Asia Royal Hospital

Asia Royal Hospital

Share

Healthcare Service Asia Royal Hospital is an 11th Storey twin building which was opened on the 18th March 2000. Specialist on call service is also available.

We are providing multidisciplinary medical care service with modern medical equipments. We are concerned with prompt & effective treatment to our patient given by well trained residential medical doctors, nurses & supported by expert professional staffs at the every respective department . Nearly a decade, we have performed our service to get better health living and well being. We always try to m

25/06/2026

📢 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭-𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫

📢 We are currently seeking a qualified and dedicated 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 to join our healthcare team.
- The ideal candidate should be a registered medical practitioner with strong clinical skills and a commitment to patient care.
- Join us in delivering quality healthcare to our community!

🏥 Location: Sanchaung Township, Yangon.
👉 Benefit: Uniform, Annual Increment, Medical Discount for Staff & family members

☎️ Job Requirements are attached in the post & for detail, please contact to us 017538055 , 09765415460 (Viber)
✉️ Interested candidates are invited to submit their CV and cover letter via mail with the title of “𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 – 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫”

✅ Only shortlisted candidates will be contacted.

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

25/06/2026

ဇွန်လ ၂၅ရက်နေ့ဟာ “ကမ္ဘာ့ ခရုသင်းရောဂါနေ့” World Vitiligo Day ဖြစ်ပါတယ်။
- အရေပြား ပြဿနာတွေထဲမှာ အတွေ့ရများတတ်တဲ့ ခရုသင်းရောဂါဟာ အရေပြားမှ သဘာဝရောင်ခြယ်ပစ္စည်း "မယ်လနင်"များ ပျက်စီး၊ချို့တဲ့သွားလို့ အဖြူ/နို့နှစ်ရောင်အကွက်များ ဖြစ်လာတဲ့ နာတာရှည်အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။

📌 ခရုသင်း ဘာကြောင့်ဖြစ်လာရလဲ ဆိုတာကိုတော့ တိကျစွာ မသိရသေးပါဘူး။
- အဖြစ်နိုင်ဆုံးအရာတွေက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်၊ ဟော်မုန်းစနစ်၊ မျိုးရိုးဗီဇ၊ ဓာတုပစ္စည်းများ(ဥပမာ- ဆံပင်ဆိုးဆေးများမှာပါတဲ့ Phenolဓာတ်)နှင့် ထိတွေ့မှုများခြင်း၊ စိတ်ဖိစီးမှုများ နှင့် ရောဂါပိုးမွှားများကြောင့် ဖြစ်လေ့ရှိတာကို တွေ့ရပါတယ်။
- အရွယ်မရွေး ဖြစ်နိုင်ပေမယ့် လူနာအများစု (၉၅%)ဟာ အသက် ၄၀ မတိုင်မီမှာ ခရုသင်း စဖြစ်တတ်ကြပါတယ်။
- ဖြစ်ပွားနှုန်းက လူဦးရေ ၁၀၀ မှာ ၁-၂ ဦးခန့်အထိ အဖြစ်များပါတယ်။
- မိဘနှစ်ဦးအနက် တစ်ဦးမှာ ဒီရောဂါရှိရင် ကလေးမှာ ဖြစ်လာနိုင်ချေ (မျိုးရိုးလိုက်တဲ့နှုန်း) ၅-၁၀%ခန့် ရှိပါတယ်။

📌 ကူးစက်တဲ့ ရောဂါမျိုးတော့ မဟုတ်ပါဘူး။
- အသက်အန္တရာယ်ရှိတာမျိုး၊ အရေပြားကင်ဆာအဆင့်ကို ကူးသွားတာမျိုးလို ဆိုးဆိုးရွားရွားတွေ မဖြစ်တတ်ပေမယ့် ခရုသင်းက ဖြစ်ပြီဆိုရင် ပျောက်ဖို့ခက်လေ့ရှိတဲ့ အရေပြားရောဂါတစ်မျိုးပါပဲ။
- အကွက်က သေးငယ်ပြီး ကံကောင်းရင်တော့လည်း ကုသစရာ မလိုဘဲ အလိုလိုပြန်ပြီး ပျောက်သွားနိုင်ပါတယ်။

