The Hero's Savior

The Hero's Savior

Share

We'll Protect The Heroes
ဒို့ သူရဲကောင်း ဒို့ ကာကွယ်
"အရေးတော်ပုံ အောင်ရမည်"

ရဲဘော်တွေအတွက် အရည်အသွေးပြည့်မီတဲ့ စစ်ဦးထုပ်နှင့် ကျည်ကာအင်္ကျီတွေ ဝယ်ယူရန်အတွက် ရန်ပုံငွေလိုအပ်ချက်များကို အဓိကထား ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

17/06/2026

21CM ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ SHE ထုတ်ကုန် အတွက် Pre Order မှာယူမှု ကို သတ်မှတ် အရေအတွက် နာရီ အလုံး 30 ပြည့်သွားပီမို့ ပိတ်လိုက်ပါပီ။

Order တင်ထားသူအားလုံးကို 21CM ကိုယ်စား ကျေးဇူး တင်ပါတယ်ခင်ဗျ။

16/06/2026

ပေ့ခ်ျမှာ လက်စွမ်းထက်နေသော သူငယ်ချင်းတို့ အားကို
ထပ်ပီး အသုံးပြုပေးကြပါအုန်း

သန်းမကြီးရဲ့ နောက်ထပ် လူရာ၀င်ဖို့ ကြိုးစားလာသော ဝါဒဖြန့် ပေ့ခ်ျတစ်ခု ကို ထပ် ကျအောင် ဆော်ကြမယ်မလား

✅ ရီပို့ဘယ်လိုထုရမလဲ မသိသူတွေ ဒီမှာဖတ်ပေးပါနော်
👇👇👇

ပေ့ခ်ျ link ထဲ၀င်ပါ။
https://www.facebook.com/share/17taB3ADQ3/

.. ညာဘက်ထောင့်မှာ အစက် 3 စက် ကို နှိပ်ပီး Report Page ကို နှိပ်ပါ။

ပီးရင် something about this page ကို ထပ်နှိပ်ပါ
ရွေးချယ်စရာတွေ အများကြီးထဲကမှ Scam , Fraud, False Information ကို ထပ်နှိပ်ပါ။
နောက်ဆုံး Share False Information ကို နှိပ်ပီး ရင် Done ပီးပါပီ။

အချိန်ရမယ် ဆိုတဲ့ သူတွေ သူတို့ တင်ထားတဲ့ ပို့စ် တစ်ခု ကိုပါ တွဲပီး ရီပို့ လုပ်ပေးကြပါ။ 😊

ဘယ်သူပဲ ဖြစ်ဖြစ် တွေ့တဲ့ အချိန် တွေ့တဲ့နေရာ မှာ ဝါဒဖြန့် ပေ့ခ်ျ တစ်ခု အမြန်ကျအောင် လက်စွမ်းပြကြရအောငခ

ရီပို့ အားလုံးညီစေနော် 💪💪💪

Photos from The Hero's Savior's post 16/06/2026

UAE ကအမျိုးတွေ အတွက် ခါးပတ် မိုက်မိုက် လေးတစ်ခု
ကိုယ်တိုင်လည်းအသုံးပြုလို့ရသလို ရော်ဘဲတွေကို လက်ဆောင်ပေးချင်လည်းရတယ်။

ယောက်ကျားလေး မိန်းကလေး မခွဲထား Couple တွေဆို အတူတူ သုံးလို့ရတယ်။

ဈေးနှုန်း - 300 AeD ပါ
Pre Order Available 📢📢📢

တောထဲမှာ အသက်နဲ့ရင်းပြီး တိုက်နေတဲ့သူတွေရှိတယ်။
မြို့ထဲမှာ တော်လှန်ရေး မမေ့သေးတဲ့သူတွေရှိတယ်။

အခု DEFENDERS ခါးပတ် က
အဲ့နှစ်ခုကို ချိတ်ဆက်ပေးမယ့် သင်္ကေတဖြစ်လာပြီ။

ကျားသစ်နက်ရဲဘော် ညီအကိုများနဲ့အတူ ရိုက်ကူးထားတဲ့
DEFENDERS Tactical Belt မှ ရရှိလာမယ့် အကျိုးအမြတ်အားလုံးကို
Black Panther Column (ကျားသစ်နက်စစ်ကြောင်း) ရဲ့

⚙️ နည်းပညာတိုးတက်ရေး
🎯 Mission Support
📦 လိုအပ်နေသော အထွေထွေ အသုံးစရိတ်များအတွက်
တိုက်ရိုက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

