းသိမ်းနိုင်တယ်။ဒီနေရာမှာ ကံ မဟုတ်ဘူး။
ဒါကြောင့်မို့လို့ အသက်ရှည်ချင်တယ်။
ကျန်းမာချင်တယ်။ဘဝမှာ အောင်မြင်ချင်တယ် ဆိုလို့ရှိရင် ဟောဒီ့လေ့ကျင့်ခန်းတွေကို သတိထားပြီး လေ့ကျင့်ဖို့ပဲ။
ဒီလို လေ့ကျင့် ပေးလိုက်လို့ရှိရင်
ဘယ်အလုပ်ပဲ လုပ်လုပ် သတိထားတတ်လာမယ်။
အကျိုးအပြစ်ကို စီစစ် ဆင်ခြင်တတ်လာမယ်။
သတိက ကိုယ်လုပ်မယ့်အရာကို အာရုံစူးစိုက် တတ်ခြင်း၊သမ္ပဇဥ်ည ကအကျိုးအပြစ်ကို ဆင်ခြင်သုံးသပ်တတ်ခြင်း၊ဒီနှစ်ခု ပေါင်းစပ်လိုက်ပြီဆိုလို့ရှိရင် ရလဒ်ကောင်းတွေ ထွက်လာမှာသေချာတယ်။
ဒါကြောင့်မို့လို့
အထူးတလည် မြတ်ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း မြတ်စွာဘုရားက သတိရှိရှိ၊ဆင်ခြင်တုံ တရားရှိရှိ၊နေကြ။ဒါ ငါ့ရဲ့ အဆုံးအမပဲ။လို့ ရဟန်းတွေ ကို ဆုံးမခဲ့တာပဲ ဖြစ်တယ်။ဒါလူတိုင်းအတွက် ဆုံးမသြဝါဒပေးတာပဲ။လူတိုင်းအတွက် အကျိုးရှိတဲ့အရာ။ပဲဖြစ်တယ်။ပေါ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ
#စာပေရနံ့
#ပါချုပ်ဆရာတော်ဘုရားကြီး
#စာပေမျှဝေရာ
25/05/2026
ကိုယ်တစ်ယောက်တည်း နေရင်းကနေ ကြာလာရင် တစ်ယောက်တည်းပဲ နေတတ်သွားမယ်ထင်ပါတယ် ။
ပူပင်စရာတွေလဲ သိပ်များများစားစား
မတွေးဖြစ်သလို
ကိုယ်နဲ့ မဆိုင်ဘူးဆိုတဲ့ ရပ်ဝန်းတွေကိုလဲ ရှောင်ပါတယ် ။
ကိုယ့်အတွက် သိပ်ငယ်ရတဲ့ ရပ်ဝန်းတွေ
အေးစက်စက် ဖြစ်နေတဲ့ ဆက်ဆံရေးတွေ
လူတချို့ ၊ ပတ်ဝန်းကျင် တချို့ကိုလဲ
ကိုယ်ချန်ထားခဲ့ဖို့ သေချာပါတယ် ။
မနက်ဖြန်တွေကို သိပ်များများစားစား
မတွေးတော့ဘူး ။
မနက်ဖြန်ကျရင်လေဆိုတဲ့ အတွေးမျိုးတွေနဲ့
မနိုးထဖြစ်တော့ဘူး ။
ဘဝကိုလေ ရှိသလောက်လေး ၊ ရသလောက်လေးနဲ့ပဲ
ရောင်ရဲတင်းတိမ်နိုင်အောင် ကြိုးစားမယ် ။
ဖြစ်လာတဲ့အရာတွေ ကြုံလာတဲ့ အရာတွေကိုလဲ
လက်ခံနိုင်အောင် ပိုပြီးကြိုစားသွားမယ် ။
တစ်နေ့တာမှာ ငါဘာလုပ်ရမယ်ဆိုတဲ့ အတွေးလေးနဲ့
တိတ်တိတ် ဆိတ်ဆိတ်လေးဖြတ်သန်းနိုင်အောင်ကြိုးစားမယ် ။
ဘဝအတွက် အဖော်မွန်ဟာ ကော်ဖီတွေလဲ
ဖြစ်နိုင်သလို
စာအုပ်ကောင်းတွေလဲ ဖြစ်နိုင်တယ် ။
ဘဝကို ပိုပြီးအေးချမ်းဖို့အတွက်
တိတ်ဆိတ်တဲ့ ပတ်ဝန်ကျင်းရှိဖို့ရယ်၊
လူတွေအများကြီးနဲ့ စကားမပြောဖြစ်ဖို့ရယ်၊
ပူပင်စရာတွေကို မယူတတ်ဖို့ရယ် ဘဝကို
အကောင်းဆုံး ရှင်သန်တတ်ဖို့ရယ်ပဲ လိုပါတယ် ။
#ဦးပိုင်(ပဲခူး)
#စာပေရနံ့
#ဗဟုသုတမျှဝေရာ #ဘဝစာပေ #စာပေမျှဝေရာ #သုတရသ #foryoupageシ #စာဖတ်ရင်းအေးချမ်းကြပါစေ
24/05/2026
တွေ့ဆုံမှုတိုင်းက ကံစီမံရာအတိုင်းပါပဲ