📌 ခန္ဓာကိုယ်နေရာအနှံ့မှာ ဖြစ်နိုင်ပြီး နေရာနဲ့ပုံစံပေါ် မူတည်ပြီး အမျိုးအစားများ ခွဲခြားနိုင်ပါသေးတယ်။
(၁) Generalized Vitiligo - အတွေ့ရများတဲ့ ပုံစံဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ အဖြူကွက်များ ပျံ့နှံ့ပြီးပေါ်ခြင်း၊
(၂) Acrofacial Vitiligo - လက်၊ခြေထိပ်များနှင့် မျက်လုံး၊ပါးစပ်၊ နှာခေါင်းတစ်ဝိုက်တွင် အဖြူကွက်ပေါ်ခြင်း၊
(၃) Focal Vitiligo - တစ်နေရာတည်းတွင်သာ အဖြူကွက်ပေါ်ခြင်း၊
(၄) Mucosal Vitiligo - ပါးစပ်၊ နှာခေါင်း အတွင်းပိုင်းနှင့် လိင်အင်္ဂါ အမြှေးများတွင် အဖြူကွက်ပေါ်ခြင်း စတဲ့ ပုံစံအမျိုးမျိုး ရှိပါတယ်။

⚠️ နောက်ဆက်တွဲ ပြဿနာများ
- နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်စွမ်း လျော့ကျနေမှုကြောင့် အရေပြားနေလောင်ခြင်း၊ မညီညာကြမ်းတမ်းခြင်းများ ဖြစ်လာပါမယ်။
- အရေပြား မလှပမှုများကြောင့် စိတ်ဓာတ်ကျ အားငယ်မှုတွေ၊ လူတောထဲ မသွားလိုဘဲ စိတ်ဒဏ်ရာတွေ ဖြစ်လာတတ်ပါတယ်။ နား၊ မျက်စိနှင့် နီးစပ်နေရင် အမြင်၊အကြား အာရုံများ ချို့ယွင်းလာနိုင်ချေလည်း ရှိပါတယ်။

🔎 ရောဂါစစ်ဆေးနည်းများ
- အရေပြားအထူးကုဆရာဝန်မှ ခရုသင်းကို UV အလင်းပေးစစ်ဆေးပြီး အခြားအရေပြားရောဂါများ(ဥပမာ-နှင်းခူ)နှင့် ခွဲခြားသိရှိနိုင်ပါတယ်။
- လိုအပ်ရင် (Biopsy)အသားစယူပြီးလည်း စစ်နိုင်ပါတယ်။
- သွေးစစ်ဆေးခြင်း၊ သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း၊ မျက်စိနှင့် နားအကြားအာရုံများ စစ်ဆေးခြင်းများ လိုအပ်သလို လုပ်ရနိုင်ပါတယ်။
- ခရုသင်းရောဂါဟာ အခြားသော ကိုယ်ခံအားမူမမှန်တဲ့ Autoimmune ရောဂါများနှင့်တွဲပြီး ဖြစ်နေတတ်တာကြောင့် ဂရုပြုပြီး သေချာစစ်ဆေး ကုသမှုခံယူသင့်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

⚠️ ခရုသင်း ဝေဒနာရှင်များအတွက် ဂရုပြုရန် အချက်များ
- နေရောင်ထဲမှာ အကာအကွယ်မပါဘဲ လုံးဝမသွားသင့်ပါဘူး။
(နေလောင်တာ ကာကွယ်ဖို့ အနည်းဆုံး SPF 30 ပါတဲ့ နေရောင်ကာ လိမ်းဆေးများ လိမ်းပေးရပါမယ်။)
- ကလိုရင်း ခတ်ထားသောရေနှင့် ထိတွေ့ခြင်း၊ ရေကူးကန်သွားခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
- ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဘီယာများ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
- အစိမ်းရောင်အသီးအရွက် များများစားပေးပါ။
- သိပ်မဆိုးသေးတဲ့ အကွက်တွေကို မမြင်သာအောင် မိတ်ကပ်သုံးပြီး ဖုံးထားနိုင်ပါတယ်။
- Omega 3, ဗီတာမင် A,C,E,B12 နှင့် Iron,Zinc,Selenium ပါတဲ့ အစားအစာများ၊ အားဆေးများ တွဲပြီးသောက်ရင် ကုသမှုတွေမှာ ပိုမိုသိသာနိုင်ပါတယ်။

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "အရေပြားအထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်နော် ...

