19/06/2026
❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞
ပြည်သူလူထုရဲ့ ဒီ“နှင်းဆီလှုပ်ရှားမှုကြီး” ကနေ စစ်အုပ်စုနဲ့တကွ တကမ္ဘာလုံးကို အသိပေးလိုက်တဲ့ တောင်းဆိုဖော်ပြချက်ကြီး (၃) ချက် ရှိပါတယ်။
ဒီသုံးချက်ကတော့-
(၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန် တောင်းဆိုသည်။
(၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။
(၃) မြန်မာပြည်၏ သမ္မတကြီးသည် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဖြစ်ကြောင်းကို ထပ်လောင်း ဖော်ပြသည်။
#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု
အရေးတော်ပုံ အောင်ရမည်။
Photo* BMTရှေ့တန်းရောက် ရဲဘော်များ
19/06/2026
လူထုခေါင်းဆောင် အမေစု (၈၁)နှစ်ပြည့် မွေးနေ့ကုသိုလ်အဖြစ် အလှူရှင် မနန့်နှင်းအေး မှ ရဲဘော် ရဲမေများအတွက် အာဟာရဒါန တစ်နပ်စာ ကျွေးမွေးလှူဒါန်းခဲ့ပါသည် ။
မွေးနေ့ရှင် အမေစု သက်တော် ရာကျော်ရှည်ပါစေ။မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေ။🙏🙏🙏
အလှူရှင်လဲ အသက်ရှုတိုင်းငွေတွေ ဝင်ပါစေ။
ရဲဘော် ရဲမေအားလုံးကလဲ ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားပါ့မည်ဟု လေးနက်စွာ ကတိသစ္စာပြုအပ်ပါတယ် ခင်ဗျာ။
06/06/2026
ဒီတစ်ခါ ထောက်ပို့လာသူကတော့ အများနဲ့မတူ တမူခြားနားလာပါတယ်ဗျာ။တပ်,တပ် ချင်း၊ တပ်အချင်းချင်း ပြန်လည်ထောက်ပံ့ခံရ၊ထောက်ပို့ခံရတာမို့ ပိုလို့ ဂုဏ်ယူမိပါတယ်။ကျေးဇူးလဲ တင်ပါတယ်
ဗမာပြည်ကာကွယ်ရေးတပ်_USBA ရဲ့ တပ်မှူးကိုယ်တိုင် ကျနော်တို့ဆီ မြေပြင်အရောက်လာခဲ့ဖူးတော့ ရဲဘော်တွေလက်တွေ့အလုပ်လုပ်နေကြတာရယ်၊ကိုယ့်အားကိုသုံး ရုန်းကန်နေကြတာတွေရယ် ၊အခက်အခဲတွေရယ် အထူးသဖြင့်လတ်တလောစစ်ကြောင်းရက်ရှည်မှာ အခက်အခဲတွေကို သိပြီး ကိုယ်တိုင် ထောက်ပံ့သွားခဲ့တာပါ။
ခုလို လာရောက် ထောက်ပို့သွားတဲ့ ဗမာပြည်ကာကွယ်ရေးတပ်_USBA အား ကျနော်တို့ Budalin Mobile Team-BMT (ဘုတလင်ရွေ့လျားစစ်ကြောင်း)က ရဲဘော်၊ရဲမေ တစ်ဦးချင်းဆီက ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
ဖက်ဒရယ်ဒီမိုရရှိသည်အထိ တော်လှန်ရေးပြီးဆုံးသည်အထိ အဆုံးထိတိုက်ပွဲဝင်သွားပါ့မည်ဟု လေးနက်စွာကတိသစ္စာပြုပါတယ် ခင်ဗျာ။
အတူတကွ တိုက်ပွဲဝင်သွားကြမယ် 👊
#ဘုတလင်ရွေ့လျားစစ်ကြောင်း