14/06/2026
ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှာ လိုအပ်နေသော လူနာခုတင်များတွင် လူနာ၏ကိုယ်ရေးမှတ်တမ်း အချက်အလက်များ ထားရှိရန် အိတ်များ ကို ထွန်းရွှေဝါ၊ ကေသီပန် နှင့် ရွှင်ပြုံး ဆေးတိုက်များမှ လှူဒါန်းပေးအပ်ခြင်း ကို ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင် ထားရှိအပ်ပါသည်။
#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#ထွန်းရွှေဝါ_ဆေးတိုက်
#ကေသီပန်_ဆေးတိုက်
#ရွှင်ပြုံး_ဆေးတိုက်
#လူနာမှတ်တမ်း
#ရန်ကုန်တိုင်းရင်းဆေးရုံ
08/06/2026
ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ တိုင်းရင်းဆေးမှူး ဒေါ်နီနီအေး ဦးဆောင်၍ဒေါ်ဝင်းဝင်းသန်း(ဒု-တိုင်းရင်းဆေးမှူး) ၊အလုပ်သင် ဆရာမ မမြကြာယံ၊အလုပ်သင်ဆရာမ မစံခင်အေးနှင့်ဒေါ်ကြူကြူဝင်း (အငယ်တန်းစာရေး) တို့ ပါဝင်သောဆေးကုသရေး အဖွဲ့သည် (၈.၆.၂၀၂၆)နေ့တွင် မရမ်းကုန်မြို့နယ်၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်၍ ကျား(၃၃)ဦး၊ မ(၄၃)ဦးစုစုပေါင်း(၇၆)ဦးတို့အား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြပြီး၊ ဆရာမဒေါ်နီနီအေး(တိုင်းရင်းဆေးမှူး)မှ“သွေးတိုးရောဂါဖြစ်ရခြင်းအကြောင်းအရင်းများ၊ဆောင်ရန်နှင့်ရှောင်ကျဉ်ရမည့်နည်းလမ်းများအကြောင်း”အားဟောပြောခဲ့ရာ ဟောပြောဦးရေ(၇၈)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ထို့နောက် ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှဆေးဝါးများ၊ ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှလိမ်းဆေးများ၊မှန်ချိုဆေးတိုက်မှတိုင်းရင်းဆေးဝါးများ၊စကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှဆေးဝါးများနှင့် ထာနီတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှဆေးဝါးများအားလှူဒါန်းပေးအပ်ခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး
#ကွင်းဆင်းဆေးကုသခြင်း
#ကျန်းမာရေးအသိပညာပေးဟောပြောခြင်း
06/06/2026
ပြည်သူများ၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့
ပဲခူးမြို့ ဒေဝယက္ခဆေးတိုက် မှ ထုတ်လုပ်သော
ဆရာဖြေ ၏ မန်လည်အဖြေကျော် အစာဖျက်မဟာဖြေဆေး (၆)ဒါဇင် တို့ ပေးပို့လှူဒါန်းမှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
(၆.၆.၂၀၂၆)
#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#အခမဲ့ကွင်းဆင်းဆေးကုသခြင်း
#ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
#ဒေဝယက္ခ_တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ပဲခူး
#မဟာဖြေဆေး
#တိုင်းရင်းဆေး
#ကျန်းမာရေး
#ရန်ကုန်တိုင်းရင်းဆေးရုံ
06/06/2026
ပြည်သူများ၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့
ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှ
သီရိမေ အမှတ်တံဆိပ် မီးယပ်သွေးဆုံးကိုင်ဝေဒနာပျောက်ဆေး (၁၂)ဒါဇင် နှင့် ရှမ်းရိုးမ အမှတ်တံဆိပ် ထုံကျင်ကိုက်ခဲပျောက်အကြောပြေလိမ်းဆေးဆီ (၄၀)ဒါဇင် တို့
ပေးပို့လှူဒါန်းမှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
(၆.၆.၂၀၂၆)
#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#အခမဲ့ကွင်းဆင်းဆေးကုသခြင်း
#ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
#ဂရိတ်ဝေါ_တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ရှမ်းရိုးမ
#သီရိမေ
#တိုင်းရင်းဆေး
#ကျန်းမာရေး
#ရန်ကုန်တိုင်းရင်းဆေးရုံ
04/06/2026
ပြည်သူများ၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့
မှန်ချို တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှ
ရွှေပြည့်စံ နန်းတွင်းအဖြေကျော်ဆေး ဒါဇင် ၃၀
ပေးပို့လှူဒါန်းမှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
(၄.၆.၂၀၂၆)
#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#အခမဲ့ကွင်းဆင်းဆေးကုသခြင်း
#ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
#မှန်ချို_တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#တိုင်းရင်းဆေး
#ကျန်းမာရေး
#ရန်ကုန်တိုင်းရင်းဆေးရုံ
04/06/2026
ပြည်သူများ၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့
မကွေးမြို့ မိမိဇင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှ
မိမိဇင်အမှတ်တံဆိပ် အာရုံကြောအားဆေးများ၊
ဒဏ်ကျေလိမ်းဆေးရည်ဘူးများ နှင့်
အကြောပြေဒဏ်ကျေလိမ်းဆေးများ
စုစုပေါင်းတန်ဖိုး (၇၇၀၀၀၀) ကျပ်ရှိသော
တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းမှုအား
ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
(၄.၆.၂၀၂၆)
#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#အခမဲ့ကွင်းဆင်းဆေးကုသခြင်း
#ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
#မိမိဇင်_တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#တိုင်းရင်းဆေး
#ကျန်းမာရေး
#ရန်ကုန်တိုင်းရင်းဆေးရုံ
03/06/2026
တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့ နေရီ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးခန်း မှ
နေရီ အကြောပြေဒဏ်ကျေ လိမ်းဆေးအဆီ၊