တချို့လူတွေက keyboard နဲ့ပဲ တော်လှန်နေကြတယ်။
တချို့ကတော့ သွေးနဲ့ ရင်းထားကြတယ်။

မင်း ဘယ်ဘက်မှာ ရပ်မလဲ။

📩 မှာယူလိုပါက
Black Panther Column Fundraising Team Page မှ တဆင့်
တိုက်ရိုက် ဆက်သွယ်နိုင်သလို
🌍 နိုင်ငံတကာ ကိုယ်စားလှယ်များထံမှလည်း
ဆက်သွယ် ဝယ်ယူအားပေးနိုင်ပါပြီ။

🛡️ “Wear the Spirit of Defenders”
🖤 “Support Those Who Stand and Fight”

#ဗျူဟာအမှတ်၃၂

်ခွဲ၁
်ခွဲ၂
်ခွဲ၃
်ခွဲ၄
်ကြောင်းလုံခြုံရေးအဖွဲ့





16/06/2026

ယူအေအီး အော်ဒါ အရေအတွက် 10 ခုပဲ ကျန်ပါတော့တယ် June 19 နောက်ဆုံးထားပီး မှာယူပေးကြပါဗျို့ 📢📢📢

Photos from The Hero's Savior's post 15/06/2026

❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞

══════════════

#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု



ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား၊ မြန်မာစစ်အာဏာရှင်အဆက်ဆက် အကြောက်ဆုံးလူသား၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လေးစားယုံကြည်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ မကြာခင် ရောက်ပါတော့မယ်။

အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း (၂၂၀၀၀) ကျော်ကို အဓမ္မ ချုပ်နှောင်ထားတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ နည်းလမ်းမျိုးစုံသုံးပြီး အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို အဓမ္မ ပေါ်တာဆွဲဥပဒေနဲ့ ဒုက္ခမျိုးစုံ ပေးနေတဲ့ စစ်အုပ်စု။ ဒီစစ်အုပ်စုကပဲ ရွေးကောက်ပွဲအတု လုပ်၊ လွှတ်တော်အတု ခေါ်၊ အရပ်သားအတု အစိုးရအတု ဖွဲ့ပြီး ပြည်တွင်းပြည်ပမှာ လူရာဝင်ချင်သေးသတဲ့။ လုံးလုံး အရှက်မဲ့တဲ့ ဖက်ဆစ်တွေပဲ။

လူထုခေါင်းဆောင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက “သံမဏိ နှင်းဆီ” လို့ ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။

ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ “နှင်းဆီလှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ။

နှင်းဆီလှုပ်ရှားမှု၊ ပန်းသပိတ်။ ဒီလူထုတိုက်ပွဲလှုပ်ရှားမှုနည်းနာကို အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နားလည်သဘောပေါက်ကြပြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီပန်းများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်မယ်။ ပန်ဆင်ကြမယ်။ အလှပန်းအိုး ထိုးမယ်။ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်။ အွန်လိုင်းပေါ် ဓာတ်ပုံတင်ကြမယ်။ မြေပြင်လူထုလှုပ်ရှားမှုတွေကိုလည်း နှင်းဆီပန်းတွေ ကိုင်ဆောင်ကာ (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။

အတိုချုပ်ပြောရရင်တော့ လာမယ့် ဇွန် ၁၉ အမေစုမွေးနေ့မှာ ကျနော်တို့ ပြည်တွင်းပြည်ပ ပြည်သူလူထုတရပ်လုံးအနေနဲ့ “နှင်းဆီလှုပ်ရှားမှုကြီး” မိမိတို့ အဆင်ပြေသလို ဉာဏ်ကွန့်မြူးကာ အွန်လိုင်းကော မြေပြင်မှာပါ ဉာဏ်နဲ့ယှဉ်ပြီး နည်းနာပုံစံမျိုးစုံနဲ့ ဖော်ဆောင် ဆင်နွှဲကြပါမယ်ခင်ဗျာ။

ပြည်သူလူထုရဲ့ ဒီ“နှင်းဆီလှုပ်ရှားမှုကြီး” ကနေ စစ်အုပ်စုနဲ့တကွ တကမ္ဘာလုံးကို အသိပေးလိုက်တဲ့ တောင်းဆိုဖော်ပြချက်ကြီး (၃) ချက် ရှိပါတယ်။ ဒီသုံးချက်ကတော့-

(၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန် တောင်းဆိုသည်။

(၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။

(၃) မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြသည်။

လက်ရှိ ကျနော်တို့ ဖော်ဆောင်နေဆဲဖြစ်တဲ့ Proof of Life လှုပ်ရှားမှုကိုလည်း ဒီနှင်းဆီလှုပ်ရှားမှုကြီးနဲ့အတူ ဆက်လက် ဖော်ဆောင်သွားကြမှာဖြစ်ပါတယ်။ Proof of Life လှုပ်ရှားမှုကတော့ အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ လှုပ်ရှားမှုရဲ့ တောင်းဆိုချက် မရမချင်း ဆက်လက်ဆင်နွှဲသွားကြဖို့လည်း ဖြစ်ပါတယ်။ အလားတူပဲ (၈၁) နှစ်ပြည့်မွေးနေ့ဖြစ်တာနဲ့အညီ ကိန်းဂဏန်း (၈၁) ကို အစွဲပြု ဖော်ဆောင်တဲ့ လှုပ်ရှားမှုများလည်း ဉာဏ်ရှိသလို ကွန့်မြူးဖော်ဆောင်သွားကြမှာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက်ဟာ အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာ၊ ဉာဏ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိပါဘူး။ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ယနေ့ မြန်မာပြည် လူမှုစီးပွါး အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းပို့တဲ့ အဓမ္မ ပေါ်တာဆွဲနေတာ အလယ်၊ အပေါဆုံးက မူးယစ်ဆေး ဖြစ်လာတာအဆုံး၊ တိုင်းပြည်မှာ အကောင်းဆိုလို့ ဘာမှမရှိတော့ပါဘူး။

ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် အနာဂတ် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်ရဲ့ အညွှန့်ထွက်စ၊ အရှိန်ရစ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုလေးကို သင်းသပ်ချလိုက်တာပဲ။

အာဏာရှင်စနစ်ဟာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နိုင်ငံဝန်ထမ်းများနဲ့တကွ အစစ်အမှန် ပြည်ခိုင်ဖြိုးပါတီဝင်ထုအပါအဝင် တိုင်းသူပြည်သားအားလုံးအတွက် ရေတိုကော ရေရှည်မှာပါ ဘာကောင်းကျိုးမှ မပြုပါဘူး။ ဒီအာဏာရှင်စနစ်လက်အောက်မှာ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစု၊ ဒင်းတို့မိသားစု ဆွေမျိုးတစု၊ နီးစပ်ရာလူတစုပဲ ပိုပိုပြီး ကျိကျိတက် ချမ်းသာလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုန့်ပြန်” ကြမယ်ဆိုတဲ့ ဇွဲနဘဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) နှင်းဆီလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။

ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။

#ကြောက်ခေတ်ကို_မှောက်ပစ်





အရေးတော်ပုံ အောင်ရမည်။

14/06/2026

UAE Preorder Closed - June 19 ပါ။ Order အရေအတွက် 30 မှာ 15 လုံးပဲ ကျန်ပါတော့တယ် လက်သွက်မှ ရမယ်နော်
Price - 480Aed

SHE smart watch တစ်လုံးရှိရုံနဲ့ Android & IOS 2မျိုးလုံး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

အမေစုရဲ့ Wallpaper 6 ပုံက နာရီအလုံးတိုင်းမှာ ပါရှိပါတယ်။

Black Colour မှလွဲ၍ ကျန်တဲ့ strap အားလုံး leather ဖြစ်ပါတယ်။

Strap တစ်ခုစီတိုင်းမှာ တန်ဖိုးရှိတဲ့ creation တစ်မျိုးစီ ပါဝင်ပါတယ်။

Case back မှာ Limited Edition Serial Numberတွေကို ထွင်းထားပေးပါတယ်။

ရေစိုခံ ဖြစ်ပါတယ်။

2140mAh polymer Battery ဖြစ်ပြီး Battey အား 6 ရက် 7 ရက်ခံပါတယ်။

Bluetooth call ကို watch နဲ့ပြောလို့ရပါတယ်။

Basic function တွေဖြစ်တဲ့
Weather
Sleep
Heart rate
Blood oxygen
Blood pressure
Alarm clock
Sedentary reminder
Alarm clock reminder
Music control
Remote control
Photo
Message
Mobile phone
အားလုံး SHE မှာ ပါဝင်ပါတယ်။

Photography-Revography Team
Product owner- Ja Kuu



Photos from The Hero's Savior's post 13/06/2026

81 Tribute Collection
SHE Brand Watch (IOS & Android )
SHE is not just about smart watch. SHE combines creation and utility.
SHE have invaluable History and Creation.
Which Strap will you get?
Which Number will you get?

