17/03/2026
ဒေသအကျိုးအတွက် ပြည်သူများနှင့်တွေ့ဆုံ
ရန်ကုန်(၂၀၂၆၊မတ် ၁၇)
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး(ပါတီဒုဥက္ကဌ)သည် ပါတီဥက္ကဌကြီး ဦးရဲထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးလေးစိုး(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကော့မှူးမြို့နယ်)၊ ပါတီတာဝန်ရှိသူများဖြစ်ကြသည့် ဒေါ်စန္ဒာ၊ ဒေါ်ခင်မာလာထွန်းတို့နှင့်အတူ ယနေ့ ၁၇-၃-၂၀၂၆ ရက်နေ့တွင် ဒလမြို့နယ် သမ္မတကမ်းခြေရှိ ပြည်သူများနှင့်တွေ့ဆုံခဲကြပါသည်။
ထိုတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးမှ ပြည်သူများ၏မဲပေးထောက်ခံခဲ့သည်ကို ကျေးဇူးတင်ပါကြောင်း၊ ဒေသကောင်းကျိုးအတွက် လုပ်ဆောင်ရန်လာခြင်းဖြစ်လို့ ပြည်သူတွေရဲ့အသံကိုနားထောင်လိုပါကြောင်း ဆွေးနွေပြောကြားခဲ့ပါသည်။ ပြည်သူများ၏ ဆွေးနွေမှုနှင့် လိုလားချက်များကို မှတ်သားခဲ့ပြီး လွှတ်တော်တွင် ဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း သိရှိရပါသည်။
ဗဟိုသတင်းပြန်ကြားရေး

02/02/2026