😍 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင် 😇
🙏 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 💐

Reference-https://www.medicalnewstoday.com/articles/245081

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#ခရုသင်း
#အဖြူကွက်
#အရေပြားရောဂါ
#သမင်ဖြူ

Photos from Asia Royal Hospital's post 25/06/2026

ကြာသပတေးနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...

👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေဆရာဝန်များ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အသည်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရိုးအကြောအဆစ် ဆေးပညာအထူးကုဆရာဝန်ကြီး"

👨‍⚕️"သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကလေးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကူးစက်ရောဂါနှင့်အထွေထွေအထူးကုဆရာဝန်ကြီး"

👨‍⚕️"စိတ်ရောဂါအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဓာတ်ရောင်ခြည် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရေပြား အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"သွေးရောဂါ အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကင်ဆာအထူးကုဆရာဝန်ကြီးများ"

🏥"အာရှတော်ဝင်ဆေးရုံ" - အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ပြင်ပလူနာဌာန (𝐎𝐏𝐃)တွင် သက်ဆိုင်ရာ ရောဂါအလိုက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်ရှင်။

📆 ဆရာဝန်ကြီးများ၏ဆေးခန်းထိုင်ချိန်များသည် အချိန်မရွေးအပြောင်းအလဲရှိနိုင်သောကြောင့် အသေးစိတ်သိရှိစေရန် နှင့် ရက်ချိန်းပေးရန်အတွက် ဖုန်း 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်။
𝑽𝙞𝒃𝙚𝒓 𝑩𝙤𝒐𝙠𝒊𝙣𝒈 𝑷𝙝𝒐𝙣𝒆 09 971 804 705 သို့ ပြသမည့် နေ့နှင့်အချိန်၊ ပြသမည့် လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်၊ အထူးကု ဘာသာရပ်အမည်များကို ပြသမည့်နေ့ မတိုင်မီ ၂ပတ်အလို‌ နေ့စဉ် မနက်(8:30 to 5:00 Pm )တွင် ပေးပို့နိုင်ပါတယ်။

📲 ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်း ( teleconsultation ) မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 09765408606 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

🥰sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့်😇
💐‘ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။’🙏

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#အထူးကုဆရာဝန်ကြီးများ
#ပြင်ပလူနာဌာန

24/06/2026

👨 ရောဂါတိုင်းကတော့ စောစောသိလေ ကုသပျောက်ကင်းနိုင်ချေ များလေဖြစ်လို့ ကျန်းမာရေးစစ်ဆေးခြင်း (Medical checkup) တွေကို ပုံမှန် လုပ်ပေးသင့်ပါတယ်။
- အသက် ၄၀ ကျော် အမျိုးသားတွေမှာ ပြုလုပ်သင့်တဲ့ စစ်ဆေးမှုများကို ပြောပြပေးချင်ပါတယ်။

(၁) သွေးတိုး၊ နှလုံးရောဂါများ စစ်ဆေးခြင်း
- သွေးပေါင်ချိန်တိုင်းခြင်း၊
- နှလုံး ECG စက်ဆွဲခြင်း၊ Echo ရိုက်ခြင်း၊
- သွေးတွင်းအဆီဓာတ်များ စစ်ဆေးခြင်း (Lipid profile) တို့ကို လုပ်သင့်ပါတယ်။
- သွေးပေါင်ချိန်ဆိုရင် အလွယ်တကူ တိုင်းလို့ရတဲ့ စက်လေးတွေနဲ့ အိမ်မှာပဲ နေ့စဥ် တိုင်းကြည့်သင့်ပါတယ်။
- အထူးသဖြင့် မိသားစုမျိုးရိုးထဲမှာ ဒီရောဂါတွေ ဖြစ်ဖူးသူ၊ ကျန်းမာရေးနှင့် မညီညွတ်တဲ့ နေထိုင်မှုရှိသူတွေမှာ မဖြစ်မနေ စစ်ကြည့်သင့်ပါတယ်။