Size :42mm
Thickness : 9.60mm
Brand width : 20*20mm
Case material : Kirstie+PC
Waterproof level : IP68
Bluetooth distance : 5- - 7 days (depending on the usage senario)
CPU : AB5691
RAM : 578KB
ROM : 640KB
Accelerometer : STK8321
Bluetooth : BLE5.3
Display : 1.32” 466*466 Amoled Display
Physical button : 2 pieces
Touch : Full screen touch

Product owner and Creation - Ja Kuu
Photography- Revography Team



12/06/2026

Dreams Rescue Team ရဲ့ "မေတ္တာဖြင့်ဆက်သွယ် လူ့အသက်ကယ်" ကမ်ပိန်းကို SCF platform မှာ လုံခြုံစိတ်ချစွာ ထောက်ပို့လိုက်ပါ။

🌿👉 springcrowdfund.org/c/TwVOdh

ကမ်ပိန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်

"မေတ္တာဖြင့်ဆက်သွယ် လူ့အသက်ကယ်" ဆိုတဲ့အတိုင်း... ကျွန်တော်တို့ Dreams Rescue Team ရဲ့ အဓိကရင်ဆိုင်နေရတဲ့ ဆက်သွယ်ရေးအခက်အခဲတွေကို အတူတူကျော်ဖြတ်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ ဒီ Campaign လေးကို စတင်လိုက်ရခြင်း ဖြစ်ပါတယ်။

ဒီကမ်ပိန်းကနေတစ်ဆင့် ကျွန်တော်တို့အဖွဲ့အတွက် အရေးတကြီးလိုအပ်နေတဲ့ Starlink စနစ်၊ လူနာတင်ကားပြုပြင်စရိတ်၊ ဆေးဝါးနဲ့ ရိက္ခာတွေကို ဖြည့်တင်းသွားမှာပါ။

▪️ Mini Starlink က ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ။

ရှေ့တန်းနဲ့ နောက်တန်း စနစ်တကျ ချိတ်ဆက်နိုင်ဖို့တင်မကဘဲ ရဲဘော်တွေရဲ့ အသိပညာ၊အတတ်ပညာများ တိုးတက်လာအောင် လေ့လာနိုင်ရေးအတွက်ပါ ဒီစနစ်က မရှိမဖြစ် လိုအပ်နေလို့ပါ။

Mini Starlink ကို လူနာတင်ကားတွေ၊ စခန်းတွေမှာ တပ်ဆင်ထားခြင်းအားဖြင့် အရေးပေါ်လူနာနဲ့ကြုံရချိန်မှာ မိမိတို့မကျွမ်းကျင်တဲ့ ဆေးဝါးကုသမှုပိုင်းတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ညွှန်ကြားချက်အတိုင်း ချက်ချင်းအသက်ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Dreams Rescue Team ဟာ အသက် ၁၈၊ ၁၉ နှစ်အရွယ် လူငယ်လေးတွေနဲ့ အဓိကဖွဲ့စည်းထားတာပါ။ ဒါကြောင့် နောက်တန်းအားလပ်ချိန်တွေမှာ အွန်လိုင်းကတစ်ဆင့် (Online Classes၊ ဆေးဝါးပညာရပ်) အသိပညာ၊ အတတ်ပညာတွေကို ဆက်လက်လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ပညာရေးဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တွေထဲက တစ်ခုလို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်။

▪️ ကားပြုပြင်စရိတ်

ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့တပြေးညီ လျင်လျင်မြန်မြန် လည်ပတ်နိုင်ဖို့ဆိုရင် လူနာတွေ၊ ရိက္ခာနဲ့ ဆေးဝါးတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ကယ်ဆယ်ရေးကားတွေ ကောင်းမွန်နေဖို့ လိုအပ်တာကြောင့် ကားပြုပြင်ထိန်းသိမ်းစရိတ်ကလည်း အင်မတန် အရေးကြီးနေပါတယ်။

