16/06/2026
📖 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹 (𝟲.𝟭)
✨ (၂၀၂၁) ခုနှစ်မှ စတင်ထုတ်ဝေခဲ့သော 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 သည် ယခုအခါ (၁၀) ကြိမ်မြောက်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
✅ အထူးကုဆရာဝန်ကြီးများမှ မျှဝေထားသော ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ အသိပညာပေး ဆောင်းပါးများနှင့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် အောက်ပါ 𝗟𝗶𝗻𝗸 မှတစ်ဆင့် ဖတ်ရှုနိုင်သလို 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 ပြုလုပ်ပြီးလည်း သိမ်းဆည်းထားနိုင်ပါသည်။
🔗 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 👇
https://www.zifammyanmar.com/pdf/zifam-e-magazine-vol-6-1/
-------------------------------
📌 English Version
📖 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹 (𝟲.𝟭)
✨ First launched in 2021, 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 has now reached its 10th edition.
✅ Valuable health-related knowledge shared by specialist doctors, informative articles, and a variety of insightful content can be conveniently accessed and downloaded anytime and anywhere via the link below.
🔗 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 👇
https://www.zifammyanmar.com/pdf/zifam-e-magazine-vol-6-1/
-------------------------------
14/06/2026
📌 အသားဓာတ်ဖြည့်တင်းဖို့အတွက် ရွေးချယ်သင့်တဲ့ 𝗣𝗿𝗼𝘁𝗶𝗻𝗲𝘁
👉 𝗣𝗿𝗼𝘁𝗶𝗻𝗲𝘁 ကို ဘယ်သူတွေ သောက်သင့်သလဲ...
💯 ခွဲစိတ်ကုသမှု ခံယူပြီးသူတွေ၊ ထိခိုက်ဒဏ်ရာရရှိထားသူတွေ၊ ဆီးချိုကြောင့် အနာဖြစ်နေသူတွေ၊ နာတာရှည်ဖျားနာလူနာတွေ၊ နာလန်ထစ လူနာတွေနဲ့ အသက်အရွယ်ကြီးသူတွေ သောက်သုံးသင့်ပါတယ်။
📌 အနာကျက်မြန်ပြီး အသားတက်ကောင်းစေဖို့ဆိုရင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အသားဓာတ်ကို လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။
✅ 𝗔𝗿𝗴𝗶𝗻𝗶𝗻𝗲 (အာဂျနင်း) ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ 𝗔𝗺𝗶𝗻𝗼 𝗔𝗰𝗶𝗱 တစ်မျိုးဖြစ်ပြီး ဆဲလ်အသစ်တွေနဲ့ တစ်ရှူးအသစ်တွေ ပွားများစေဖို့ ကူညီပေးနိုင်သလို ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှုများကိုလည်း လျော့ပါးစေနိုင်ပါတယ်။
✅ ဒါ့အပြင် 𝗟𝗲𝘂𝗰𝗶𝗻𝗲 (လူစင်း)၊ 𝗜𝘀𝗼𝗹𝗲𝘂𝗰𝗶𝗻𝗲 (အိုင်ဆိုလူစင်း) နဲ့ 𝗩𝗮𝗹𝗶𝗻𝗲 (ဗေလင်း) တို့ပါဝင်တဲ့ အသားဓာတ်တွေကို သေချာမျှမျှတတ စားသောက်မယ်ဆိုရင် ဆီးချိုကြောင့်ဖြစ်တဲ့ ခြေထောက်အနာတွေမှာလည်း အနာကျက်ပြီး အသားတက်မြန်နိုင်ကြောင်းကို (၂၀၂၃) ခုနှစ်ထုတ် စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
📌 ဒါကြောင့် အနာကျက်မြန်ပြီး အသားတက်ကောင်းစေဖို့အတွက် နေ့စဉ်လိုအပ်တဲ့ အသားဓာတ်ကို ဂရုတစိုက်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
🇦🇺 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံထုတ် 𝗣𝗿𝗼𝘁𝗶𝗻𝗲𝘁 မှာ 𝗔𝗿𝗴𝗶𝗻𝗶𝗻𝗲 ၊ 𝗟𝗲𝘂𝗰𝗶𝗻𝗲 ၊ 𝗜𝘀𝗼𝗹𝗲𝘂𝗰𝗶𝗻𝗲 နဲ့ 𝗩𝗮𝗹𝗶𝗻𝗲 အပါအဝင် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ 𝗔𝗺𝗶𝗻𝗼 𝗔𝗰𝗶𝗱𝘀 တွေ များစွာပါဝင်လို့ အသားဓာတ်ဖြည့်တင်းဖို့ နဲ့ အနာကျက်မြန်စေဖို့ ရွေးချယ်သင့်တဲ့ 𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻𝗮𝗹 𝗙𝗼𝗿𝗺𝘂𝗹𝗮 တစ်မျိုး ဖြစ်ပါတယ်။
💊 𝗣𝗿𝗼𝘁𝗶𝗻𝗲𝘁 ကို နာတာရှည် ဖျားနာလူနာတွေ၊ နာလန်ထစ လူနာတွေနဲ့ အသက်အရွယ်ကြီးသူတွေ သောက်သုံးသင့်သလို အားကစားသမားတွေသောက်သုံးမယ်ဆိုရင်လည်း အမောခံနိုင်ပြီး ကြွက်သားနာကျင်မှုများကို သက်သာစေနိုင်ပါတယ်။
𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀
📌 Tavakoli, M., Labbaf, S., Mirhaj, M., Salehi, S., Seifalian, A.M. and Firuzeh, M., 2023. Natural polymers in wound healing: From academic studies to commercial products. 𝘑𝘰𝘶𝘳𝘯𝘢𝘭 𝘰𝘧 𝘈𝘱𝘱𝘭𝘪𝘦𝘥 𝘗𝘰𝘭𝘺𝘮𝘦𝘳 𝘚𝘤𝘪𝘦𝘯𝘤𝘦, 140(22), p.e53910.