(၂) ဆီးချိုရောဂါ စစ်ဆေးခြင်း
- အသက်ရလာတာနဲ့အမျှ ဆီးချိုရောဂါ ဖြစ်နိုင်ချေကလည်း မြင့်လာပါတယ်။ (ဆီးချိုရဲ့နောက်ဆက်တွဲ ကျောက်ကပ်၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ ဆိုးကျိုးတွေ များစေနိုင်ပါတယ်။)
- သွေးတွင်းအချိုဓာတ် စစ်ဆေးခြင်းများ (RBS/ FBS/ 2HPP) နှင့်
- HBA1c (ပြီးခဲ့တဲ့ ၃လအတွင်းက ပျမ်းမျှသွေးတွင်းအချိုဓာတ်)တွေ စစ်သင့်ပါတယ်။

(၃) ကျောက်ကပ်၊ အသည်းလုပ်ဆောင်မှုကို စစ်ဆေးခြင်း
- ကျောက်ကပ်လုပ်ဆောင်မှုကို သိရှိရန် Urea, Creatinine, eGFR စစ်ခြင်း၊
- အသည်းလုပ်ဆောင်မှုအတွက် LFT (Liver function test)၊ အသည်းအင်ဇိုင်းများ ALT, AST စစ်ဆေးခြင်းတို့ကို လုပ်သင့်ပါတယ်။
- အထူးသဖြင့် မိသားစုထဲမှာ ကျောက်ကပ်၊ အသည်း၊ ဆီးချို၊ သွေးတိုးရှိသူ၊ အရက်သောက်သူများ မဖြစ်မနေ စစ်သင့်ပါတယ်။

(၄) အူမကြီးကင်ဆာ စစ်ဆေးခြင်း
- အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းတွေကလည်း ငယ်ရွယ်သူတွေမှာပါ များလာပါတယ်။
- အူမကြီးကင်ဆာက အသိနောက်ကျတတ်လို့ စောစောသိနိုင်ဖို့ဆိုရင် အူမကြီးမှန်ပြောင်း(Colonoscopy) ကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။
- မသင်္ကာစရာ အလုံးအကျိတ်များကို မှန်ပြောင်းကြည့်ရင်း တစ်ခါတည်း ရှင်းလင်းဖယ်ရှားနိုင်ပါတယ်။
- အဖြေရလဒ်ကောင်းရင် နောက်ထပ်(၅)နှစ်အကြာမှ (သို့) ဆရာဝန်ညွှန်ကြားသလို ပြန်လည်စစ်ဆေးရပါတယ်။

(၅) ဆီးကျိတ်အတွက် စစ်ဆေးခြင်း
- ဆီးကျိတ်ရောင်ခြင်း နှင့် ဆီးကျိတ်ကင်ဆာကလည်း အမျိုးသားတွေ အဖြစ်အများဆုံး ရောဂါတွေထဲမှာ ပါဝင်ပါတယ်။
- မကြာခဏ ဆီးသွားချင်နေတာ၊ ညဘက်မှာ ပိုသွားတာ၊ ဆီးကျန်သလိုဖြစ်တာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ခံစားနေရရင် Prostate Specific Antigen (PSA) သွေးဖောက်စစ်ခြင်းတို့ကို မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။

(၆) အဆစ်အမြစ်ရောင်ရောဂါ (Gouty arthritis) စစ်ဆေးခြင်း
- အသက်ရလာတဲ့ အမျိုးသားများ အထူးသဖြင့် ဘီယာသောက်တာများသူတွေ၊ သကြားဓာတ်၊ အနီရောင်အသား၊ ပင်လယ်စာ အစားများသူတွေမှာ သွေးတွင်း Uric acid ဓာတ်ကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။