▪️ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများ

ရှေ့တန်းက ရဲဘော်တွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အထိရောက်ဆုံး လုပ်ဆောင်နိုင်ဖို့ ဆေးဝါးက အဓိကအသက်သွေးကြောပါ။ အဓိကအားဖြင့် အရေးပေါ် ရှေးဦးသူနာပြုစုခြင်း (First Aid) ပစ္စည်းတွေ ဝယ်ယူဖို့ ရည်ရွယ်ထားပါတယ်။

▪️ ရိက္ခာဖြည့်တင်းခြင်း

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ရှေ့တန်းရော နောက်တန်းပါ အင်အားပြည့်ပြည့်ဝဝနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ရိက္ခာတွေကို ဖြည့်တင်းသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့... မိဘပြည်သူများအနေနဲ့ SCF နဲ့အတူ ပူးပေါင်းပါဝင် ကူညီထောက်ပံ့ပေးကြပါဦးလို့ လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူလူထုနဲ့အတူ လက်တွဲပြီး မြေပြင်ဒေသများမှ ပြည်သူတွေ၊ ရဲဘော်တွေရဲ့ အသက်ခန္ဓာကို အတူတူ ဝိုင်းဝန်းကယ်ဆယ်ကြရအောင်ပါခင်ဗျာ။

''ပြည်သူ့အားဖြင့် အသက်ကယ်မည်''

Dreams Rescue Team


#မေတ္တာဖြင့်ဆက်သွယ်လူ့အသက်ကယ်

12/06/2026

📣 Singapore မှ ဒိုနာများအတွက်သတင်းကောင်း

📌ဆန်အိတ်ကူရင်းလက်ဆောင်ပြန်ယူပါခင်ဗျာ

Singapore နိုင်ငံရှိ နွေဦးစုဘူး အဖွဲ့ မှ ကျွန်တော်တို့စစ်ကြောင်း
(ရန်ကုန်ဗျူဟာ-၁ စစ်ကြောင်း) တွင်လက်ရှိပြုလုပ်နေတဲ့
"ဆန်အိတ် ၁,၀၀၀"ကမ်ပိန်း တွင်အသုံးပြုနိုင်ရန်ဆိုပြီး
Picaso Design ဖြင့်ပြုလုပ်ထားတဲ့ ကျွန်တော်တို့ရဲ့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံရိုက်နှိပ်ထားတဲ့လက်ဆွဲအိတ် အလုံး(20) ကိုပေးအပ်ထားပါတယ်ခင်ဗျာ
ဒီထုတ်ကုန်လေးတွေကို ပြည်သူလူထုကိုပြန်ပေးအပ်နိုင်ဖို့
အစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ် 💁

အစီအစဉ်ကတော့ ကံစမ်းမဲအစီအစဉ်ဖြစ်ပါတယ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏
(81) နှစ်မြောက်မွေးနေ့ကိုဂုဏ်ပြုခြင်းအားဖြင့်
မဲ (81)စောင် စုဆောင်းပြီး ဇွန်လ (19)ရက်နေ့
ည 7:30 pm တွင် ကံစမ်းမဲများဖောက်ပေးပြီး
ဒီထုတ်ကုန်တွေကိုပေးအပ်သွားမှာဖြစ်ပါတယ်ခင်ဗျ
ဒီထုတ်ကုန်တွေပိုင်ဆိုင်နိုင်မယ့် ဒီအစီအစဉ်မှာ
ပါ၀င်နိုင်ဖို့ ကျွန်တော်တို့ရဲ့ "ဆန်အိတ် ၁,၀၀၀" ကမ်ပိန်းမှာ
ဆန်(1)အိတ်စာကူပြီး ကံစမ်းမဲ(1)စောင် ရယူလိုက်ပါခင်ဗျ
မိမိတတ်နိုင်သလောက်ဆန်အိတ်အရေအတွက်လိုက်
ပါ၀င်ပြီးမဲလက်မှတ်များစွာကိုရယူနိုင်ပြီး ရဲဘော်တွေရဲ့
ရိက္ခာလိုအပ်ချက်များကိုဖြည့်တင်းပြီး လက်ဆောင်များ
ရယူနိုင်ကြပါစေခင်ဗျာ

📌 PDF Brothers Page Chat Box မှာ ဆန်အိတ်အတွက်
ထောက်ပို့ပြီး Suu_81 လို့ရေးပေးခဲ့ပါခင်ဗျ💁

📣 Transportation Cargo Fee အဆမတန်ကြီးတာမို့
အခြားနိုင်ငံများသို့ပို့ဆောင်ရန်ခက်ခဲတာကြောင့်
Singapore နိုင်ငံရှိ ထောက်ပို့ပြည်သူများအတွက်သာ
ရည်ရွယ်လိုက်တာကိုလည်း နားလည်ခွင့်လွှတ်ပေးကြပါဗျ