နေရီ အကိုက်အခဲပျောက်ဂျယ်လ် နှင့် ARYU HERB အရိုးအဆစ်နှင့်အာရုံကြောအားဖြည့်ဆေးများ
စုစုပေါင်းတန်ဖိုး (၅)သိန်းကျပ်ရှိသော
တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းမှုအား
ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
(၃.၆.၂၀၂၆)
#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#အခမဲ့ကွင်းဆင်းဆေးကုသခြင်း
#ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
#နေရီ_ဆေးတိုက်
#နေရီ_တိုင်းရင်းဆေးခန်း
#တိုင်းရင်းဆေး
#ရန်ကုန်တိုင်းရင်းဆေးရုံ
03/06/2026
တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့ ဦးသာရင်ဆေးတိုက် မှ
ဦးသာရင် ရှူလိမ်းဆေးဆီ ၃ ဒါဇင်
ဦးသာရင် လေငန်းလိမ်းဆေးဆီ ၃ ဒါဇင်
လွင်မြင့်အောင် အအေးမိတုပ်ကွေးဆေး ၁၀ထုပ်ပါကင်ဘူး ၃ ဒါဇင် စုစုပေါင်းကာလတန်ဖိုး ၄၆၃၆၈၀ ကျပ် တန်ဖိုးရှိ
တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းမှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
(၃.၆.၂၀၂၆)
#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#အခမဲ့ကွင်းဆင်းဆေးကုသခြင်း
#ဦးသာရင်ဆေးတိုက်
#လွင်မြင့်အောင်
#တိုင်းရင်းဆေး
#ရန်ကုန်တိုင်းရင်းဆေးရုံ
03/06/2026
ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်( CTME )အခမ်းအနားကျင်းပပြုလုပ်ခြင်း။ (၂၀၂၆) ခုနှစ် ဇွန်လ(၃)ရက်နေ့၊ ဗုဒ္ဓဟူးနေ့ နေ့လယ် (၂:၀၀) နာရီ တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် ( Continuing Traditional Medicine Education (CTME) Programme ) အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ်ဆရာကြီးဦးအောင်မြတ်ကျော်(မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှသဘာပတိအဖြစ်ဆောင်ရွက်ပီး အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဒေါ်နှင်းအိအိဖြူ(ဒုတိုင်းရင်းဆေးမှူး) နှင့် ဦးမိုးဟိန်းနိုင်(လက်ထောက်တိုင်းရင်းဆေးမှူး) တို့မှ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား၌ ရန်ကုန် တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) မှ စာတမ်းရှင် ဒေါ်သိင်္ဂီကျော်(တိုင်းရင်းဆေးမှူး) က "နှင်းခူရောဂါ” အကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊တိုင်း၊ ခရိုင်၊ မြို့နယ်များ၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန် မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ များတိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များ၊ စုစုပေါင်း ((၈၄)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါ သည်။
တင်ပြဆွေးနွေးပေးပါသော စာတမ်းရှင်အား ဆရာကြီး ဦးမောင်မောင်ဦး ( ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီးဦပေါညိမ်း(ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၅၀,၀၀၀)၊ဆရာကြီးဦးအောင်မြတ်ကျော် (မဟိဒ္ဓိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၁၀၀,၀၀ဝိ/-)၊ ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ ကျပ် (၁၀၀,၀၀ဝိ/-)၊ဆရာဦးအုန်းမြင့်(ဒို့ရွှေမြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှချီးမြှင့်ငွေ(၁၀၀,၀၀၀)၊ဆရာဦးထွန်းရွှေ (ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေ ကျပ် (၁၀၀,၀၀၀)၊ဦိးကျော်ကျော်ဌေး(မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှချီးမြှင့်ငွေကျပ်(၁၀၀,၀၀၀)၊စုစုပေါင်း ချီးမြှင့်ငွေ ကျပ် ခုနှစ်သိန်းငါးသောင်း(၇၅၀,၀၀၀) တိတိကို ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီး ဦးမောင်မောင်ဦး ( ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး )၊ ဆရာကြီးဦးထွန်းရွှေ ( ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)နှင့် ဒေါက်တာခင်သူဇာတို့မှ ပံ့ပိုးကူညီပေးခဲ့ကာ အခမ်းအနားကို ညနေ (၄း၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံ
26/05/2026
ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ၂၀၂၆ခုနှစ်၊တိုင်းရင်းဆေးတက္ကသိုလ်၊အပတ်စဉ်(၂၀)၊အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနား ကျင်းပပြုလုပ်ခြင်း။
၂၀၂၆ခုနှစ် ၊မေလ(၂၆)ရက်နေ့၊နေ့လည်(၂:၀၀)နာရီတွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ ပဒေသရာဇာခန်းမ၌ ၂၀၂၆ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊အပတ်စဉ်(၂၀)၊ အလုပ်သင်ဆရာ၊ဆရာမများ၏ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် မအိချယ်ရီမိုး(သင်-၁၃)၊နော်ဟေဇယ်ညီညီထွန်း(သင် -၃၆)တို့မှဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်၊ အထွေထွေနှင့်(ပဉ္စကမ္မ)ဌာနမှမဝါဝါလင်း(သင်-၂)၊မောင်သီဟမင်းဇင်(သင်-၅၀)တို့မှ ဂေါက်အဆစ်ရောင်(Gouty Arthritis)ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် ဆရာ၊ ဆရာမ၊အလုပ်သင် စုစုပေါင်း(၄၉)ဦး တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားကို ညနေ (၄:၀၀)နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံ
#ပဒေသရာဇာခန်းမ
#ရန်ကုန်တိုင်းရင်းဆေးရုံ