တွေ့ဆုံမှုတိုင်းက အကြောင်းမဲ့ မဟုတ်ပါဘူး။
ကျိုးကြောင်းဆက်စပ်မှုဆိုတာ ပါလာပြီးသားပါ။
ဘဝမှာ ကိုယ်နဲ့ ပတ်သ.တ်ရတဲ့ လူတိုင်းဟာ
သံသရာ အဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့် (ဒါမှမဟုတ်)
ဝဋ်ကြွေးကြောင့် လာဆုံကြရတာပါ။
တချို့က ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
သူတို့က ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ။
တချို့ကတော့ ကိုယ့်ဆီကနေ
ကြွေးသစ်ယူသွားကြတဲ့ သူတွေလဲ ရှိမှာပေါ့လေ။
ရေစက်ကြောင့် ဆုံလာရင်တော့
တွေ့ဆုံခြင်းကို တန်ဖိုးထားပါ။
ရေစက်ကုန်လို့ ခွဲရရင်လည်း ပြုံးနေနိုင်ပါစေ။
ဝဋ်ကြွေးကြောင့် ဆုံလာရရင်လည်း
ကြေအောင်ဆပ်ရမှာပေါ့။
တကယ်တော့ ဘဝဆိုတာက
ထင်သလောက် မရိုးရှင်းပါဘူး။
ဆုံတွေတိုင်းလည်း ရေစက်ကြောင့်လို့ဆိုပြီး
ဝမ်းသာနေလို့ မရဘူး။
ဝဋ်ကြွေးဖြစ်နေခဲ့ရင်လည်း ရှောင်လွှဲလို့မှ မရတာ။
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိကြရတာပါပဲ။
အကြောင်းရှိလို့ အကျိုးဖြစ်လာတာ။
သူဘာသာ အလိိုလို ဖြစ်လာတာ မဟုတ်ဘူးလေ။
ကိုယ်က ကောင်းပါရဲ့နဲ့
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ
စော်ကားတာကို ခံရတဲ့အခါ
ငြိုငြင်တာကို ခံရတဲ့အခါ
အထင်လွဲတာကို ခံရတဲ့အခါ
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ။
ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ
တစ်ခုပြီးတစ်ခု ကျေသွားတယ်လို့ပဲ
သဘောထားလိုက်ပါ။
ဒါကြောင့် ဘယ်သူ့အပေါ်ကိုမှ
သံယောဇဥ် သိပ်မတွယ်နဲ့။
ခံရတဲ့သူက အဟောင်းခံရတာပါ
လုပ်တဲ့သူကသာ အသစ်လုပ်နေတာပါ။
ဒါလေးကို သိထားရင်
ဝဋ်ကြွေးဆို အသစ် ထပ်မယူပါနဲ့။
တချို့အခြေအနေတွေက
နာကျင်စရာ ကောင်းပေမယ့်
များများပေးဆပ်ရရင်
မြန်မြန်ကျေတယ်လို့ တွေးပြီး
ဝဋ်ကြွေးဆပ်တယ်လို့ သဘောထားရင်း
အဆင်မပြေလည်း အခြေအနေတချို့ကို
ကျေနပ် လက်ခံလိုက်ပါ။
ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး
ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ပဲ
ဖြစ်လွယ်ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ရေစက်ကြောင့်ပဲဆုံဆုံ ဝဋ်ကြွေးကြောင့်ပဲဆုံဆုံ
အတတ်နိုင်ဆုံး စိတ်ကောင်းလေးတော့
ထားပေးလိုက်ပါ။
ဘဝမှာ တချို့အရာတွေက
ကံစီမံရာအတိုင်း ရှောင်လွဲမရနိုင်တဲ့ အရာတွေ
ဖြစ်နေလို့ပါပဲ။
ဘဝမှာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ
ဝဋ်ကြွေးနဲ့တော့ မဆုံချင်ဘူး။
ရေစက် အဖြစ်နဲ့သာ ဆုံတွေ့ချင်ပါတယ်....။
