16/06/2026
အဲ့တုန်းက
ကမ္ဘာမှာလူဦးရေ ဘယ်လောက်ရှိလဲ
ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး
သူ့စိတ်ထဲလူဘယ်နယောက် ရှိလဲကိုပဲ
ကျွန်တော်ဂရုစိုက်ခဲ့ပါတယ် ။ ။
#ဂန္ဓမာ (၂၀၁၇ )
တစ်နေ့ နေ့ပေါ့.....
16/06/2026
အဲ့တုန်းက
ကမ္ဘာမှာလူဦးရေ ဘယ်လောက်ရှိလဲ
ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး
သူ့စိတ်ထဲလူဘယ်နယောက် ရှိလဲကိုပဲ
ကျွန်တော်ဂရုစိုက်ခဲ့ပါတယ် ။ ။
#ဂန္ဓမာ (၂၀၁၇ )
15/06/2026
စောင့်နိုင်ရင် စောင့်ပေါ့လို့ မင်းပြောခဲ့လို့
ငါစောင့်ခဲ့ပါတယ်။
ဒါဟာရေခဲကို နေလှမ်းပြီး
ရေခဲခြောက်ဖြစ်လာမလားလို့
မျှော်လင့်ခဲ့ဘူးတဲ့ ကလေးတစ်ယောက်လိုပေါ့
-လင်းချမ်းလွန်း
14/06/2026
“မင်းနဲ့ကိုယ်ပဲ သိတဲ့ကမ္ဘာ”
မိုးမရွာခင်က လေညှင်းလေးလို
မင်းပြုံးတိုင်း ကိုယ့်စိတ်မှာ လာလာငြိတယ်။
လမ်းပေါ်က လူသန်းပေါင်းများစွာထဲ
မင်းကိုယ်သင်းရနံ့လေးပဲ ကိုယ်ရနေတယ်။
ကော်ဖီတစ်ခွက်ကို အတူသောက်ရင်း
ခွက်အောက်ခြေက နက်ရှိုင်းတဲ့
အချစ်တွေဆီ အတူသွားကြမယ်။
သံစဉ်လေးတွေမကြားရရင်
နှလုံးခုန်သံနဲ့ နီးကပ်ရာအရပ်ဆီ၊
မြန်မာဝတ်စုံလေးဖျားနာနေခဲ့ရင်
အဝါရောင်ဂါဝန်လေးရှိနေလိမ့်မယ်။
ဒီလိုပဲပေါ့အချစ်ရယ်
မျက်မှန်လေးပင့်တင်လိုက်ရင်
နှလုံးသားဟာ ဂျင်ကစားတယ်၊
ဘားခိုတယ် ၊ ဒိုက်ထိုးတယ်။
မင်းနဲ့ကိုယ်ပဲ ဒီကမ္ဘာမှာ
အကြိုက်ဆိုးမယ်၊
မောင်တစ်ထမ်းနဲ့ မယ့်ကိုကုန်းပိုးပါ့မယ်။
- သွယ်မြိတ်
13/06/2026
မင်းကတော့ အမျှဝေပါတယ်
ကိုယ်တိုင်က မကျွတ်လွတ်ချင်သေးလို့
နှုတ်ဆိတ်နေမိတာ ။
-ခွန်းညိုသွေး
-အထပ်ထပ်အခါခါ
11/06/2026
အချစ်သည် ကောက်ကွေ့စွာ လာ၍
ဖြောင့်တန်းစွာ ပြန်လေသည်။
- စောကြည်ဖြူ
10/06/2026
သူ့ဘယ်ဘက် ရင်အုံပေါ်
ချစ်သူ့နာမည် စုတ်နဲ့ပေါက်မလို့ဆိုပဲ
ကောင်လေး မင်းလို ယုံကြည်မှုမျိုး
ငါတစ်ခါတစ်ခါ မှတ်မိသလိုပဲ
-ကိုသန်းထွန်း
19/05/2026
ငါ့ညီရေ ဒီတစ်ခေါက်တော့
ကော်ဖီတခွက်ပဲချကွာ
မင်းအစ်မက အစ်ကို့ကို
စိတ်ဆိုးနေပုံရတယ်
"တစ်သက်လုံး ဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး''တဲ့ ။
-အလင်းသင်
18/05/2026
ဝမ်းသာစရာပါပဲ
မင်းလည်းမင်းချစ်ရတဲ့သူကို
ရှာတွေ့သွားခဲ့ပြီ
ကိုယ်လည်း ဝဋ်ကျွတ်သွားပြီ
ဒီသံသရာတော့ ကိုယ်တို့
တကယ်ဝေးခဲ့ပြီ။
- အင်ဂို
17/05/2026
ခေတ်ပျက်ကြီးဆိုတော့
သံယောဇဥ်သမားတွေ
အကျအဆုံး များပါတယ် ။
- ကောက်ကွေ့