အကြမ်းဖက်စစ်အုပ်စုရဲ့ မကွေးအကျဉ်းထောင်မှာ အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ပိတ်ထားတယ်လို့ နွေဦးနိုင်ငံရေး အကျဉ်းသား များအစည်းအရုံး က ထုတ်ပြန်ထားပါတယ်။
တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် က ၄၂ ဦး အထိ ရှိတယ်လို့လည်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးက ပြောပါတယ်။
တိုက်ပိတ်ခံထားရတဲ့ နိုင်ကျဉ်းတွေထဲက ရဲဘော် ၁၂ ဦး ကိုလည်း ပြင်းထန်ဒဏ်ရာရရှိတဲ့အထိ ရိုက်နှက် နှိပ်စက်တာတွေ ပြုလုပ်ခံထားရတယ်လို့လည်း သိရပါတယ်။
Public Voice Television
Public Voice is Public Power.
13/06/2026
မကွေးအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ၄၂ ဦး တိုက်ပိတ်ခံထားရ
ဇွန် ၁၃၊ ၂၀၂၆
အကြမ်းဖက်စစ်အုပ်စုရဲ့ မကွေးမြို့နယ်ရှိ၊ မကွေးအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ၄၂ ဦး တိုက်ပိတ်ခံထားရပြီး၊ အဲဒီ အထဲက နိုင်ငံရေးအကျဥ်းသား ၁၂ ဦးမှာ ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ မနေ့က ထုတ်ပြန်ပါတယ်။
မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေပိုင်ဆိုင်တဲ့ ခြုံစောင်တွေ၊ အဝတ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေကို ထောင်ပိုင်ကြီး ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့ဦးဆောင်တဲ့ ထောင်အာဏာပိုင်တွေက မတရားသိမ်းယူသွားပြီး အကျဉ်းသားတွေကို အောက်ကြမ်းပြင်မှာ အခင်းမပါဘဲ သမံတလင်းပေါ်တွင်သာ နေထိုင်စေခဲ့ပါတယ်။
ဒါ့အပြင် သောက်သုံးရေကိုလည်း လုံလောက်စွဲ အသုံးမပြုရဘဲ (၁) ရက်လုံးကို ထမင်းစားပြီးချိန်မှာသာ အကျဉ်းသားတစ်ဦးကို ရေ (၁) ခွက်မျှ သောက်သုံးခွင့်ပေးကြောင်း၊ ပုံစံခဏခဏ ထိုင်ခိုင်းကာ မင်းတို့ကို ရိုက်သတ်လို့ရကြောင်း ခြိမ်းခြောက်ပြောဆိုလျှက်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေကို နှိပ်စက်ညှင်းပန်းနေတာပါ။
အဲဒီလိုဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ တင်ပြတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသား ရဲဘော် (၄၂) ဦးကို ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်တာ၊ ပါဆယ်ပို့ခွင့်မပေးတာတွေအပြင် တိုက်ပိတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီ အထဲကမှ နိုင်ငံရေးအကျဉ်းသား ရဲဘော် (၁၂) ဦးဟာ ပြင်းထန်တဲ့ ရိုက်နှက်နှိပ်စက်မှုတွေပြုလုပ်ခံထားရတယ်လို့ သိရှိရပြီး အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ စုံစမ်းသိရှိရကြောင်းကိုလည်း ဖော်ပြထားပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ် နှိပ်စက်တာကို ပါဝင်ဆောင်ရွက်ကျူးလွန်သူ ထောင်ဝန်ထမ်းတွေက အစပြုပြီး ထောင်ပိုင် ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည်တို့အပါအဝင် အကြမ်းဖက်စစ်အုပ်စုဝင်အားလုံး အပြည့်အဝ တာဝန်ယူရမှာဖြစ်သလို သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
13/06/2026
"၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြု ပြဌာန်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းတွင် နိုင်ငံတစ်ဝှမ်းတွင် လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်ခြင်းနှင့် စစ်မြေပြင်တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်း(Forced Labor) များသည် အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ ပါတယ်။ အဆိုပါ ကျူးလွန်မှုများသည် ပြည်တွင်းဥပဒေအရသာမက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ အခြေခံ သဘောတူညီချက်ဖြစ်သော ကွန်ဗင်းရှင်း ၂၉ (အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး" ကို ပြင်းထန်စွာ ချိုးဖောက်နေခြင်း ဖြစ်ပါတယ်။"