to original writer ✍️
#စာပေရနံ့
#ဘဝစာပေ #ဗဟုသုတမျှဝေရာ #သုတရသ #foryoupageシ #စာဖတ်ရင်းအေးချမ်းကြပါစေ
20/05/2026
ဝဋ် ဆိုတာကို မမေ့ပါနဲ့
-------------------------
သံသရာမှာ ရှောင်လွဲလို့ရတဲ့အရာတွေထဲ
"ဝဋ်" ဆိုတဲ့ စကားလုံး မပါဘူး။
ပြုသမျှ ကံရဲ့အကျိုးကို မလွဲမသွေ ခံစားရမှာပါ။
ကိုယ့်ရဲ့ လုပ်ရပ်တိုင်းကို
လူတစ်ယောက်ချင်းစီက မသိနိုင်ပေမယ့်
"ဝဋ်" ဆိုတဲ့အရာကတော့ သိနေပါတယ်။
တချို့က ငါလုပ်နိုင်တယ် ငါပြောလို့ရတယ်
ငါအနိုင်ယူလိုက်ရတယ်ဆိုပြီး
မာန်မာနတွေ ထားတတ်ကြတယ်။
ဒါကိုပဲ အဟုတ်ကြီး ထင်မှတ်နေကြတယ်။
လူတစ်ယောက်ရဲ့ ယုံကြည်မှုကို
အလွဲသုံးစား လုပ်ခဲ့ဖူးရင်
တစ်နေ့ သင့်ရဲ့ ယုံကြည်မှုကို
ချိုးဖောက်သူနဲ့ ဆုံတွေ့ရတတ်တယ်။
လူတစ်ယောက်ရဲ့ အားနည်းချက်ကို
သင် နှိမ့်ချခဲ့ဖူးရင်
သင့် အားနည်းချက်ကို ချိုးနှိမ်မယ့်သူ
တစ်နေ့မဟုတ် တစ်နေ့ ပေါ်လာမှာပါ။
တခြားသူတွေရဲ့ မကောင်းကြောင်းကို
သင် ပြောခဲ့ဖူးရင်
သင့်ရဲ့မကောင်းကြောင်းကိုလည်း
နောက်ကွယ်မှာ ပြောမယ့်သူက
အသင့် ရှိနေပြီးသားပါ။
တခြားသူတွေရဲ့ မိသားစု အသိုက်အမြုံကို
ဖျက်စီးခဲ့ဖူးရင်
တစ်နေ့ သင့်ရဲ့မိသားစုပြိုကွဲအောင်
လုပ်တတ်တဲ့သူနဲ့ တွေ့ရပါလိမ့်မယ်။
လောကမှာ လူတိုင်းက
အတ္တ အနည်း အများတော့ ရှိကြတာပဲလေ
သို့ပေမယ့် ကိုယ့်ချင်းစာတတ်တဲ့ စိတ်တော့
လူတိုင်းမှာ ရှိမနေကြပါဘူး။
လောကမှာ လူတိုင်းက
" သူ့နေရာမှာ ငါသာဆိုရင်" စိတ်လေးတွေ
ထားနိုင်ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲ .........။
to original writer ✍️
#စာပေရနံ့
#ဗဟုသုတမျှဝေရာ #သုတရသ #ဘဝစာပေ #စာပေမျှဝေရာ #foryoupageシ #စာဖတ်ရင်းအေးချမ်းကြပါစေ
19/05/2026
ဘဝဆိုတာ …….
အဝတ်ဗလာနဲ့ လာခဲ့တယ်။
အဝတ်တစ်ထည်, ကိုယ်တစ်ခုနဲ့ပဲ
ပြန်သွားကြရတယ်
ငိုကြွေးပြီး ရောက်လာကြတယ်။
ငိုကြွေးကြပြီး ပြန်သွားရတယ်။
ဥစ္စာဓန ပစ္စည်းတွေ မပါဘဲ လာခဲ့တယ်။
ဥစ္စာဓန ပစ္စည်းတွေ ထားပြီးပဲ ပြန်ရမယ်။
တစ်စုံတစ်ယောက်ကပဲ
ပထမဆုံး ရေချိုးပေးသလို..
တစ်စုံတစ်ယောက်ကပဲ
နောက်ဆုံး ရေချိုးပေးမှာပါပဲ။
ဘဝဆိုတာ ဒါပဲလေ
ဘာကြောင့်များ
မနာလိုမှုတွေ၊ ဝန်တိုမှုတွေ
အငြိုးတေးတွေ၊ မာန်မာနတွေ
အမုန်းတွေ၊ မကျေမချမ်းမှုတွေ၊
လောဘ ဒေါသ မောဟ တွေ
များနေကြရမှာပါလဲ...???
လက်ဗလာချည်း ပြန်ကြရမယ့်
သူတွေချည်းပါပဲ။
တစ်ဦးနဲ့တစ်ဦး
ကြင်နာပါ၊ ဖေးမပါ၊ ကူညီပါ။
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ရမှာက
အကန့်အသတ်လေးနဲ့မို့...