(၇) မျက်စိ စစ်ဆေးခြင်း
- အသက်ရလာတာနဲ့အမျှ အမြင်မှုန်ဝါးမှုတွေ၊ တိမ်စွဲခြင်းလိုမျိုးရောဂါတွေ ဖြစ်နိုင်ချေ များလာပါပြီ။
- ဒါကြောင့်မို့လို့ မျက်စိစစ်ဆေးခြင်းကိုလည်း နှစ်စဥ် ပုံမှန် ပြုလုပ်သင့်ပြီး လိုအပ်လာရင် မျက်မှန်တပ်ဆင်ဖို့လည်း ဂရုတစိုက် လုပ်ပေးသင့်ပါတယ်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

😇 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင် 😊
🙏 ကာယစိတ္တ နှစ်ဖြာသော သုခချမ်းသာများ ပြည့်စုံကြပါစေလို့ အာရှတော်ဝင်ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင် 💐

Reference-https://medlineplus.gov/ency/article/007465.html

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#ဆီးကျိတ်
#ကျောက်ကပ်
#အသည်း
#အမျိုးသားရောဂါ
#အဆစ်အမြစ်ရောင်ရောဂါ
#အူမကြီးကင်ဆာ
#သွေးတိုး၊နှလုံး၊ဆီးချို

24/06/2026

🔈 အာရှတော်ဝင်ဆေးရုံ၏ ဖုန်းနံပါတ် 𝟎𝟗𝟕𝟕𝟖𝟕𝟕𝟖𝟖𝟖𝟓 မှာ လတ်တလောတွင် ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် ဆက်သွယ်၍ မရနိုင်သေးပါသဖြင့် ဖုန်းနံပါတ် 𝟎𝟏𝟕𝟓𝟑𝟖𝟎𝟓𝟓 သို့ ဆက်သွယ်မေးမြန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

24/06/2026

📢 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭-𝐉𝐮𝐧𝐢𝐨𝐫 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐢𝐬𝐭

▶ Employment Type: Full-Time

📢 At Asia Royal Hospital, we believe every step forward is a victory for our patients.
- We’re looking for a Junior Physiotherapist who is passionate about helping people regain their strength, mobility and confidence.

How to Apply:
Interested candidates should submit CV to:
📧 Email: [email protected]
📞 Phone: +959 765 415 460

✅ Only shortlisted candidates will be contacted for an interview.

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

Photos from Asia Royal Hospital's post 24/06/2026

ဗုဒ္ဓဟူးနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...

👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေဆရာဝန်များ"

👨‍⚕️"ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်ကြီး"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အသည်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"မျက်နှာနှင့်မေးရိုး ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကလေးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရေပြား အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"သွေးရောဂါ အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကင်ဆာအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထူးကုသမားတော်နှင့်အာဟာရပညာရှင်"

🏥"အာရှတော်ဝင်ဆေးရုံ" - အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ပြင်ပလူနာဌာန (𝐎𝐏𝐃)တွင် သက်ဆိုင်ရာ ရောဂါအလိုက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်ရှင်။

📆 ဆရာဝန်ကြီးများ၏ဆေးခန်းထိုင်ချိန်များသည် အချိန်မရွေးအပြောင်းအလဲရှိနိုင်သောကြောင့် အသေးစိတ်သိရှိစေရန် နှင့် ရက်ချိန်းပေးရန်အတွက် ဖုန်း 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်။
𝑽𝙞𝒃𝙚𝒓 𝑩𝙤𝒐𝙠𝒊𝙣𝒈 𝑷𝙝𝒐𝙣𝒆 09 971 804 705 သို့ ပြသမည့် နေ့နှင့်အချိန်၊ ပြသမည့် လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်၊ အထူးကု ဘာသာရပ်အမည်များကို ပြသမည့်နေ့ မတိုင်မီ ၂ပတ်အလို‌ နေ့စဉ် မနက်(8:30 to 5:00 Pm )တွင် ပေးပို့နိုင်ပါတယ်။

📲 ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်း ( teleconsultation ) မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 09765408606 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

🥰sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့်😇
💐‘ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။’🙏

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#အထူးကုဆရာဝန်ကြီးများ
#ပြင်ပလူနာဌာန

23/06/2026

🧔 ယောကျာ်းတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေက ဘာတွေလို့ထင်လဲ ?
💔 အသဲကွဲဖူးတဲ့ bro တွေရော ဘယ်လိုတွေ ခံစားရလဲ ?
🤔 သူတို့တွေကရော ဘာတွေ ပြောထားကြလဲ ?