ဒေါ်နီနီဒွန်း
ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
(ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးတွင် တင်သွင်းသော အဆိုအား ထောက်ခံဆွေးနွေးမှုမှ ကောက်နုတ်ချက်)
13/06/2026
လာမယ့် ဇွန် ၁၉ ရက်မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီး စတင်မယ်လို့ဆို
ဇွန် ၁၃၊ ၂၀၂၆
၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးသော တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးကို အခုလာမယ့် ဇွန် ၁၉ ရက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် “နှင်းဆီလှုပ်ရှားမှု”ကို ပြည့်လုံးကျွတ် လှုပ်ရှားကြမှာဖြစ်တယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
"နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" အဖြစ် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြမှာပါ။
အဲဒီ လှုပ်ရှားမှုမှာ ကာယကံရှင်တွေရဲ့ ဒေသနဲ့ လုံခြုံရေးအခြေအနေတွေအလိုက် နည်းလမ်းတစ်ခုခုနဲ့ ပါဝင်နိုင်ပြီး၊ ဘုရားတင်ပါ၊ ပန်ဆင်ပါ - နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းတွေ ပြုလုပ်နိုင်ပါတယ်။
အဲဒီနည်းလမ်းတွေအပြင် အွန်လိုင်း ကမ်ပိန်းအဖြစ် မိမိတို့ ပန်ဆင်၊ ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media ပေါ်မှာတင်ပြီး အွန်လိုင်းမှာ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
နောက်ထပ် မြေပြင်လှုပ်ရှားမှုအဖြစ် မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပါဝင်နိုင်တယ်လို့ ပြောပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်၊ ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည် ဆိုတဲ့ လူထုရဲ့ ပြတ်သားတဲ့ သတင်းစကား (၃) ရပ်ပါးသွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
13/06/2026
ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ စကားဝိုင်း ပြုလုပ်မယ်
ဇွန် ၁၃ ၊၂၀၂၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၁ နှစ်ပြည့်မွေးနေ့အကြိုအထိမ်းအမှတ် အမှတ်တရအဖြစ် အဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ဦးဆောင်ကာ စကားဝိုင်းဆွေးနွေးပွဲကျင်းပသွားမယ်လို့ ထုတ်ပြန်ပါတယ်။
စကားဝိုင်းမှာ ဦးကျော်ဇင်ဝင်း (NLD လူငယ်မျိုးဆက်ဟောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ၊ ဒေါ်ဖြူဖြူသင်း (NLD လူငယ်မျိုးဆက်ဟောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ ဦးနေဘုန်းလတ်(NLD လူငယ်မျိုးဆက်ဟောင်း ၊ NLD ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင်) ၊ တော်လှန်အနုပညာရှင် ဒေါင်း နဲ့ စာရေးဆရာ ခက်ဇော် တို့ ပါဝင်မှာဖြစ်ပြီးတော့ မော်ဒရေတာအဖြစ်နဲ့ ဆလိုင်းယောင် (NLD ဗဟိုလူငယ်အုပ်ချုပ်ရေးရာမှူး) တို့ ပါဝင်မှာ ဖြစ်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲ ကို စိတ်ပါဝင်စားသူ ပြည်သူအတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ Page နဲ့ Public Voice Television (PVTV) Page မှာတိုက်ရိုက် Live တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
13/06/2026
ဆားလင်းကြီးမြို့နယ် နဲ့ ယင်းမာပင်မြို့နယ် တွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်း နှစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ ၆၀ ခန့်အထိ သေဆုံး