အချိန်တွေကို တန်ဖိုးထားကြပါ။
တကယ်ဆို-
ဘဝမှာ ကုသိုလ်, အကုသိုလ်ကံကလွဲပြီး
ကိုယ့်နောက်ပါတာ ဘာတစ်ခုမှ မရှိပါဘူး
to original writer ✍️
#စာပေရနံ့
#ဗဟုသုတမျှဝေရာ #foryoupageシ #ခွန်အားရှိသောစာတ်ိုများ #ဘဝစာပေ #သုတရသ #စာဖတ်ရင်းအေးချမ်းကြပါစေ
18/05/2026
🌹ပြန်မရနိုင်တဲ့အရာ….🌹
ကျွန်မတို့ဘဝမှာ တစ်ခါဆုံးရှုံးသွားရင် ပြန်မရနိုင်တော့မယ့်အရာတွေများစွာရှိပါတယ်…။ ငယ်ရွယ်နုပျိုခဲ့တဲ့အချိန်တွေ…ပျော်ရွှင်မှုတွေ…ယုံကြည်မှု..ဂုဏ်သိက္ခာ..ချစ်ခြင်းမေတ္တာ…နှုတ်ထွက်စကားတွေဆိုတာ…ဆုံးရှုံးပြီးသွားတဲ့အခါ ပြန်မရနိုင်တော့ပါဘူး…။ ငယ်ငယ်တုန်းက ဓါတ်ပုံလေးတွေကို ပြန်ကြည့်မိတဲ့အခါတိုင်း…နုနယ်ပျိုမျစ်လှပခဲ့ဖူးတဲ့အချိန်လေးတွေကို လွမ်းဆွတ်မိရုံသာ…တတ်နိုင်ပါတော့တယ်…။ ဒီအချိန်တွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးပြီ…။ ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး…။ အောင်မြင်ခဲ့ဖူးတဲ့အချိန်တွေ…ပျော်ရွှင်ခဲ့ဖူးတဲ့အချိန်တွေဟာ…ပြန်တွေးလိုက်တိုင်း…တသသလွမ်းစရာကောင်းနေရုံပါပဲ…။ ဒီအချိန်တွေကို ပြန်မရနိုင်တော့ပါဘူး…။ ဒါကြောင့် ဘဝရဲ့ နေ့ရက်တိုင်းအချိန်တိုင်းကို …ကျေနပ်ပျော်ရွှင်စွာဖြတ်သန်းတတ်ဖို့ အရေးကြီးပါတယ်…။
လူတစ်ယောက်အပေါ် ယုံကြည်စိတ်ချစွာ..ခင်မင်နှစ်လိုခဲ့ပေမယ့်…ဒီယုံကြည်မှုကို သူ့ဘက်က တစ်ကြိမ်လေး ဖောက်လွဲဖောက်ပြန် အလွဲသုံးစားလုပ်ခဲ့ပြီဆိုရင်…ကျိုးပဲ့သွားတဲ့ ယုံကြည်မှုဟာ အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ပါဘူး…။ လူနှစ်ယောက်ကြားမှာ ယုံကြည်မှုဆိုတာ သိတ်ကိုတန်ဖိုးထားစရာ..တန်ဖိုးရှိတဲ့အရာပါ…။ ဒီယုံကြည်မှုကို တည်ဆောက်ဖို့ အချိန်တွေအကြာကြီးယူပြီး တည်ဆောက်ရတာဖြစ်ပါတယ်…။ လူတစ်ယောက်ကို ယုံကြည်စိတ်ချနေမိပြီဆိုရင်…သူ့အနားမှာ နေနေရတာကိုက လုံခြုံနွေးထွေးမှုအပြည့်ရှိစေပါတယ်…။ သူဘာပြောပြော..ဘာလုပ်လုပ်..သံသယမရှိ ယုံကြည်စိတ်ချလို့နေတာပါပဲ…။ အဲ့ဒီယုံကြည်မှုကို …မုသားစကားတစ်ခုခုကြောင့်ဖြစ်စေ…သစ္စာဖောက်တဲ့အပြုအမူတစ်ခုကြောင့်ဖြစ်စေ….ချိုးဖျက်ခံလိုက်ရပြီဆိုရင်တော့…ဒီယုံကြည်မှုဟာ…တစ်စစီပြိုကွဲပျက်ဆီးသွားရတော့တာပါပဲ…။ ဒီယုံကြည်မှုမျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး…။ ဒါကြောင့်…ယုံကြည်စိတ်ချမှုတစ်ခုကို ရထားပြီးရင်..ဘယ်လိုအကြောင်းမျိုးနဲ့မှ ဒီယုံကြည်မှုကို အလွဲသုံးစားမလုပ်မိဖို့ အရေးကြီးပါတယ်…။
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာလည်း ဒီအတိုင်းပါပဲ…။ သူ့ရဲ့သီလ သမာဓိနဲ့ ကိုယ်ကျင့်တရားဟာ…လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပါပဲ…။ ဒီလူတစ်ယောက်ဟာ…ငါးပါးသီလနဲ့ပြည့်စုံသူ…တည်ကြည်ရိုးသားဖြောင့်မတ်သူ…ကိုယ်ကျင့်တရားနဲ့ပြည့်စုံသူဆိုရင်…သူဟာ ဂုဏ်သိက္ခာရှိသူပါပဲ…။ ဆင်းရဲတာ..ချမ်းသာတာ..ပညာရှိတာ..ပညာမဲ့တာ…အောင်မြင်တာ..မအောင်မြင်တာနဲ့ မဆိုင်ပါဘူး…။ မလိမ်မညာတတ်သူ..မှန်ကန်တဲ့စကားပဲဆိုတတ်သူ..မကောင်းတဲ့အကုသိုလ်အလုပ်တွေ မလုပ်တတ်သူ…အရက်သေစာ မသောက်စားတတ်သူ…သူများအိမ်ထောင်ကို မဖျက်ဆီးမဖြိုခွဲတတ်သူ…သစ္စာစောင့်သိသူ…သူများပစ္စည်းကို စိတ်နဲ့တောင် မပြစ်မှားတတ်သူ..