🎬 ဒီ video လေးထဲမှာ ပြောပြပေးထားလို့ ကြည့်လိုက်ပါဦးနော် ...

😇 sharing is caring ဆိုသလိုပဲ ဒီ video လေးကို ကြည့်ရှုပြီး share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင်။ 😍
🙏 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 💐

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞 မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗𝟕𝟔𝟓𝟒𝟎𝟖𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

#အရက်
#ဆေးလိပ်
#ကွမ်း

Photos from Asia Royal Hospital's post 23/06/2026

အင်္ဂါနေ့ တွင် "အာရှတော်ဝင်ဆေးရုံ" ရှိ ပြင်ပလူနာဌာန ၌ ပြသနိုင်သော "အထူးကုဆရာဝန်ကြီးများ" ...

👨‍⚕️"နှလုံးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထွေထွေဆရာဝန်များ"

👨‍⚕️"ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်ကြီး"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အသည်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ထိခိုက်ဒဏ်ရာနှင့်အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အရိုးအကြောအဆစ် ဆေးပညာအထူးကုဆရာဝန်ကြီး"

👨‍⚕️"သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကလေးအထူးကုဆရာဝန်ကြီးများ"

👨‍⚕️"အထူးကုသမားတော်နှင့်အာဟာရပညာရှင်"

👨‍⚕️"ဓာတ်ရောင်ခြည် အထူးကုဆရာဝန်ကြီးများ"

👨‍⚕️"ကင်ဆာအထူးကုဆရာဝန်ကြီးများ"

🏥"အာရှတော်ဝင်ဆေးရုံ" - အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ပြင်ပလူနာဌာန (𝐎𝐏𝐃)တွင် သက်ဆိုင်ရာ ရောဂါအလိုက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်ရှင်။

📆 ဆရာဝန်ကြီးများ၏ဆေးခန်းထိုင်ချိန်များသည် အချိန်မရွေးအပြောင်းအလဲရှိနိုင်သောကြောင့် အသေးစိတ်သိရှိစေရန် နှင့် ရက်ချိန်းပေးရန်အတွက် ဖုန်း 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်။
𝑽𝙞𝒃𝙚𝒓 𝑩𝙤𝒐𝙠𝒊𝙣𝒈 𝑷𝙝𝒐𝙣𝒆 09 971 804 705 သို့ ပြသမည့် နေ့နှင့်အချိန်၊ ပြသမည့် လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်၊ အထူးကု ဘာသာရပ်အမည်များကို ပြသမည့်နေ့ မတိုင်မီ ၂ပတ်အလို‌ နေ့စဉ် မနက်(8:30 to 5:00 Pm )တွင် ပေးပို့နိုင်ပါတယ်။

📲 ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်း ( teleconsultation ) မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 09765408606 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

🥰sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင့်😇
💐‘ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။’🙏

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး
#အထူးကုဆရာဝန်ကြီးများ
#ပြင်ပလူနာဌာန

22/06/2026

🔎 EMG (Electromyography) စစ်ဆေးခြင်းဆိုတာ လျှပ်စစ်ဓာတ်ပါတဲ့ အပ်ငယ်လေးတွေကို ကြွက်သားထဲကို ထည့်သွင်းပြီး အာရုံကြောနှင့် ကြွက်သားများရဲ့ တုံ့ပြန်မှုနှင့်လုပ်ဆောင်ချက်များကို စက်ဖြင့် မှတ်သားတိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

🔎 အချို့အခြေအနေတွေမှာ အာရုံကြောစနစ်ရဲ့ ဘယ်အပိုင်းမှာ ထိခိုက်ပျက်စီးပြီး အားနည်းနေတယ်ဆိုတာကိုပါ ရှာဖွေလိုတဲ့အခါ EMG ကို NCS (Nerve Conduction Study) စစ်ဆေးမှုနှင့်လည်း တွဲဖက်လုပ်ဆောင်လေ့ရှိပါတယ်။