ဇွန် ၁၃ ၊ ၂၀၂၆
ဆားလင်းကြီးမြို့နယ် နဲ့ ယင်းမာပင်မြို့နယ် တွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်း နှစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၅၈ ဦး သေဆုံးတယ်လို့ Black Shadow PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဆားလင်းကြီးမြို့နယ် ယမ်စီဝမ်ပေါင်ကုမ္ပဏီ ကနေ ယင်းမာပင် မြို့နယ်ထဲကို ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အင်အား ၅၀၀ ပါ အကြမ်းဖက်စစ်ကြောင်း နဲ့ ယင်းမာပင်မြို့နယ်ထဲကနေ ပြန်ထွက်လာတဲ့ အင်အား ၃၀၀ ပါ စစ်ကြောင်း နှစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဇွန် ၄ ရက် မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာပါ။
“မိုင်းဆွဲတိုက်ခိုက်မှုအပြီး ဖရဲသီးသတင်းပေးချက်အရ ၅၈ ကောင်ခန့် မသာပေါ်သွားကြောင်း နဲ့ ထိခိုက်ဒဏ်ရာရ စာရင်းအတိအကျ မသိရသေးကြောင်းသိရ”လို့ Black Shadow PDF က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ တပ်ခွဲ့ ၂ Black Shadow PDF ၊ တော်လှန် ပြောက်ကျားတပ်ဖွဲ့ ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင်အမှတ် ၁၆တပ်ရင်း - တပ်ခွဲ ၁ ၊ Brother Defence Force၊ မဲမှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နယ်စည်းမခြားဇာမဏီ ပျောက်ကြားတပ်ဖွဲ့၊ အာဠာဝတပ်ဖွဲ့၊ ဆားလင်းကြီးမြို့နယ်လက်ရုံးတပ်နဲ့မဟာမိတ် တပ်တွေပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တားမြစ်ထားတဲ့လမ်းတွေကို သုံးစွဲတာတွေ မပြုလုပ်ဖို့ နဲ့ အသုံးပြုပါက အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အသွားအလာ ဂရုစိုက်ကြဖို့ ထပ်မံအသိပေး ထုတ်ပြန်ထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
13/06/2026
ပဲခူးခရိုင် ပကဖ က စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲတွေမှာ PDF တပ်ရင်း ၊ တပ်ဖွဲ့ တွေနဲ့ ပူးပေါင်းတိုက်ပွဲ ဝင်နေ
ဇွန် ၁၃ ၊ ၂၀၂၆
ပဲခူးခရိုင် ပကဖ အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲတွေမှာ PDF တပ်ရင်း ၊ တပ်ဖွဲ့ တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဒီနေ့မှာ အသိပေးထားပါတယ်။
“ပဲခူးခရိုင် (ညောင်လေးပင်၊ရွှေကျင်၊ ကျောက်တံခါးမြို့နယ်) ပကဖ ရဲဘော်များကလည်း ပဲခူးတိုင်း စစ်ဌာနကွပ်ကဲမှု ၊ တပ်ရင်း ၃၇၀၂၊၃၇၀၃ တို့ဖြင့် စစ်တောင်းမြစ်ဝှမ်း တိုက်ပွဲများမှာ ပူးပေါင်း တိုက်ပွဲဝင်လျှက်ရှိနေပါတယ်။” လို့ အသိပေးထုတ်ပြန်ထားတာပါ။
ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေအနေနဲ့ စတင်ဖွဲ့စည်းတဲ့၂၀၂၁ ခုနှစ် မေလ ကစပြီး မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ ၊ ရန်သူ့စခန်းသိမ်းတိုက်ပွဲတွေ ၊ နယ်မြေတိုးချဲ့တဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တာလို့လည်း သိရပါတယ်။
ဒါအပြင် ၂၀၂၅ ခုနှစ်၊ အောင်တိုဘာ ၅ ရက်နေ့ကစပြီး အထူးတိုင်း ကွပ်ကဲမှု၊ ဗျူဟာ ၃၆ နဲ့ လက်တွဲပြီး ပဲခူးခရိုင် (ကဝ၊ဝေါ၊ပဲခူး၊သနပ္ပင်၊ဒိုက်ဦးမြို့နယ်) ပကဖ ရဲဘော်တွေက ဖာပွန်တိုက်ပွဲ၊ ရန်သူစစ်ကြောင်းထိုးလာတဲ့ ရေကျော်တိုက်ပွဲ ၊ ရန်သူစစ်ကြောင်းထိုးလာတဲ့ စစ်ကွင်း မုက္ကမော့တိုက်ပွဲ ၊ လက်ယက်တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေအနေနဲ့ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေအတွက်ဖြစ်စေ ၊ မြို့နယ် ပကဖ တွေအတွက်ဖြစ်စေ ထောက်ပို့ကူညီပေးကြဖို့အတွက်လည်း တိုက်တွန်းအသိပေးထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