စတဲ့ ကိုယ်ကျင့်သီလနဲ့ပြည့်စုံနေသူဟာ…ဂုဏ်သိက္ခာရှိသူပါပဲ…။ ဒီဂုဏ်သိက္ခာကို စောင့်ထိန်းတည်ဆောက်ဖို့ဆိုတာ…နှစ်ရှည်လများ လေ့ကျင့်တည်ဆောက်ယူရတာဖြစ်ပါတယ်…။ ငွေကြေးကြောင့်ဖြစ်စေ…အခွင့်အရေးကြောင့်ဖြစ်စေ…ကျော်ကြားလိုမှုကြောင့်ဖြစ်စေ..ကိုယ့်ရဲ့ကိုယ်ကျင့်တရားဂုဏ်သိက္ခာနဲ့ လဲပစ်လိုက်မိတယ်ဆိုရင်…ဆုံးရှုံးလိုက်ရတဲ့ ဒီဂုဏ်သိက္ခာဟာ ဘယ်တော့မှ အကောင်းပကတိပြန်မဖြစ်နိုင်တော့ပါဘူး…။ ဂုဏ်သိက္ခာဆိုတာ…တစ်ကြိမ်ဆုံးရှုံးသွားရင်…ဘယ်တော့မှ အကောင်းအတိုင်းပြန်မရနိုင်တော့တဲ့အရာဖြစ်ပါတယ်…။
ချစ်ခြင်းမေတ္တာဟာလည်း အလားတူပါပဲ…။ ကိုယ်က လူတစ်ယောက်အပေါ်..အမြဲအလိုက်တသိ လိုလေသေးမရှိဖြည့်ဆည်းပေးတတ်တာပဲဖြစ်စေ…တစ်ဖက်လူက ကိုယ့်အပေါ်…အမြဲအရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်တာဝန်ယူတတ်သိတတ်တာပဲဖြစ်စေ…ဒီချစ်ခြင်းမေတ္တာကို အပြန်အလှန် အသိအမှတ်ပြု..လေးစားမှုရှိဖို့လိုပါတယ်…။ အမြဲတမ်းရနေတဲ့အရာတွေအပေါ်…တန်ဖိုးမထားတတ်ရင်…တုံ့ပြန်မှုမရှိဘဲ…လျစ်လျူရှုတာတွေများလာခဲ့ရင်…ဒီချစ်ခြင်းမေတ္တာဟာလည်း အချိန်တစ်ခုကြာလာတဲ့အခါ…နွေးထွေးနှစ်လိုမှုတွေ ပျောက်ဆုံးသွားစေပါတယ်…။ ဒီချစ်ခြင်းမေတ္တာကို တစ်ကြိမ်ဆုံးရှုံးလိုက်ရရင် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အရာမို့….နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားအသိအမှတ်ပြုပေးဖို့လိုပါတယ်….။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာလည်း ပြောလိုက်ပြီးရင် ပြန်ပြီးနှုတ်ယူလို့ မရနိုင်တော့တဲ့ မြှားတစ်စင်းနဲ့တူပါတယ်။ နှုတ်ယူလိုက်ပြီးသည့်တိုင် ဒဏ်ရာနက်နက်တော့ ကျန်ရစ်ခဲ့တာပါပဲ..။ ပြောပြီးသားစကားတစ်ခွန်းကို ဘယ်တော့မှပြန်
ပြင်ဆင်လို့ မရနိုင်ပါဘူး..။ ပျော်ရွှင်နေချိန်မှာ ပေးလိုက်မိတဲ့ ကတိစကားတစ်ခွန်းဖြစ်စေ…သံသယနဲ့ စွပ်စွဲလိုက်တဲ့ စကားတစ်ခွန်းဖြစ်စေ..အမျက်ဒေါသကြောင့်ပြောလိုက်တဲ့ အမုန်းစကားတစ်ခွန်းဖြစ်စေ…လူတစ်ယောက်အကြောင်းကို သေသေချာချာ မသိနားမလည်ဘဲ စွပ်စွဲပုတ်ခတ်ထိုးနှက်လိုက်တဲ့ ရန်လိုစကားတစ်ခွန်းဖြစ်စေ… နှုတ်ကနေ ထွက်သွားပြီးတဲ့ စကားတစ်ခွန်းကို ဘယ်တော့မှ ပြန်ပြီးနှုတ်ယူလို့ မရနိုင်တော့ပါဘူး…။
ဒါကြောင့် အကြိမ်ကြိမ် အထပ်ထပ်တည်ဆောက်လာခဲ့တဲ့ ယုကြည်မှုတွေ..ဂုဏ်သိက္ခာတွေ.. ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုအရာမျိုးနဲ့မှ မလဲလှယ်မိအောင်… မချိုးဖျက်မိအောင် သတိထားစောင့်ရှောက်ဖို့လိုပါတယ်…။ စကားတစ်ခွန်းကို စိတ်ခံစားမှုတွေရဲ့ စေစားရာအတိုင်း… လက်လွတ်စပယ် မပြောမိအောင် သတိလေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်..။ ဒီအရာတွေအားလုံးက တစ်ခါဆုံးရှုံးပြီးရင်..ဘယ်တော့မှ ပြန်မရနိုင်တော့လို့ပါ…။
#လွန်းထားထား
#ပြန်မရနိုင်တဲ့အရာ
#စာပေရနံ့
#ဗဟုသုတမျှဝေရာ #foryoupageシ #စာပေမျှဝေရာ #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ #သုတရသ #စာဖတ်ရင်းအေးချမ်းကြပါစေ
17/05/2026
#ဘဝကို အကောင်းဆုံး နေထိုင်နိုင်ဖို့….