Singapore နိုင်ငံတွင်မဟုတ်သော်လည်း
အမှတ်တရအနေဖြင့်ပါ၀င်ချင်လည်း ရပြီး၊
လူကြုံသယ်ပေးနိုင်မယ့်သူရှိရင်လည်းအဆင်ပြေတာမို့
Page Messenger မှာသာ စာလေးပို့လိုက်ပါခင်ဗျာ💁

#ဆန်တစ်အိတ်မဲတစ်စောင်
#ရန်ကုန်ဗျူဟာစစ်ကြောင်း၁
#ဆန်အိတ်၁၀၀၀
#ရိက္ခာကမ်ပိန်း

10/06/2026

"ဆန်အိတ်၁,၀၀၀" ရိက္ခာကမ်ပိန်းကာလ
ရက်ထပ်တိုးထားပါသည်။

ပြီးခဲ့တဲ့လ May(8) မှ June(8) အထိ တစ်လအတွင်းမှာ
မိဘပြည်သူတွေရဲ့ပါ၀င်ထောက်ပံ့မှုကြောင့် "ဆန်အိတ် ၁,၀၀၀"
ရိက္ခာကမ်ပိန်းမှာရဲဘော်တွေအတွက် ဆန်အိတ် (370) ကျော်
ရရှိထားပါပြီ။သို့ပေမယ့်လည်းလိုအပ်ချက်ပြည့်မှီရန် အင်မတန်
အရေးကြီးတာမို့ ကမ်ပိန်းကာလကို June(9) မှ July(9) ထိ
နောက်ထပ်(1) လ ထပ်တိုး၍ လိုအပ်ချက်ဖြည့်တင်းရန်
ကြိုးစားရပါအုန်းမယ်ခင်ဗျာ။

📌ရိက္ခာဟာ စစ်လက်နက်ခဲယမ်းထက်အရေးမကြီးဘူးဟု
မသတ်မှတ်ပါနဲ့။စားနပ်ရိက္ခာဆိုတာ လေ့ကျင့်ရေး၊
စစ်ဆင်ရေးနှင့်တပ်စုဖွဲ့မှုရဲ့အဓိကအသက်သွေးကြောတစ်ခုပါ။

📌ဆန်အိတ် ၁,၀၀၀ ဟူသောပမာဏကြောင့် မိမိပါ၀င်မှုဖြင့်
မလုံလောက်နိုင်ဘူးဟုမသတ်မှတ်ပါနဲ့။ဆန်တစ်အိတ်ဖြစ်စေ၊
ဆန်တစ်ပြည်ဖြစ်စေ မိမိတတ်နိုင်သလောက်ပါ၀င်ခြင်းကိုသာ
ကျွန်တော်တို့လိုအပ်တာပါ။

ရိက္ခာလုံလောက်စွာရှိခြင်း/မရှိခြင်းက တပ်ဖွဲ့၀င် ရဲဘော်၊
ခေါင်းဆောင်ငယ်တွေနဲ့ တပ်မှူးတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေး
ဆိုင်ရာကိုအကျိုးသက်ရောက်မှုရှိစေတာမို့ ရိက္ခာကမ်ပိန်း
တစ်ခုဟုမသတ်မှတ်ပဲ လိုအပ်ချက်တစ်ခုအနေဖြင့်
သတ်မှတ်ပြီး ကိုယ်တတ်နိုင်သလောက်ပါ၀င်ပေးကြဖို့
အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာ။

အောက်ပါ Page တွေကနေ ၀င်ရောက်
ထောက်ပံ့ပေးလို့ရပါတယ်ခင်ဗျ

📌 PDF Brothers
(စစ်ကြောင်း၏တရား၀င် page)

📌 The Hero's Savior

📌 Gurkha Movement for Democracy

📌 MBG women and children protection network

📌 Spring CrowdFund - နွေဦးလူထုရန်ပုံငွေ
https://springcrowdfund.org/c/cz6KTU

#ရန်ကုန်ဗျူဟာစစ်ကြောင်း၁
#ဆန်အိတ်၁၀၀၀
#ရိက္ခာကမ်ပိန်း

Want your business to be the top-listed Government Service in Singapore?

Click here to claim your Sponsored Listing.

Location

Category

Address


Singapore