13/06/2026
ဖမ်းဆီးစစ်ဆေးနေတဲ့ MDY-PDF ရဲ့ တာဝန်ရှိသူ ရဲဘော်နှစ်ဦး နဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
◾ရဲဘော်မုန်တိုင်း နဲ့ ရဲဘော်နိုင်ကြီးတို့အား စစ်ဘက်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းမျဉ်း စည်းကမ်းများအတိုင်း ကောင်းမွန်စွာထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်နေ
ဇွန် ၁၃ ၊ ၂၀၂၆
ဖမ်းဆီးစစ်ဆေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) (MDY-PDF) ရဲ့ တာဝန်ရှိသူ ရဲဘော်နှစ်ဦး နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေး အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန က ဇွန် ၁၃ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
MDY-PDF ရဲ့ တင်ပြချက်တွေအရ စစ်ဆင်ရေးနဲ့ စုဖွဲ့မှု တာဝန်ခံ ရဲဘော်မုန်တိုင်း က တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနဲ့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့တယ် ဆိုတာနဲ့ အဲဒီဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်းရဲ့ ဦးဆောင်မှုကို အယုံအကြည် ကင်းမဲ့လာကြခြင် နဲ့အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ MDY-PDF ရဲ့ ဦးဆောင်မှုနဲ့ တပ်ဖွဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး စစ်ဆင်ရေး နဲ့ စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းအား အပြစ်ပေး အရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါပြစ်မှုအတွက် ရဲဘော်မုန်တိုင်းအား စစ်တရားရုံးဖြင့် စစ်ဆေးပြီး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ် ရမှာ ဖြစ်ပေမယ်လည်း အဲဒီကာလက မဟာမိတ်နဲ့ ဆောင်ရွက်ဆဲ စစ်ရေးကိစ္စများကြောင့် အချုပ် ပြစ်ဒဏ် (၆)လသာ ကျခံစေခဲ့ပါတယ်။
အချုပ်ပြစ်ဒဏ် (၆)လ ကျခံနေစဉ်အတွင်း ရဲဘော်မုန်တိုင်းအား စစ်ဆင်ရေးကိစ္စများမှတပါး တပ်ဖွဲ့ရဲ့ ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးခဲ့ပါတယ်။ စစ်ဆင်ရေးကိစ္စများ ဆောင်ရွက်ရာမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုစစ်ကော်မရှင်ရဲ့ ညှိနှိုင်းကွပ်ကဲမှုဖြင့်သာ ဆောင်ရွက်ရန် သတ်မှတ်ခဲ့ပါတယ်။
ပြစ်ဒဏ်ချမှတ်ခြင်းနဲ့အတူ တပါတည်းဆောင်ရွက်ခဲ့တဲ့ MDY-PDF ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်မှာ ဌာနကြီး(၆)ခု ရှိပြီး ရဲဘော်မုန်တိုင်းက ယင်းဌာနကြီး (၆)ခု အနက်မှ စစ်ရေးဌာနကြီးရဲ့ ဌာနကြီးမှူး အဖြစ်လည်းကောင်း၊ ရဲဘော် နိုင်ကြီး က ဘဏ္ဍာရှာဖွေရေးဌာနရဲ့ ဌာနကြီးမှူးအဖြစ်လည်းကောင်း ဆက်လက် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။
ရဲဘော်မုန်တိုင်း အနေဖြင့် မဟာမိတ်နယ်မြေတခုမှာ အချုပ်အပြစ်ဒဏ်ကို ကျခံနေရချိန်မှာ ပြစ်ဒဏ်ကို အပြည့်အဝမခံယူဘဲ ပုံစံအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့တဲ့အပြင် စစ်ဆင်ရေးမှတပါး ကျန် လုပ်ငန်းဆောင်တာများမှ အနားပေးထားတယ် ဆိုတဲ့အချက်ကို လုံးဝမလိုက်နာဘဲ သက်ဆိုင်ရာ ဦးစီးကဏ္ဍအလိုက် တာဝန်ခွဲဝေလုပ်ဆောင်နေတဲ့ တပ်ဖွဲ့ရဲ့ အုပ်ချုပ်ကွပ်ကဲမှု ယန္တရားတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် တပ်ဖွဲ့အတွင်း မလိုလားအပ်တဲ့ ပြဿနာများ ဆက်တိုက် ပေါ်ပေါက်ခဲ့ ကြောင်းလည်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ရဲဘော်မုန်တိုင်းက ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်းမှာ ဘဏ္ဍာရှာဖွေရေးဌာနကြီးရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးအား တရားမဝင်ဆက်သွယ်စေခိုင်းပြီး တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနဲ့ ရွှေများအား ထုတ်ယူမှုတွေ ရှိနေကြောင်း သတင်းရရှိသဖြင့် ၂၀၂၅ ခုနှစ် မေလမှာ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်းပြီး စာရင်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