🍀 အတိတ်ကို ပြန်မလှည့်ပါနဲ့
ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲလိုမလုပ်ခဲ့ရင်..." ဆိုပြီး တစ်ချိန်လုံး ပြန်မတွေးပါနဲ့။ တွေးလည်း အပိုပါပဲ၊ နောင်တဟာ ဘဝကို အထူးတလည် ပြောင်းလဲမသွားစေပါဘူး။ ရှေ့ဆက်မမှားဖို့ပဲ လိုတာပါ။ ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့ ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။ မှတ်ထားပါ... မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ၊ အနောက်ကို ခဏခဏ ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး
🍂 ခွဲခွာခြင်းကို လက်ခံပါ
လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး တစိမ့်စိမ့် ပြန်မတွေးနဲ့၊ အများကြီးလည်း ဝမ်းမနည်းပါနဲ့။ လူတွေနဲ့ အတူရှိရခြင်းက တစ်ယောက်ကိုတစ်ယောက် အလင်းရောင်ပေးနိုင်ဖို့ပါ။ အဲလိုမှ မဟုတ်ရင်လည်း တစ်ယောက်တည်း ထမင်းစား၊ တစ်ယောက်တည်း လမ်းလျှောက်တာ အဆင်ပြေပါတယ်။ ဘယ်ပစ္စည်းမှ တစ်သက်လုံး မတည်မြဲသလို လူတွေလည်း သင့်အနားမှာ တစ်သက်လုံး ရှိမနေနိုင်ပါဘူး။ ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။ ရေစက်ဆိုတာ ကြိုမသိနိုင်သလို လမ်းခွဲခြင်းဆိုတာလည်း ကြိုတင်ပြင်ဆင်လို့ မရပါဘူး...။
🌺 ကြိုတင်မစိုးရိမ်ပါနဲ့
အတွေးလွန်ခြင်းကြောင့် လက်ရှိစိတ်အခြေအနေကို အဖျက်ဆီးမခံပါနဲ့။ အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာတာပါပဲ။ မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ၊ အဲဒီတုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင် သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။ အခုလည်း အားလုံး အဆင်ပြေသွားမှာပါ။
🌺 ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လျှောက်ပါ
အကောင်းဆုံး အသက်အရွယ်ဆိုတာ မရှိဘူး၊ အကောင်းဆုံး စိတ်ထားပဲ ရှိတာပါ။ လူတိုင်းရဲ့ ဘဝပေးအခြေအနေချင်း မတူကြဘူး။ သင့်ထက် မြန်မြန်ပြေးနေသူရှိသလို၊ သင့်လောက် မပြေးနိုင်သူလည်း ရှိပါတယ်။ ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန်နဲ့ လိုက်တိုင်းစရာမလိုဘူး။ အရေးကြီးတာက သင့်အလုပ်ကို သင်မရပ်ဘဲ ဆက်လုပ်သွားဖို့ပါပဲ။
🌹 ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို ဦးစားပေးပါ
လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင် ဘာကိုမှ ကြွားဝါလို့ မရပါဘူး။ ဒေါသတွေလျှော့ပါ၊ အငြိုးအတေးတွေ မထားပါနဲ့။ စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့်လာတတ်တာပါ။ ပျော်ရင် ရယ်ပါ၊ ပင်ပန်းရင် အိပ်ပါ၊ ဝမ်းနည်းရင် အားတင်းထားပါ။