📌 Ma, Y.K., Lin, Y.H., Lin, H.C., Jeng, C.H., Chen, C.C. and Lin, S.H., Effect of Branched-Chain Amino Acids on Wound Healing in Patients with Diabetic Foot Ulcers. 𝘊𝘭𝘪𝘯 𝘊𝘢𝘴𝘦 𝘙𝘦𝘱 𝘐𝘯𝘵. 2023; 7, 1610.
11/06/2026
🎉 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 (𝗠𝘆𝗮𝗻𝗺𝗮𝗿) 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 𝟭𝟬𝘁𝗵 𝗔𝗻𝗻𝗶𝘃𝗲𝗿𝘀𝗮𝗿𝘆 🎉
✅ 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 (𝗠𝘆𝗮𝗻𝗺𝗮𝗿) 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 မှ အများပြည်သူများအတွက် ကျန်းမာရေးအသိပညာပေး ဗီဒီယိုများ နှင့် 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹𝘀 များအတွက် နောက်ဆုံးပေါ် ကုသမှုနည်းလမ်းသစ်များကို အချိန်နဲ့တပြေးညီ၊ စဉ်ဆက်မပြတ် တင်ဆက်လာခဲ့တာ (၁၀) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
🥰 ဒီ (၁၀) နှစ်တာအတွင်းမှာ အားပေးကြည့်ရှုခဲ့ကြတဲ့ 𝗦𝘂𝗯𝘀𝗰𝗿𝗶𝗯𝗲𝗿 ပေါင်း (၁၃၇,၂၈၄) ယောက်ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
✨ နောင်လာမယ့် နှစ်တွေမှာလည်း အများပြည်သူများ နဲ့ 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹𝘀 များအတွက် အကျိုးရှိစေမယ့် အကြောင်းအရာများကို ဆက်လက်ပြီး တင်ဆက်သွားမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
🙏 အားလုံးရဲ့ အားပေးမှုကို ဆက်လက်မျှော်လင့်လျက်
🎊 𝗛𝗮𝗽𝗽𝘆 𝟭𝟬𝘁𝗵 𝗔𝗻𝗻𝗶𝘃𝗲𝗿𝘀𝗮𝗿𝘆 _ 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 (𝗠𝘆𝗮𝗻𝗺𝗮𝗿) 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹! 🎊
07/06/2026
📌 ကမ္ဘာ့အရေပြားထူ လေးဖက်နာနေ့ (၂၀၂၆)
✅ ကျန်းမာရေး အသိပညာပေး အစီအစဉ် ဖိတ်ကြားခြင်း
🥰 𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿) မှ 𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ် ပါဝင်ကူညီအားဖြည့်ပေးထားသော ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အရေပြားထူး လေးဖက်နာနေ့ (၂၀၂၆) 𝗪𝗼𝗿𝗹𝗱 𝗦𝘆𝘀𝘁𝗲𝗺𝗶𝗰 𝗦𝗰𝗹𝗲𝗿𝗼𝘀𝗶𝘀 𝗗𝗮𝘆 (𝟮𝟬𝟮𝟲) အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်အပ်သည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
📌 ကျင်းပမည့်နေရာ - သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
🗓️ ကျင်းပမည့်နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၈)ရက် (တနင်္ဂနွေနေ့)။
🕗 ကျင်းပမည့်အချိန် - နံနက် (၈) နာရီမှ (၁၁) နာရီအထိ။