စာရင်းစစ်အဖွဲ့က ဘဏ္ဍာရှာဖွေရေးဌာနကြီးက တာဝန်ယူလုပ်ဆောင်နေတဲ့ လုပ်ငန်းအမျိုးမျိုး ရှိတဲ့ အနက် ရွှေလုပ်ငန်းကိုသာ အဓိက ဦးစားပေး စစ်ဆေးနိုင်ခဲ့ပြီး စာရင်းစစ် ရလဒ်များအရ ရဲဘော် မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးက တပ်ဖွဲ့ပိုင် ရွှေ (၁၆.၆) ပိဿာအား တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ် ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင်ထုတ်ယူသွားခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ MDY-PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး မှာ တရားမဝင်ထုတ်ယူသွားတဲ့ ဘဏ္ဍာ/ပစ္စည်းများအတွက် အပြစ်ရှိကြောင်း ကာယကံရှင် နှစ်ဦးလုံးမှ ဝန်ခံခဲ့တာပါ။
အဲဒီ ဘဏ္ဍာ/ပစ္စည်းများကို တပ်ဖွဲ့ထံ အမြန်ဆုံးပြန်လည်အပ်နှံရမှာ ဖြစ်ကြောင်းနဲ့ ဒီပြစ်မှုအတွက် ပေးအပ်တဲ့ ပြစ်ဒဏ်ကို ခံယူမှာဖြစ်ကြောင်းကိုလည်း ကာယကံရှင်နှစ်ဦးက အစည်းအဝေးမှာ ကတိပြု ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သို့သော် ကာယကံရှင် နှစ်ဦးက ကျခံရမယ် အပြစ်ဒဏ်ကို မခံယူဘဲ အကြောင်းအမျိုးမျိုးပြပြီး ရှောင်လွှဲခဲ့ရုံမျှမက ရွှေ (၁၆ဒသမ၆) ပိဿာကိုလည်း တပ်ဖွဲ့ထံ ပြန်လည်အပ်နှံခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီအတွက် ရဲဘော်မုန်တိုင်း နဲ့ ရဲဘော်နိုင်ကြီး ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ စတင်ပြီး ကနဦး အရေးယူမှုအဖြစ်နဲ့ နှစ်ဦးစလုံးကို တပ်ရဲ့ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ လက်နက် ဖြုတ်သိမ်းပြီး အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း အမိန့်အမှတ် (၁၁၀/၂၀၂၅) ဖြင့် အဖွဲ့ဝင် (၅) ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့အနေနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ကနေ မေ ၂၉ ရက်အထိ တိုင်ကြား သူ နဲ့ တိုင်ကြားခံရသူအပါအဝင် သက်သေစုစုပေါင်း ၂၀ ဦးကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ထွက်ဆို ချက်တွေ နဲ့ တွေ့ရှိချက်တွေ အရ ထပ်မံစုံစမ်းစစ်ဆေးရန် ကိစ္စရပ်အများအပြား ပေါ်ပေါက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရုံးချုပ် ကနေ ကာကွယ်ရေးဝန်ကြီးဌာနထံ မေ ၂၉ ရက်မှာ ကြားဖြတ်အစီရင်ခံစာ တစောင် ကို တင်ပြခဲ့ပြီး အဲဒီအထဲမှာ MDY-PDF ရဲ့ယခင်ဖွဲ့စည်းပုံမှာ ဘဏ္ဍာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှိပေမယ့်လည်း ရဲဘော်မုန်တိုင်းအနေဖြင့် ယင်းလုပ်ထုံး လုပ်နည်းများကို ချိုးဖောက်ပြီး တဦးတည်း စီမံဆောင်ရွက်ခဲ့ခြင်း၊ ရဲဘော်မုန်တိုင်းနဲ့ လူမှုရေးဖောက်ပြန်မှု ပြုခဲ့သူမှာ (ယခင်ဖွဲ့စည်းပုံ) ဘဏ္ဍာရေးဌာနရဲ့ ဌာနမှူးဖြစ်နေခြင်း၊ တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန်မှာ လွှဲပြောင်းပေးရမယ့် ဘဏ္ဍာရေးနဲ့ ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယားများရဲ့ Hard Copy နဲ့ Soft Copy များအား ရဲဘော်မုန်တိုင်းမှ ဖျက်ဆီးစေခဲ့ခြင်း၊ ရဲဘော်မုန်တိုင်းက