စိတ်အဆင်မပြေတိုင်း၊ စိတ်ခွန်အား လိုအပ်တိုင်းမှာ ဒီစာကို ခဏခဏ ပြန်ဖတ်ပါ။ ဘဝထဲမှာ မိမိစိတ်ကို နိုင်အောင် ထိန်းကျောင်းပြီး နေတတ်သူဟာ တခြားသူတွေထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။
to original writer ✍️
#စာပေရနံ့
#ဘဝစာပေ #ဗဟုသုတမျှဝေရာ #သုတရသ #စာပေမျှဝေရာ #စာဖတ်ရင်းအေးချမ်းကြပါစေ #foryoupageシ
15/05/2026
“ ရင့်ကျက်.....တိတ်ဆိတ်ခြင်း အနုပညာ”
📖📖📖📖📖📖📖📖📖📖📖📖📖
လောက မှာ လူရယ်လို့ ဖြစ်လာရင်
ဒေါသ ဖြစ်စရာကြုံလာ တဲ့ အခါ
ဒေါသ မရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိနေတဲ့ ဒေါသကို ထုတ်မပြဘဲ
ထိန်းသိမ်းထားတာဟာ
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ...။
ဝမ်းနည်းစရာဖြစ်လာရင်
မျက်ရည်ကျတာ သဘာဝပဲ
ကျလာမယ့်မျက်ရည်ကို
မျက်တောင်ပုတ်ခပ်သိမ်းဆည်းပြီး
ဝမ်းနည်းရိပ်မပေါ်အောင်
ပြုံးရွှင်မျက်နှာထား နဲ့ နေနိုင်တာလည်း
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ။
လူတိုင်းမှာ ခံစားချက်တော့ ရှိကြတာပါပဲ
ခံစားချက်ကို မျက်နှာမှာမပေါ်အောင်
ထိန်းချုပ်နိုင်တာကလည်း
တိတ်ဆိတ်ခြင်း အနုပညာပါပဲ ... ။
ဒေါသကိုထုတ်ပြရင်
ကိုယ် ဒေါသကြီးတာ လူ သိမယ်။
ခံစားချက်ကိုထုတ်ပြရင်
ကိုယ်အားနည်းချက်ကို လူသိမယ်။
ဝမ်းနည်းတာကိုထုတ်ပြရင်
ကိုယ်ပျော့ညံ့တာ လူသိမယ်။
ဒီတော့ ဒေါသကြီးတာ
ဝမ်းနည်းတက်တာ
ခံစားချက်ပြင်းထန်တာတွေကို
ထိန်းသိမ်းမြိုသိပ်တိတ်ဆိတ်နေခြင်းဟာ
ရင့်ကျက်....တိတ်ဆိတ်ခြင်း
အနုပညာတစ်မျိုးပါဘဲနော် ။
to original writer ✍️
#စာပေရနံ့
#ဗဟုသုတမျှဝေရာ #ဘဝစာပေ #သုတရသ #ခွန်အားရှိသောစာတ်ိုများ #fypシ #စာပေမျှဝေရာ #စာဖတ်ရင်းအေးချမ်းကြပါစေ
14/05/2026
ပျားလေးတွေကို ကြည့်လိုက်ပါ..
သူတို့ကအသေးငယ်ဆုံး ဖြစ်ပေမယ့်
နေ့တိုင်း မနားမနေ အလုပ်လုပ်တတ်ကြတယ်။
ပန်းတစ်ပွင့်ချင်းစီကနေ
အနည်းငယ်သာ ရတဲ့ဝတ်ရည်တွေကို စုဆောင်းပြီး
နောက်ဆုံးမှာ အချိုဆုံး ပျားရည်ဖြစ်လာတယ်။
လူဘဝမှာလည်း အတူတူပဲ —
ကြီးမားတဲ့အောင်မြင်မှုဆိုတာ
တစ်နေ့တည်းနဲ့ မရနိုင်ဘူး။
နေ့တိုင်း လုပ်နေတဲ့ အနည်းငယ်သော ကြိုးစားမှုလေးတွေကပဲ
တစ်နေ့မှာ အံ့အားသင့်စရာ ရလဒ်တွေ ဖြစ်လာစေတယ်။
“သေးသေးလေးပဲ လုပ်နေရင်တောင်
မရပ်မနား ဆက်လုပ်နေပါ —
တစ်နေ့မှာ သင့်ဘဝကလည်း
ပျားရည်လို ချိုမြိန်တဲ့ရလဒ်တွေရရှိပိုင်ဆိုင်လာမှာပါ..” 🐝🤍🍀
to original writer ✍️
#စာပေရနံ့
#fypシ #ဗဟုသုတမျှဝေရာ #ဘဝစာပေ #သုတရသ #စာဖတ်ရင်းအေးချမ်းကြပါစေ
14/05/2026
လူတစ်ချို့က မင်း တော်လာရင် ချီးကျူးမယ်
မင်း ညံ့ဖျင်းနေရင်ကဲ့ရဲ့မယ်
ဒါကလည်း သဘာဝပါ
နေတတ်သလို နေပြီး
လုပ်စရာရှိတာ ဆက်လုပ်ပါ.....