📌 EMG ဖြင့် စစ်ဆေးသင့်သော ရောဂါလက္ခဏာများ
- ခြေ၊ လက်များ ထုံကျဥ်ခြင်း၊
- ခန္ဓာကိုယ် အစွန်အဖျားပိုင်း အာရုံကြော အားနည်းမှုများ၊ (Peripheral Neuropathy)၊
- ကြွက်သားများ ကျုံလှီခြင်း၊ အားအင်ချိနဲ့ခြင်း (muscular dystrophy)
- ကြွက်သားများ ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်း၊
- ကြွက်တက်ခြင်း၊
- ရုတ်တရက် ကြွက်သားလှုပ်ခြင်း၊ အကြောဆွဲခြင်း၊
- လေဖြတ်ခြင်း၊ မျက်နှာလေဖျန်းခြင်း
စတဲ့ အာရုံကြော၊ ကြွက်သားများနှင့် သက်ဆိုင်တဲ့ လက္ခဏာများအတွက် ရောဂါအခြေအနေကို ရှာဖွေစမ်းသပ်စစ်ဆေးနိုင်ပါတယ်။

🕰 EMG စစ်ဆေးခြင်းဟာ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး စစ်ဆေးရန် ကြာမြင့်ချိန်မှာ ရောဂါအခြေအနေပေါ်မူတည်ပြီး မိနစ် ၃၀ခန့် မှ ၂နာရီခန့်အထိ ကြာမြင့်နိုင်ပါမယ်။

⚠️ ဘေးထွက်ဆိုးကျိုးများ
- EMG ပြုလုပ်နေစဥ် စစ်ဆေးတဲ့ နေရာတစ်ဝိုက်မှာ လျှပ်စစ်လှိုင်းကြောင့် အနည်းငယ် နာကျင်ခြင်းနှင့် ကြွက်သားများ လှုပ်ရှားခြင်းတွေကို ခံစားရနိုင်သည်မှအပ အခြားဘေးထွက်ဆိုးကျိုးများ မရှိနိုင်ပါဘူး။

⚠️ စစ်ဆေးမှု ပြုလုပ်ရာမှာ သတိပြုသင့်တဲ့ အချက်များ
- ခန္ဓာကိုယ်မှာ နှလုံးစက်(pacemaker, defibrillator)များ တပ်ဆင်ထားပါက စစ်ဆေးမှု မပြုလုပ်မီ တာဝန်ရှိသူကို ပြောပြထားရပါမယ်။
- စစ်ဆေးချိန်မှာ သက်တောင့်သက်သာရှိပြီး ဝတ်ဆင်ရ လွယ်ကူတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်ပါ။
- စစ်ဆေးမှု မပြုလုပ်မီ (၂ရက် အလိုတည်းက) အရေပြားကို ခရင်မ်များ၊ ရေမွှေးများ အသုံးမပြုသင့်ပါ။။
- အရေပြားကို ခြောက်သွေ့ သန့်ရှင်းနေအောင် ဂရုစိုက်ပါ။

🏥 "အာရုံကြောနှင့်ကြွက်သားအားနည်းရောဂါ လက္ခဏာများ" ခံစားနေရပါက အာရှတော်ဝင်ဆေးရုံတွင် "ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးပြီး ရောဂါရှာဖွေ စမ်းသပ်နိုင်ပါတယ်။
- လိုအပ်ပါက ဆရာဝန်ကြီးများ၏ ညွှန်ကြားချက်များဖြင့် EMG စက်ဖြင့် စမ်းသပ်ခြင်းများကိုလည်း ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
- အသေးစိတ် မေးမြန်းလိုပါက ဖုန်း - 01 753 8055, 09 778 778 885 သို့ ဆက်သွယ်နိုင်ပါတယ်နော် ...

😍 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင် 😇
🙏 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 💐

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓 𝟒𝟎𝟖 𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

#အာရှတော်ဝင်ဆေးရုံ

#ကျန်းမာရေး

#ဦးနှောက်နှင့်အာရုံကြော
#ကြွက်သားအားနည်း
#အကြောသေရောဂါ

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

14, Baho Road , Aung Chan Thar Ward, SCHG
Yangon
11111