ရဲဘော်နိုင်ကြီးထံမှ ထုတ်ယူသွားတဲ့ ရွှေ ၁၆ဒသမ၆ ပိဿာကို ၎င်းတို့အား အရေးယူတဲ့အချိန်ထိ တာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံမှု မရှိခြင်း၊ ရွှေ ၁၆ ပိဿာကျော် ထုတ်ယူတဲ့ကာလမှာ ရဲဘော်မုန်တိုင်းရဲ့ တာဝန်ထမ်းဆောင်ဆဲ ကာလ မဟုတ်ဘဲ ၎င်းအား လူမှုရေးဖောက်ပြန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကာလမှာ ဖြစ်နေခြင်း၊ ရဲဘော်နိုင်ကြီးက ၎င်းရဲ့ သဘောဆန္ဒအလျောက် ရွှေ ၁၆ ပိဿာကျော်ကို ရဲဘော်မုန်တိုင်းထံသို့ ထုတ်ပေးလိုက်ခြင်းမှာ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင် ခြင်း၊ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတဲ့ ငွေကြေး၊ ဘဏ္ဍာအားလုံး ဘဏ္ဍာစီမံဌာနကြီးသို့ ဝင်ရောက်ခြင်းမရှိတာကို စိစစ်တွေ့ရှိရခြင်း၊ ၂၀၂၅ ခုနှစ် မေလမှာ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ရဲ့ စာရင်းစစ်အစီရင်ခံစာက ရွှေလုပ်ငန်းတခုတည်းကိုသာ လွှမ်းခြုံမှုရှိခဲ့တဲ့ အတွက် လုပ်ငန်း အရပ်ရပ်မှ ရရှိတဲ့ဝင်ငွေ၊ တရားဝင်/တရားမဝင်ထုတ်ယူငွေ၊ သုံးစွဲငွေအားလုံးကို စာရင်းစိစစ်ပြုစုရန်လိုအပ်ခြင်း တို့ ပါဝင်တာကို တွေ့ရပါတယ်။
အဲဒီအကြောင်းအချက်တွေကြောင့် ရဲဘော်မုန်တိုင်း နဲ့ ရဲဘော်နိုင်ကြီးတို့အား စစ်ဘက်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းမျဉ်း စည်းကမ်းများအတိုင်း ကောင်းမွန်စွာထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မိမိကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် အပါအဝင် အဆင့်ဆင့်သော တိုင်းစစ်ဌာနများ၊ ဗျူဟာများ၊ တပ်ရင်းတပ်ဖွဲ့များရဲ့ ကိစ္စအဝဝကို ဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်လုပ်ငန်းစဉ်များနဲ့အညီ ဖြစ်စေရန် ထိန်းကျောင်းကြပ်မတ်မှုကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
13/06/2026
ဖီဖာရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းသော မီဒီယာမိတ်ဖက်ဖြစ်တဲ့ Mytel TV 360 Facebook စာမျက်နှာကို Meta က ဖယ်ရှား
ဇွန် ၁၃၊၂၀၂၆
ဖီဖာရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းသော မီဒီယာမိတ်ဖက်ဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ Mytel TV 360 ပေ့ချ်ကို Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
"မြန်မာစစ်တပ်နှင့် ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို Meta က ၎င်းရဲ့ ပလက်ဖောင်းများပေါ်မှာ အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားတဲ့မူဝါဒ" အရ Justice For Myanmar က TV 360 စာမျက်နှာကို သောကြာနေ့ အစောပိုင်းမှာFacebookကို အသိပေးတိုင်ကြားခဲ့တာ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
Mytel TV 360 ပေ့ချ်ကို အကြမ်းဖက်စစ်အုပ်စုပိုင် ကုမ္ပဏီဖြစ်တဲ့ Mytel က ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့ အသုံးပြုနေခဲ့တာဖြစ်တယ်လို့ Justice for Myanmar က ထောက်ပြထားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ အကြမ်းဖက်စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားတဲ့ Mytel ကို ကမ္ဘာ့ဖလားပြိုင်ပွဲ ရဲ့ မြန်မာ နိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ရရှိထားတာပါ။
အဲဒီကိစ္စက ဖီဖာရဲ့လူ့အခွင့်အရေးအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုတဲ့ လုပ်ရပ်လည်းဖြစ်တယ်လို့ JFM က ထောက်ပြထားပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Website
Address
Yangon