လူတစ်ချို့က
မင်း ဆင်းရဲနေတာကို သဘောကျမယ်
မင်း ချမ်းသာကြွယ်ဝလာရင် မကြိုက်ကြဘူး
ဒါကလည်း မထူးဆန်းတော့ပါဘူး
လုပ်စရာရှိတာသာ ဆက်လုပ်ပါ......
လူတစ်ချို့က
ငိုနေရင် သနားသလိုဟန်ဆောင်ပြီး
မင်းပျော်ရွှင် ရယ်မောနေရင် ကြိတ်ပြီးဒေါသဖြစ်နေမယ်
ဒါကလည်း မနာလိုသူတွေရဲ့လုပ်ရပ်ပါ
နေတတ်သလို နေလိုက်ပါ....
ပတ်ဝန်းကျင်ဆိုတာမျိုးက
မရှိ မကောင်း.....ရှိ မကောင်းပါ...
ကင်းကွာလို့မရရင်တော့
သူတို့ရဲ့အားနဲ့
ကိုယ့်ဘဝကို အမြင့်ဆုံးရောက်အောင် ကြိုးစားရမှာက
ကိုယ့်ရဲ့အရည်အချင်းပါ......
ခွေးဟောင်တိုင်း ထကြည့်ပြီး
ဟောင်နေတဲ့ခွေးတွေကို ခဲနဲ့လိုက်ပစ်နေရင်တော့
မင်းအတွက်
တန်ဖိုးရှိတဲ့အချိန်တွေကို
ဖြုန်းတီးမိသလို ဖြစ်နေပါလိမ့်မယ်.....
လူတစ်ချို့က
မျက်နှာကြီးရာ ဟင်းဖတ်ပါပြီး
မြေနှိမ့်ရာ လှံစိုက်ကြတယ်
ဒါကလည်း
ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါ......
မြေနှိမ့်ရာလှံစိုက်တာ
မခံချင်ရင်
တောင်ကြီးတစ်တောင်ဖြစ်အောင် ကြိုးစားရမှာက
မင်းတာဝန်ပါ......
လုပ်စရာရှိတာ ဆက်လုပ်ပါ.....
လူတစ်ချို့က
မင်း ထိုင်နေနေ
ထ နေနေ
အဆိုးမြင်တဲ့သူက အဆိုးပဲမြင်နေဦးမှာပါ......
ဘယ်လိုနေနေ
အပြာခံရတာချင်း အတူတူ
ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ.....
ဘာကြောင့်လဲဆိုတော့
လူတစ်ချို့ရဲ့ အတွေးအခေါ်တွေက
လှောင်ချိုင့်ထဲက ငှက်လိုပဲ.....
ဖားခြေရာကွက်ထဲ
လ-သာနေတတ်ကြတယ်......
တချို့ကတော့
အထင်နဲ့ အမြင်ကြားမှာ ကိုယ်လိုရာဆွဲတွေးပြီး
စိတ်ခံစားမှုနဲ့
အတွေးအခေါ်
ရောထွေးနေတတ်ကြတော့
ချစ်တဲ့အခါ အပြစ်စင်ပြီး
မချစ်တဲ့အခါ အပြစ်တင်လာတတ်ကြတယ်......
ပတ်ဝန်းကျင်ရဲ့ဖိအားကိုမခံနိုင်ဘဲ
အသုံးမချနိုင်သရွေ့တော့.....
သူတို့ပြောသလို မင်းရဲ့သမိုင်းက
အမည်းရောင်က
အဖြူရောင်ဖြစ်လာမှာ မဟုတ်ပါဘူး
နွားနို့က ရေရောလို့ရပေမဲ့
ထောပတ်ကို
ရေရောလို့ရမှာ မဟုတ်ပါဘူး
ထောပတ်ဘဝ မရောက်ခင်
နွားနို့ဘဝမှာကတည်းက
ရေဘယ်လောက်ရောရော
နွားနို့
အရောင်မပြောင်းအောင် နေတတ်ဖို့က
ကိုယ့်လက်ထဲမှာပဲ ရှိတာပါ
နေတတ်အောင် နေပြီး
လုပ်စရာရှိတာ ဆက်လုပ်သွားရင်
မင်းကို
ပါးစပ်သေနတ်ပစ်နေတဲ့ လူတွေကိုယ်တိုင်
မင်းရှေ့မှာ ဒူးထောက်လာရမှာ အသေအချာပါပဲ
ဒါကြောင့်
တိုက်ခိုက် ပြစ်တင်မှုများကို
မကြားသလိုနေကာ
တည်ငြိမ်စွာဖြင့် လုပ်စရာရှိတာသာ ဆက်လုပ်ပါ
အတွေးအခေါ်တိမ်တဲ့ လှောင်ချိုင့်ထဲကနေ
မင်းဘဝကို ရုန်းထွက်လိုက်ပါ။
#ဆရာအောင်သင်း
#ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙
#စာပေရနံ့
#စာဖတ်ရင်းအေးချမ်းကြပါစေ #fypシ #ဗဟုသုတမျှဝေရာ #သုတရသ